Social Icons

Pages

Thursday, September 5, 2013

ဥက္ကံအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူသုံးဦးကို ပြစ်ဒဏ်အသီးသီးချ

ဧပြီလကဖြစ်ပွားခဲ့သည့် ဥက္ကံမြို့ဆူပူအကြမ်းဖက်မှု တရားခံအမျိုးသားသုံးဦးကို ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၃ ရက်တွင် တရားခံများဖြစ်ကြသည့် စိန်ဟန်၊ ၀င်းသန်းနှင့် ကြည်ခိုင်စိုးတို့သုံးဦးကို တိုက်ကြီးမြို့နယ်တရားရုံးမှ အပြီးသတ်စီရင်ချင်ချကာ အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်နှင့် ခုနစ်နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါအမျိုးသားသုံးဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဧပြီ ၃၀ ရက် နံနက် ၉ နာရီ၌ ဗုဒ္ဓဘာသာကိုရင်တစ်ပါးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးတို့ မတော်တဆထိခိုက်မိရာမှ စတင်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ကြသောကြောင့် ဥက္ကံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခံခဲ့ရသည်။
ထို့ကြောင့် တရားခံစိန်ဟန်ကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၄၀/၃၄ ကို ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် အလုပ်နှင့်ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်စီရင်လိုက်ခြင်းဖြစ်သည်။ အလားတူ တရားခံဝင်းသန်းကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၃၄ စွဲချက်ဖြင့် အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်သည်။
ထို့အပြင် တရားခံကြည်ခိုင်စိုးကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၄၀/၃၄ ကို ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောကြောင့် အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်နှင့် ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၃၄ ကို ကျူးလွန်ခဲ့သောကြောင့် အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
7daynewsjournal.com

မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်

မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်


မောင်တာ
မန္တလေး၊စက်တင်ဘာ-၃၀
အတွဲ (၁၁)၊ အမှတ်(၃၀)
မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောသည်။
ထို့အပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေနှင့်အညီ
အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က စက်တင်ဘာ ၂၈ ရက် လွှတ်တော်အစည်းအဝေးများ အပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပြောကြားသည်။
ဝန်ကြီးချုပ်ဦးရဲမြင့်က “ကျွန်တော်တို့ ရွေးချယ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်မှုတွေ အားလုံးလုပ်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိပုဂ္ဂိုလ်များအား သင်တန်းများ ပေးအပ်ထားပြီး ဖြစ်ပါတယ်။ အားလုံးပြီးပါပြီ။ ကျွန်တော်တို့ Ready ဖြစ်နေပါပြီ”ဟု ရှင်းလင်းပြောကြားသည်။ ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိပြီးဖြစ်သလို မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးချယ်မှုပြုလုပ်ရန် အဆင်သင့်ဖြစ်နေသော်လည်း ဘတ်ဂျက်ကိစ္စ ထည့်သွင်းတွက်ချက်နေ၍ မရွေးချယ်နိုင်သေးဘဲ ဖြစ်နေကြောင်း၊ ဘတ်ဂျက်မရှိသေးဘဲ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ခန့်အပ်တာဝန်ပေးလိုက်လျှင် မလိုလားအပ်သော နည်းလမ်းများဖြင့် ဘတ်ဂျက်ရှာဖွေနိုင်ဖွယ် ရှိသောကြောင့်ဖြစ်ကြောင်း ဦးရဲမြင့်က ထပ်မံရှင်းလင်း ပြောကြားသည်။
၎င်းက “ဒါတွေကို အမြန်ဆုံးလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာလို့မလုပ်သေးလဲဆိုတော့ ကျွန်တော်တို့ တာဝန်ပေးအပ်လိုက်တယ်ဆိုရင် သူတို့အတွက် ချီးမြှင့်ငွေ၊ သတ်မှတ်ထားသော လစဉ်အသုံးစရိတ် ဒါတွေလည်း တစ်ပါးတည်းပေးရမှာ ဖြစ်ပါတယ်။ လစဉ်သတ်မှတ်ထားသော အသုံးစရိတ် မရှိဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ လေ့လာသိရှိပြီးကြတဲ့ အတိုင်းပဲ အခြားသော အစီအစဉ်များနဲ့ ဆောင်ရွက်လာနိုင်ဖွယ်ရှိတဲ့ အနေအထားမျိုးတွေကို တွေ့ကြုံလာနိုင်တဲ့အတွက် အခုဆိုရင်တော့ ဒီလကစပြီး ဘတ်ဂျက်မှာ လျာထားထည့်သွင်း တွက်ချက်ဖို့ ဖြစ်ပါတယ်”ဟု အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။
ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ မမှန်မကန် လုပ်ရပ်များအပေါ် လူထုက မကျေနပ်၍ တိုင်ကြားလာမှုများ မှန်ကန်ကြောင်း စိစစ်တွေ့ရှိချက်အရ တာဝန်မှ ထုတ်ပယ်ပြောင်းလဲမှုများ ရှိခဲ့ကြောင်း ပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း ၂၁၂ ဦးအား ထုတ်ပယ်အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားသည်။
ထို့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ တာဝန်များ ပျက်ကွက်ခြင်းအပေါ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို (၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ အမှတ် ၇)ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ထို့အပြင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၅ ဖြင့်လည်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊
အရည်အချင်း ပျက်ယွင်းခြင်းများအပေါ် အရေးယူဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးအောင်ကျော်မိုးကပြောသည်။
အမရပူရမြို့ ရွှေဂွမ်းထုပ်ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည် ဆိုသည့်အပေါ် ကြိုဆိုကြောင်း၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လုပ်ဆောင်ချက်များသည် ရပ်ရွာအပေါ် အကျိုးသက်ရောက်မှုရှိပြီး အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည်ဆိုလျှင် ရပ်ကွက်အတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်သော စေတနာထားနိုင်သော လူများကို ဒီမိုကရေစီနည်းကျကျ ရွေးချယ်ခန့်ထားရန် လိုအပ်ကြောင်း ပြောသည်။ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေသစ်တွင် အမျိုးသမီးများလည်း အမျိုးသားများနှင့်တန်းတူ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။
7daynewsjourna

