Social Icons

Pages

Featured Posts

Wednesday, October 9, 2013

မေးခိုင်ရောဂါ

မေးခိုင်ရောဂါဟူသည် >(Clostridium tetani) ခေါ် ရောဂါပိုးကြောင့် ဖြစ်ပွားရ၏။ ဤရောဂါပိုးသည် လူသားတို့၏မစင်နှင့် တိရစ္ဆာန်များ၏မစင်၌ ပါရှိတတ်သည်။ ရောဂါပိုးများသည် စိုက်ပျိုးရေးပြုလုပ်ထားသော မြေကြီးထဲတွင် ပေါများ၍ လူသားတို့တွင် သံစူးခြင်း၊ ဆူးစူးခြင်းစသည့် ဘာမဟုတ်သည့် ဒဏ်ရာလေးများမှတဆင့် အသားထဲသို့ရောက်ရှိသွားတတ်သည်။

သန့်ရှင်းမှုမရှိသော ဒေသတွင် ဤရောဂါရတတ်ပါသည်။ မွေးစကလေး၏ ချက်ကြိုးကိုရောဂါပိုးပါသော ဆေးမှုန့်များထည့်မိပါက ကလေးတွင်ရောဂါရတတ်သည်။ သာမန်အားဖြင့် ပြင်ပမြေကြီးတွင် ရောဂါပိုးများသည် ပိုးဥအသွင်ပြောင်းပြီး နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လျှက်ရှိတတ်ကြသည်။ ထိုပိုးဥကလေးများသည် လူသားတို့၏ အသားထဲသို့ ရောက်ရှိသွားသောအခါ အကောင်များပေါက်ဖွားပြီး အဆိပ်ရည်ကိုထုတ်လုပ်ကြသည်။ ထိုအဆိပ်ရည်က အာရုံကြောများကို ဒုက္ခပေးလေ့ရှိကြသည်။ ထိုကဲ့သို့ဖြစ်လျှင် အဓိကလက္ခဏာများမှာ တစ်ကိုယ်လုံးတောင့်တင်းပြီး ၀က်ရူးပြန်သလို တက်တတ်ခြင်းဖြစ်တတ်ပါသည်။ ရောဂါပိုးဝင်ပြီး (2) ရက်မှ ရက်သတ္တပတ်များစွာကြာမှ ရောဂါလက္ခဏာစတင်ဖြစ်ပေးတတ်သည်။ ထိခိုက်ဒဏ်ရာရ ပြီးခြင်း ရက်အနည်းငယ်အတွင်း ရောဂါလက္ခဏာပေါ်ပါက အန္တရာယ်ပိုပြီးပြုတတ်ပါသည်။ ထို့ကြောင့် ဒဏ်ရာရလျှင် ရခြင်း မေးခိုင်ကာကွယ်ဆေးကို နီးစပ်ရာဆေးခန်းတွင် သွားရောက်ထိုးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

Tuesday, October 8, 2013

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် အောင်ဆန်းဟု အမည်သတ်မှတ်

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ် မြောက်ရေးအဖွဲ့က ရုပ်ရှင်ဇာတ်ကားအမည်ကို 'အောင်ဆန်း'ဟု သတ်မှတ်အတည်ပြုလိုက် ကြောင်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးမင်း ထင်ကိုကိုကြီးက ပြည်ထောင်စုနေ့စဉ်သို့ပြော သည်။



 ယမန်နေ့က နေပြည်တော်တွင် ပြုလုပ် သော ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားနှင့်ပတ်သက်သော ဆွေးနွေးပွဲတွင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းထင် ကိုကိုကြီး၊ ဦးဝိုင်း၊ ဦးဝေဠုကျော်၊ ဒေါ်အိအိ ခိုင်၊ဒေါ်ကြည်ဖြူသျှင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးနောက် ဇာတ်ကားအမည်ကို အတည်ပြုနိုင် ခဲ့ခြင်းဖြစ်သည်။