ကန့်ဘလူ အကြမ်းဖက်မှု စ စေတဲ့ အဓမ္မကြံစည်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ်

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ သြဂုတ်လ နှောင်းပိုင်းက အိုးအိမ်တွေ၊
စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံခဲ့ရတဲ့ ဘာသာရေး ပဋိပက္ခတွေ အစပြုခဲ့တဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုနဲ့ ဖမ်းဆီးခံထားရသူ ကိုဆန်းမင်းဦးကို ကန့်ဘလူတရားရုံးက ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချမှတ်လိုက်ကြောင်းသိရှိရပါသည်။ယခုအချိန်တွင်ထန်းကုန်းရွာအခြေအနေမှာ တည်ငြိမ်မှုရှိနေပြီး တည်တည်ဒါပေမဲ့ ပုံမှန်အနေအထား၊ သွားတာလာတာတွေကတော့ ပုံမှန်အနေအထားတော့ပြန်ဖြစ်နေပြီ ဒါပေမဲ့ယခင်ကလိုတော့ ညရေးညတာ သွားရေးလာရေး၊ ကတော့ မရှိသလောက်ဖြစ်သွားပြီပေါ့ဗျာ။

Wednesday, September 4, 2013

ကျွန်းစုမြို့နယ်အတွင်း ဘင်္ဂါလီများ သယ်ဆောင်မည့် ကုန်လှေတစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိ


ကျွန်းစုမြို့နယ်အတွင်း ဘင်္ဂါလီများ သယ်ဆောင်မည့် ကုန်လှေတစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိ


Tuesday, 03 September 2013 18:29
AddThis Social Bookmark Button
I-4-9
ပထော်ကျွန်းအနီး ဆိုက်ကပ်ထားသော ဖမ်းဆီးရမိသည့် ငါးဖမ်းလှေနှင့် ရေတပ်စစ်သင်္ဘော ၄၀၃ အား တွေ့ရစဉ်
စက်တင်ဘာလ ၁ ရက်ညတွင် ကျွန်းစုမြို့နယ်အပိုင် ပထော်နှင့် မြိတ်မြို့ရေပြင်ကြားရှိ ငါးဖမ်းလှေ တစ်စင်းအား ရေတပ်စစ်သင်္ဘော ၄၀၃ မှ ဗိုလ်မှူးမျိုးထက်ဝင်း ဦးစီးပြီး စစ်ဆေးရာ လှေပေါ်တွင် ပါလာသော လှေသား ၁၅ ဦးနှင့်အတူ AK-47 သေနတ်တစ်လက်၊ ကျည်ကတ်နှစ်ကတ်၊ ကျည်ဆံ ၂၁ တောင့်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ပထော်ကျွန်း အလွန်နားမှာ မိတာပါ။ ဒီလှေပေါ်မှာ မြန်မာလုပ်သား ၁၂ ဦးပါပြီး စက်ခန်းထဲမှာ ဘင်္ဂါလီသုံးဦး လိုက်ပါလာပါတယ်။ လှေပေါ်မှာ လက်နက်တွေလည်း ပါလာပြီး ကနဦး စစ်ဆေးချက်အရ အဲဒီလှေဟာ ဘင်္ဂါလားဒေ့ရှ်ကို သွားမယ်လို့ ပြောတယ်။ အဲဒီကလူတွေသယ်ပြီး ထိုင်းဘက်ကို သွားမယ်လို့ တွက်ဆိုတယ်" ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။
ယခု ဖမ်းဆီးရမိခဲ့သော ကုန်လှေမှာ ကောင်းမြတ်ဟင်္သာအမည်ရှိ လှေဖြစ်ပြီး ရေယာဉ်လိုင်စင်မှာ ဧပြီလတွင် ကုန်ဆုံးနေပြီး စက်နှင့်စက်လိုင်စင်ပါ အချက်အလက်များ ကွဲလွဲမှု ဖြစ်နေသောကြောင့် အသေးစိတ် ထပ်မံစစ်ဆေးခဲ့ရာ စက်ခန်းအတွင်း ပုန်းအောင်းနေသော ဘင်္ဂါလီသုံးဦးကို လက်နက်၊ ကျည်ဆံများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲ့နင်းဦးမောင်ထွန်းနှင့် ဘင်္ဂါလီသုံးဦးအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀၀ ဖြင့် သွားရောက်တင်ဆောင်ရန်ရှိကြောင်း မြန်မာ့ရေပိုင်နက်အား ဖြတ်သန်းကာ ထိုင်းနိုင်ငံရှိ ရှမ်းကျွန်းမဲသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း လှေပိုင်ရှင်ဖြစ်သူ ဦးနိုင်စိုက်ချမ်းမှ AK-47 သေနတ်တစ်လက်၊ ကျည်ကဒ်နှစ်ကဒ်၊ ကျည် ၂၁ တောင့် ပေးအပ်ခဲ့ကာ မြိတ်မြို့သို့အ၀င်တွင် သက်ဆိုင်ရာဌာနများသို့ ကမ်းဝေးရေပြင်ရှိ ငါးလှေများကို ရိက္ခာပို့ရန်နှင့် ငါးကဲ့ရန်ဟု သတင်းပို့ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ဖမ်းဆီးရမိထားသော လှေသားများကို စစ်ဆေးနေစဉ် ဦးနိုင်စိုက်ချမ်း၏ တပည့်ဖြစ်သူ မိုးပျံဆိုသူမှ စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ရေယာဉ်သို့ ရောက်ရှိလာပြီး ထိန်းသိမ်းထားသော ကုန်လှေအား လွှတ်ပေးရန် ငွေကျပ် ၁၀ သိန်းနှင့် လာရောက်ညှိနှိုင်းသောကြောင့် မိုးပျံဆိုသူအား ထပ်မံဖမ်းဆီးခဲ့ရကြောင်း သိရသည်။
အဆိုပါ အမှုအား ပ/၂၀၁၃၊ လက်နက်ယာယီ ပြင်ဆင်ချက် ဥပဒေပုဒ်မ ၁၉ (က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Tuesday, September 3, 2013

Facebook Fan Page ကိုမလိုခြင်ပြန်ဖျက်နည်း

ဘလော့ကာမိတ်ဆွေများအတွက်  မိမိတို့ လုပ်မိထားသော ဘလော့ကာရဲ့ facebook fan page အပိုတွေကို ဖျက်လိုပါက  ဖျက်နိုင်ရန်  နည်းလမ်းလေးကို တင်ပြလိုက်ရပါတယ်နော်... အလွယ်လေးပါ

အမြန်ဖျက်ချင်ရင် ဒီကို နှိပ်လိုက် - https://www.facebook.com/pages/Delete

 အောက်မှာ ပုံလေးနဲ့တစ်ကွ ရှင်းပြပေးထားပါတယ်.....