ဇာတ်ကားထုတ်လုပ်ရေးအတွက် ၂ဝ၁၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံနှင့်အင်္ဂလန် နိုင်ငံတို့မှ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများနှင့် ဆက်သွယ်၍တာဝန်ယူထုတ်လုပ်မည့် ကုမ္ပဏီ အားအပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်တွင် ဗိုလ်ချုပ်အောင်ဆန်းနေရာ၌ အဓိကပါဝင်သရုပ် ဆောင်မည့် ကျော်ကျော်မျိုးနှင့်ဗိုလ်ချုပ်အောင် ဆန်း၏ဇနီးဒေါ်ခင်ကြည်နေရာတွင်ပါဝင်သရုပ် ဆောင်မည့်ဇာခြည်လင်းတို့အားစခန်းသွင်းလေ့ကျင့် ပေးရန်အတွက်ခေါ်ယူထားပြီးဖြစ်ကြောင်းသိရ သည်။

''ဟုတ်ပါတယ်။ ကျွန်တော်တို့အောင်ဆန်း ဆိုတဲ့အမည်ကိုရွေးလိုက်ပါတယ်။ ပြန်ကြည့်မယ် ဆိုရင် ထိန်လင်း၊ ထိန်လင်းပြီးတော့ အောင်ဆန်း၊ အောင်ဆန်းပြီးတော့ သခင်အောင်ဆန်း၊သခင် အောင်ဆန်းပြီးတော့ဗိုလ်တေဇ၊ ဗိုလ်တေဇပြီး တော့ ဦးအောင်ဆန်းဆိုပြီးရှိခဲ့တယ်။ နိုင်ငံရေး လှုပ်ရှားမှုအရ၊ အသက်အရွယ်အရ ရှေ့ကနာမည် တွေကအမျိုးမျိုးပြောင်းခဲ့တယ်ပေါ့နော်။ မပြောင်း တာက အောင်ဆန်းဆိုတဲ့ဟာပဲလေ။ အဲဒါ ကြောင့် သူ့ရဲ့အတ္ထုပ္ပတ္တိကို အခြေခံတဲ့ရုပ်ရှင် အဖြစ် နှစ်နာရီခွဲစာ၊ သုံးနာရီစာလောက် ရိုက် မယ်ဆိုတော့ အောင်ဆန်းဆိုတဲ့နာမည်အပြင် အခြားနာမည်ကိုစဉ်းစားလို့မရဘူး။ ဒီအောင်ဆန်း ဆိုတဲ့နာမည်ကသာ အခြားနာမည်တွေထက်ပိုပြီး သင့်တော်မယ်လို့ ယုံကြည်တယ်လေ။ အထူး သဖြင့်ကိုယ်ကလဲ အဲဒီအောင်ဆန်းဆိုတဲ့နာမည် ကိုတော်တော်သဘောကျတယ်။ ဒေါ်အောင်ဆန်း စုကြည်ကလဲ သဘောတူတယ်။ အဲဒါကြောင့် အောင်ဆန်းဆိုတဲ့နာမည်ဖြစ်သွားတာပါ။ ရုပ်ရှင် ဇာတ်ကားနာမည်အကြောင်းက ခုမှဆွေးနွေးဖြစ်ခဲ့ တာပါ''ဟု ဦးမင်းထင်ကိုကိုကြီးကပြောသည်။

ကမ္ဘာကျော်သမိုင်းဝင်ပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိ နှင့် ဘဝအစိတ်အပိုင်းများကို ရုပ်ရှင်အဖြစ် ပြန် လည်ရိုက်ကူးရာတွင် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အမည်များကို ဇာတ်ကားအမည်ဖြင့်တိုက်ရိုက် ပြန်လည်အသုံးပြုခြင်းများရှိခဲ့ပြီး အမေရိကန် သမ္မတဟောင်းလင်ကွန်း၏အကြောင်းကိုရိုက်ကူး ခဲ့သည့်လင်ကွန်းဇာတ်ကား၊ အိန္ဒိယခေါင်းဆောင် ဂန္ဒီအကြောင်းရိုက်ကူးထားသည့် ဂန္ဒီဇာတ်ကား နှင့်လက်တင်အမေရိက တော်လှန်ရေးခေါင်း ဆောင်ချီဂွေဗားရားအကြောင်းရိုက်ကူးထားသည့် ချီဇာတ်ကားတို့မှာအောင်မြင်မှုများရရှိခဲ့ကြသည်။