 မိမိတို့ facebook ကနေ ဖျက်လိုသော  ပေ့ကိုကလစ်ပေးလိုက်ပါ..အပေါ်ပုံကပြထားသလိုပေါ့..နော်

 အပေါ်ပုံတိုင်းကျလာမယ်..အဲခါမှာ Edit Page ကနေကလစ်ပြီး Manage Permissions ဆိုတာကိုကလစ်ပါ.
အပေါ်ပုံတိုင်းထပ်ကျလာတာနဲ့ အောက်နားမှာ Delete For .....မိမိဘလော့ပေ့အမည်... ဆိုပြီးရှိပါတယ်
အဲတာကိုကလစ်ပြီး ဖျက်ပေးလိုက်တာနဲ့  ok  ပေါ့နော်.... အဆင်ပြေကြပါစေ....
(မောင်စွယ်စုံကျမ်းမှ ကူးယူဖော်ပြပါသည်)

မလေးရှား လူဝင်မှု စိစစ်ရေးကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်

မလေးရှားနိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်မှု စိစစ်ဖို့နဲ့ မှုခင်းတွေ လျှော့ချဖို့ စီမံချက်နဲ့ မလေးရှားအစိုးရကနေ နိုင်ငံတွင်းမှာရှိတဲ့ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား အလုပ်သမားတွေကို တပြည်လုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတယ်လို့ မလေးရှားရောက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အခု ဖမ်းဆီးမှုမှာတော့ တရားဝင် ၀င်ရောက် နေထိုင်သူတွေကိုလည်း သိမ်းကျုံးဖမ်းဆီးနေသလို ဒီဖမ်းဆီးမှု စီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ တရားမ၀င် နေထိုင်တဲ့သူတွေကို မလေးရှား ရဲတပ်ဖွဲ့တွေ ကနေ စက်တင်ဘာလဆန်းမှာ ဖမ်းဆီးမှုတွေ ပြင်းထန်စွာ ပြုလုပ်နေပါတယ်။ မလေးရှားအစိုးရအနေနဲ့ စီမံချက်ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားမ၀င် နေထိုင်သူတွေကို ဖမ်းဆီးနေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်ကြီးက ပြောပါတယ်။

“အခုက စက်ရုံတွေကို လိုက်ဖမ်းနေပါတယ်။ စက်မှုဇုန်တွ လိုက်ဖမ်းတယ်။ ပိတ်ပြီးတော့ ဖမ်းတယ်။ နောက် city ထဲမှာ ဖမ်းတာကတော့ သကြားလုံးစက်ရုံမှာ ဖမ်းနေပါတယ်။ ဖမ်းတာကတော့ တနိုင်ငံလုံးကို ဖမ်းမှာပဲလေ။ ဒါပေမဲ့ သူတို့ ဒီနေ့ Foreigners အများစု ရှိတဲ့နေရာကို ဦးစားပေး နံပါတ်တစ်ပေါ့နော် အဲ့ဒါကို ၀င်ဖမ်းတာပေါ့။ တလမ်းလုံးက မြန်မာအများစုနေတာများတယ်။ မြန်မာရွာလို့ ခေါ်လို့ရတာပေါ့။ အဲ့ဒီမှာ UNHCR ပေါ့ ဒုက္ခသည်ကဒ်ရှိမယ်။ တရားဝင် စာရွက်စာတမ်းနဲ့လူရှိမယ်။ နောက် တရားမ၀င်တဲ့လူတွေရှိတယ်။ စီမံချက်က ၃ လ လို့ကြားထားတယ်။”

အရင်ကဆိုရင် မလေးရှားအာဏာပိုင်တွေအနေနဲ့ တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမဲ့ အခုအခါမှာတော့ တရားဝင် အလုပ်သမားတွေကိုပါ သိမ်းကျုံးဖမ်းဆီးနေတယ်လို့ ကိုအောင်ကြီး ကပဲ ဆက်ပြောပါတယ်။

“အခုက တရားမ၀င်တာရော၊ တရားဝင်တာရော မသိဘူး။ သူတို့က ဖမ်းတာပေါ့။ ဖမ်းပြီးတဲ့အခါကျတော့ စခန်းရောက်မှ သူတို့က ရှင်းကြတာ။ မနေ့က ကျနော်တို့ ဘယ်မှာလဲဆိုတော့ နေ့ပိုင်းမှာ ဖမ်းသွားတဲ့သူတွေကျတော့ ပါမစ်လည်းရှိတယ်။ အားလုံးမှန်တယ်။ ဒါပေမဲ့ လုပ်တဲ့ ဆိုင်လိပ်စာ မတူတဲ့အတွက် ဖမ်းခံရတယ်။ မနေ့ကတော့ ချင်းလူမျိုး ၁၀၀ ပေါ့။ သူတို့ ဘုရားရှိခိုးကျောင်းကနေပြီးတော့
ပြန်တဲ့အချိန်မှာ ဖမ်းခံရတယ်။ နောက်ထပ် အယောက် ၂၀၀ ကတော့ ကွာလာလမ်ပူနဲ့ပေါ့ အနီးတ၀ိုက်တွေပေါ့ အကုန်အဖမ်းခံရတာပေါ့နော်။ မနေ့က ကွာလာလမ်ပူမှာတင် အားလုံး ဖမ်းတာ ၃၀၀ လောက်ရှိတယ်ခင်ဗျ။”

“ပီနန်မှာကတော့ အယောက် ၅၀ လောက်ရှိတယ်။ --- မှာကျတော့ အယောက် ၅၀ လောက်ရှိတယ်။ မြန်မာအားလုံးပေါင်းရင် အယောက် ၅၀၀ လောက်ရှိတယ်။ ခန့်မှန်းချေ။ အခုလောလောဆယ်တော့ ၀င်နေတယ်။ ဖမ်းတုန်းပဲရှိသေးတယ်။ မပြီးသေးဘူး။”

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား အရေအတွက် ၆ သိန်းနီးပါးရှိပြီး၊ အဲဒီအထဲက ၅ သိန်းဝန်းကျင်လောက်ဟာ တရားမ၀င် အလုပ်သမားများ ဖြစ်တယ်လို့လည်း Burma Campaign မလေးရှားအဖွဲ့ကနေ စာရင်းပြုစုထားပါတယ်။ အခုလို ဖမ်းစီးမှုစီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ညွန့်ပေါင်းအဖွဲ့ ဥက္ကဌ စောခင်အောင် က ပြောပါတယ်။

“စိုးရိမ်ရတဲ့ အခြေအနေဆိုတာက အခု များသောအားဖြင့်က ကျနော်တို့ မြန်မာပြည်က လာတဲ့လူများတယ်။ သူတို့က ဘာမှ လက်ထဲမှာ မရှိသေးတဲ့လူတွေပေါ့ဗျာ။ ဆိုလိုချင်တာက work permit တို့၊ နေထိုင်စရာ လက်မှတ်တို့ ဘာတို့ နည်းနည်း အာမခံချက်ရှိမယ့် UN ကဒ်တို့ မရှိသေးတဲ့သူတွေက များတယ်ခင်ဗျ။ ဆိုတော့ အဲ့ဒီလူတွေအတွက်က တော်တော် စိုးရိမ်စရာရှိတာပေါ့နော်။”

ဒါပေမဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေကိုတော့ စစ်မှန်ကြောင်း စိစစ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ညွန့်ပေါင်းအဖွဲ့ ဥက္ကဌ စောခင်အောင်က ပြောပါတယ်။

“UN ကဒ် ရသွားပြီးတဲ့သူတွေကတော့ သူတို့ လွှတ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ မသင်္ကာလို့ရှိရင်တော့ ခေါ်သွားထိန်းသိမ်းမယ်။ ထိန်းသိမ်းပြီး သူတို့ စစ်ဆေးကြည့်လိုက်လို့ UN ကဒ် အစစ်အမှန်ဆိုရင်တော့ သူတို့ ပြန်လွှတ်ပေးပါတယ်။”

အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတာကြောင့် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ  စိုးရိမ်ပူပန်စွာနဲ့ နေထိုင်နေရတယ်လို့လည်း အလုပ်သမားတဦးက မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။

“ဒီမှာတော့ အစွမ်းကုန် ဖမ်းဆီးနေတယ်။ သတိထားပြီး နေနေရတာပေါ့နော်။ အားလုံးကလည်း စိုးရိမ်နေကြရတယ်။ ကျနော်တို့ အလုပ်လုပ်တဲ့ဆိုင်မှာဆိုရင် သူပြန်ချင် ငါပြန်ချင် ဖြစ်နေကြတယ်” လို့ မွန်ဘာသာလို ပြောဆိုသွားတာပါ။