ဆုဟမ် - The Union Daily

Thit Htoo Lwin - News

Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း

ဒါလေးကတော့ အားလုံးနီးပါးသိပြီးသားဖြစ်နေပါပြီ။ ဒါပေမဲ့လည်း ယနေ့မှဖုန်းကိုင်/ ယနေ့ မှအင်တာနက်သုံး
ရသူတွေအများကြီး ရှိနေပါတယ်။ ဒါကြောင့်ကျွန်တော့်ထက်ပိုပြီး တုန်းတဲ့သူတွေ အင်တာနက်ကြည့်ရင်း/
သွားရင်းလာရင်း ခလုတ်တက်တိုက်ရင်တွေ့သွားအောင်ဆိုပြီး ရေးလိုက်ရတာပါ...
 
အရင်ဆုံး ဒီနေရာမှာ နှိပ်လိုက်ပါ။



http://adf.ly/NUprJ ကိုဝင်လိုက်ပါ။ မရရင် {ဒီမှာကလစ်} ပါ။


ပြီးတာနဲ့  Get Started Now ကိုနှိပ်ပါ။
Facebook အကောင့်ဖွင့်ထားရင်တော့ နောက်တစ်ဆင့်သွားပါ။ မဖွင့်ရသေးရင် ၀င်လိုက်ပါ။
Log in with Facebook ကိုကလစ်လိုက်ပါ။
Click here to continue  ကိုကလစ်လိုက်ပါ။
Register a Blog ကိုကလစ်ပါ။
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့နေရာမှာ သင့်ရဲ့ Blogger link ကိုထည့်ပါ။( ဥပမာ - http://techinblogging.blogspot.com ) ပြီးရင် Next ကိုကလစ်ပါ။
အကုန်ဖြည့်ပါ။ Terms of service* ရဲ့ညာဘက်က box ကိုအမှန်ခြစ်ပေးခဲ့ပါ။ Language* မှာ English လို့ပေးပါ။ ပြီးတာနဲ့ Next ကိုကလစ်ပါ။
Yes ကိုကလစ်လိုက်ပါ။
မေးလ်ဝင်လာတာနဲ့ အိုခေပါပြီ။ ကဲ။ ဆက်ဖတ်ရအောင်။
Blogger Dashboard ကိုကလစ်လိုက်ပါ။
Syndication ကိုကလစ်လိုက်ပါ။

Grant Permissons ကိုကလစ်ပါ။
New window အနေနဲ့ ပေါ်လာလိမ့်မယ်။ Allow ကိုကလစ်ပါဗျာ။
(1) Choose a blog to syndicate ရဲ့အောက်မှာ သင့်ရဲ့ Blog နာမည်ကိုရှာပြီးထည့်လိုက်ပါ။ ကျွန်တော့် ဘလော့နာမည်က Tech in Blogging ပါ ဒါကြောင့် အဲ့ဒါပဲရွေးလိုက်ပါတယ်။

Add Facebook Target ကိုကလစ်ပါဗျာ။
ကျွန်တော်ကတော့ Pyae Phyo ဆိုတဲ့ page မှာပဲ Add လိုက်ပါတယ်ဗျာ။ ပြီးရင် Already added ပြပြီးရင် အောင်မြင်ပြီးဆုံးသွားပါပြီ။ ကျွန်တော့်လိုနလပိန်းတုံးများ နားလည်စေအောင်လို့တင်ပေးတာပါ။
Tech in Blogging ကိုထောက်ပံ့တဲ့အနေနဲ့ credit ပေးပါ။ share ပါဗျာ။

ဘလော့ခရီးသည်မှ ကူးယူပြန်လည်ဝေမျှသည်။

ဒီကင်မရာလေးသုံးကြည့်ပါ Vignette 2012.08.11.apk

သင်တို့ရဲ့ Android ဖုန်းလေးမှာ ဒီကင်မရာလေးသုံးကြည့်ပါလား? အရမ်းလန်းတယ်..လိုချင်ရင် အောက်မှာယူလိုက်/