ဖမ်းဆီးထားတဲ့သူတွေကိုမလေးရှားတရားရုံးကနေစစ်ဆေးပြီး ကြိမ်ဒဏ်အပါအ၀င် ထောင်ဒဏ်ချသွားဖို့အစီအစဉ် ရှိနေတယ်လို့လဲ အလုပ်သမားတွေကပြောပါတယ်။ မလေးရှားနိုင်ငံဆိုင် မြန်မာသံရုံး အလုပ်သမားရေး တာဝန်ခံ ဦးစိုးသိန်းကတော့ အခုလို အဖမ်းအဆီးရှိနေတဲ့ ကာလတွေမှာ မြန်မာအလုပ်သမားတွေအနေနဲ့ အထူးသတိရှိကြဖို့ လိုအပ်တယ်ဆိုပြီး ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“Immigration ဥပဒေအရ တရားမ၀င် နေထိုင်တဲ့အတွက်ကြောင့်မို့ သူတို့ ဖမ်းတယ်ဆိုတော့ ဥပဒေကြောင်းအရတော့ ကျနော်တို့က သွားဆွေးနွေးလို့တော့ မရဘူးပေါ့နော်။ လောလောဆယ်တော့ သူတို့ အဲ့လို ကိုယ်တရားမ၀င်နေတဲ့ သူတွေအနေနဲ့ကတော့ အနေအထိုင်လေး နည်းနည်းလေး ဆင်ခြင်ပြီးတော့ နေဖို့တော့ ကျနော်တို့က အဲ့လို ကြုံရင်ကြုံသလိုတော့ ပြောပေးထားတယ်။ တရားဝင်တဲ့သူကတော့ မဖမ်းပါဘူး။ စီမံချက်ဆိုတော့ သူတို့က စွဲတာကတော့ အကုန်စွဲတာပေါ့။ စွဲတဲ့အခါမှာ တရားဝင်ဆိုရင်တော့ သူက ပြဿနာမရှိဘူးလေ။ တရားဝင်ဆိုရင်တော့ သူတို့မခေါ်ဘူး။"

"တရားမ၀င်ဆိုရင်တော့ ခေါ်သွားတာပေါ့။ လောလောဆယ်တော့ သူက ချက်ချင်း ကလေးတွေလက်ထဲမှာ ပတ်ပို့စ် မပြနိုင်လို့ရှိရင်ကတော့ လောလော ဆယ်ကတော့ အကုန် စွဲတာပဲလေ။ ဒါ သူတို့ မလေးရှားနိုင်ငံသားက လွဲလို့ အကုန် စွဲတာပဲ။ စွဲပြီးတော့ တရားဝင်ဆိုရင် ပြန်လွှတ်လိုက်တယ်။ တရားမ၀င်ဆိုရင်တော့ သူတို့ ပြန်ပြီးတော့ ခေါ်ထားလိုက်တယ်။
ခေါ်ထားတဲ့သူတွေအနေနဲ့ကတော့ ဟိုတုန်းကတော့ သူတို့ ဒီ Immigration ဥပဒေအရတော့ အနည်းဆုံး ၃ လပေါ့ ထောင်ဒဏ်။ အပြစ်ပေးပြီးတော့ သူတို့က camp ထဲကို ပြန်သွားတယ်။ camp ထဲ ပြန်သွားပြီးတော့မှ camp ထဲကနေမှ ကိုယ့်နိုင်ငံ အသီးသီးအလိုက် ကိုယ့်မိဘတွေနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ သံရုံးကို သူတို့ရဲ့နိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင်တွေ၊ ပြန်ပေးပြီးတော့ သံရုံးကနေပြီးတော့ CI ဖောင်ဖြည့်ပြီးတော့ လေယာဉ်နဲ့ ပြန်တင်ပေးရတယ်။"

"အခု လောလောဆယ်တော့ ဒီမှာ CI လျှောက်တဲ့သူတွေ များနေကြတယ်။ လောလောဆယ်တော့ ဒါ CI ကတော့ သက်တမ်းကတော့ ၂ လလောက်တော့ ပေးထားတယ်။ ပြန်မယ်ဆိုရင် တရားမ၀င်လူတွေ နေတဲ့လူတွေအနေနဲ့ ပြန်ချင်တယ်ဆိုရင် CI ကို လျှောက်ထား။ CI ကို လျှောက်တဲ့အခါ CI က သက်တမ်း ၂ လပေါ့နော်။ ဒါပေမဲ့လို့ CI လျှောက်ထားပေမဲ့လို့ ကိုယ်ကတော့ အချိန်မတော်တို့ ဘာတို့ သွားလို့တော့ မရဘူးပေါ့။ တကယ်လို့ ရဲနဲ့ တွေ့ရင် သူတို့ Immigration က လူတွေနဲ့ ဖမ်းတဲ့လူနဲ့ တွေ့လို့ရှိရင် ဒါလေးတော့ ပြောပြလို့တော့ ရတာပေါ့။ ဒီ CI လျှောက်ထားရင်။ အဲ့လိုမှ မလျှောက်ဘဲနဲ့ သူတို့က ပြန်ဖို့လည်း CI မလျှောက်ဘူး။ ဒီအတိုင်း တရားမ၀င်လည်း နေတယ်ဆိုရင် ဒါ သူတို့ Immigration ဥပဒေအရတော့ ကျနော်တို့ကတော့ ဒါ ဒီဘက်က ပြောရနည်းနည်း ခက်တာပေါ့။”

မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကတော့ နိုင်ငံအတွင်း မှုခင်းတွေ လျော့နည်းလာဖို့ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျလာဖို့နဲ့
နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ စီမံချက်ချပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြီးခဲ့တဲ့ သြဂုတ်လမှာ တရားဝင် ကြေညာထားခဲ့ပါတယ်။ 
Voa Myanmar

Monday, September 2, 2013

Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ

Facebook မှာ ကိုယ့် Profile Page ကိုဘယ်သူကြည့်သလဲ



 ဖေ့ဘွတ် သုံးတဲ့သူများ ဒီနည်းလေးကို စမ်းကြည့်ပါ လုပ်နည်းက ပုံထဲက အတိုင်း

အဆင့်ဆင့်သွားရင် လွယ်ပါတယ် မှန်လား မမှန်လားဆိုတာကို စစ်ကြည့်နိုင်ပါတယ်..

ကဲ .ကိုယ့် Page ဘယ်သူ လာလာခိုး ကြည့်လဲ စမ်းကြည့်ပေတော့ဟယ်....။

မူရင်းလင့် - http://www.facebook.com/photo.php

~ကမ္မဋ္ဌာန်းလေးမျိုးနှင့် မျက်နှာသစ်နည်း~

နံနက် အိပ်ရာထ၍ မျက်နှာသစ်တော့မည်ဆိုပါစို့...။
မျက်နှာမသစ်မီ ရေတစ်ခွက်ခပ်ယူ ပြီးသည်နှင့်-


(၁) ဤမျက်နှာသစ်သောရေကို ကိလေသာအပူကင်းတော်မူသော မြတ်စွာဘုရားအား ကပ်လှူပါ၏ ဘုရား..။(ဒါန၊ ဗုဒ္ဓါနုဿတိ)

(၂) ဤရေကဲ့သို့ သတ္တ၀ါများ ကြည်လင်အေးမြကြပါစေ...။ (မေတ္တာ)

(၃) မျက်ဝတ်ထွက်ခြင်း၊ ခံတွင်းမှ အပုပ်ရေစီးကျခြင်း စသည်ကြောင့် အမြဲတမ်း ဆေးကြောသုတ်သင်နေရသော ဤခန္ဓာကိုယ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် အတိပါတကား...။ (အသုဘဘာဝနာ)

(၄) အင်း....တစ်ရက်တစ်ညတော့ ငါ၏အသက်မြဲခဲ့ရပြီ၊ ထွက်လေ မ၀င်ခင်၊ ၀င်လေ မထွက်ခင် နံနက်နေ့ညမရွေး သေနိုင်ပေသည်တကား...။ (မရဏာနုဿတိဘာဝနာ)

ဤသို့ ကျင့်ဝတ်လုပ်ထားပါမူကား မြတ်စွာဘုရားရှင်၏ တရားတော်သည် အလွန်လွယ်ကူလှပါပေ၏။

လက်တွေ့စမ်းကြည့်ပါက ပြောပြ၍မရနိုင်အောင်သော လောကီ လောကုတ္တရာ အကျိုးစီးပွားတို့ကား များပြားလှတော့သည်။ (ဓမ္မာစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူးစာအုပ်မှ တင်ပြသည်)