                                                                        

                                                                           Download

ဖုန်းခေါ်ရင် နာမည်လေးနဲ့ ခေါ်စေချင်သလား? DS Talking Phone 1.1.0.apk ကို သုံးကြစို့

မိတ်ဆွေများခင်ဗျား ... ဒါလေးကတော့ဖုန်းလာရင် နာမည်လေးနဲ့ ခေါ်အောင် လုပ်လို့ရပါတယ်။
Message From call  နေရာမှာလည်း ကိုယ်ကြိုက်တာကို English လိုမှတ်ထားလိုက်ပါ။ ဥပမာ Please Call ဆိုတာမျိုးပေါ့.. ဖုန်းနံပါတ်မှတ်တဲ့နေရာမှာ English လိုမှတ်ရမယ်/ မြန်မာလိုတော့မရဘူးနှော်..
လိုချင်ရင် အောက်မှာယူလိုက်..

                                                                      

                                                                            Download                

ဖုန်းလိုင်းအား နဲနေရင် ဒါလေးလဲသုံးလို့ရတယ်နှော် ★ Boost ★ Signal 5.33.apk

သင်တို့ရဲ့ ဖုန်း ပါဝါဖွင့်တာကြာလို့ပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် လိုင်း Signal မတက်ဖူးဆိုရင် ဒါလေးသုံးကြည့်ပါလား?



လိုချင်ရင်အောက်မှာယူလိုက်
                                              Download
                                                  
                                                

Saturday, October 5, 2013

မိုဘိုင်းလ် ဖုန်းမှ တိုက်ရိုက်နားဆင်ရန်

အမေရိကန် ပြည်ထောင်စု မှာရှိကြတဲ့ သောတရှင်တွေအတွက် RFA က Audio Now နဲ့ ပူးပေါင်းပြီး၊ မိမိရဲ့မိုဘိုင်းလ် ဆဲလ်ဖုန်းမှတဆင့် မြန်မာပိုင်း အသံလွှင့်အစီအစဉ်တွေကို နားဆင်နိုင်ဖို့ စီမံထားပါတယ်။  အောက်ပါ အချက်တွေကို သတိပြုစေချင်ပါတယ်။

  • မိုဘိုင်းလ်ဖုန်းသုံးရင် မိမိယူထားတဲ့ ဖုန်းကန်ထရိုက်အရ အခကြေးငွေ ပေးကောင်းပေးရပါမယ်။ RFA စီမံထားတဲ့ အစီအစဉ်က သီးခြားအခငွေ ပေးစရာမလိုပေမယ့် သတ်မှတ်ထားတဲ့ အသုံးပြုခွင့်မိနစ်များ ကျော်လွန်သွားရင် ဖုန်းကုမ္ပဏီက ငွေတောင်းခံပါလိမ့်မယ်။
  • ဒါဟာ toll-free အခမဲ့နံပါတ် မဟုတ်ပါ။ အိမ်ဖုန်းမှခေါ်ရင် ရပ်ဝေးခေါ်ခပေးရပါမယ်။ အမေရိကန်ပြည်ထောင်စု ပြင်ပမှာနေထိုင်သူများအတွက် နိုင်ငံခြားဖုန်းခေါ်ခ ပေးရပါလိမ့်မယ်။
  • Skype အသုံးပြုပြီး နားဆင်ရင်တော့ အချို့လူများ အခငွေ ပေးကောင်းပေးရပါလိမ့်မယ်။

အသံလွှင့်အစီအစဉ် နားဆင်နိုင်ဖို့ 857 232 0060 ကိုခေါ်ပါ။
မှတ်ချက်။     ။အကယ်၍ နားထောင်ရာတွင် အခက်အခဲရှိလျှင် support@audionow.com သို့ (အင်္ဂလိပ်ဘာသာဖြင့်) တိုက်ရိုက်ဆက်သွယ်ပြီး အကြောင်းကြားပါ။
 Rfa