Social Icons

Pages

Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Saturday, October 5, 2013

မိုဘိုင်းလ် ဖုန်းမှ တိုက်ရိုက်နားဆင်ရန်

အမေရိကန် ပြည်ထောင်စု မှာရှိကြတဲ့ သောတရှင်တွေအတွက် RFA က Audio Now နဲ့ ပူးပေါင်းပြီး၊ မိမိရဲ့မိုဘိုင်းလ် ဆဲလ်ဖုန်းမှတဆင့် မြန်မာပိုင်း အသံလွှင့်အစီအစဉ်တွေကို နားဆင်နိုင်ဖို့ စီမံထားပါတယ်။  အောက်ပါ အချက်တွေကို သတိပြုစေချင်ပါတယ်။

  • မိုဘိုင်းလ်ဖုန်းသုံးရင် မိမိယူထားတဲ့ ဖုန်းကန်ထရိုက်အရ အခကြေးငွေ ပေးကောင်းပေးရပါမယ်။ RFA စီမံထားတဲ့ အစီအစဉ်က သီးခြားအခငွေ ပေးစရာမလိုပေမယ့် သတ်မှတ်ထားတဲ့ အသုံးပြုခွင့်မိနစ်များ ကျော်လွန်သွားရင် ဖုန်းကုမ္ပဏီက ငွေတောင်းခံပါလိမ့်မယ်။
  • ဒါဟာ toll-free အခမဲ့နံပါတ် မဟုတ်ပါ။ အိမ်ဖုန်းမှခေါ်ရင် ရပ်ဝေးခေါ်ခပေးရပါမယ်။ အမေရိကန်ပြည်ထောင်စု ပြင်ပမှာနေထိုင်သူများအတွက် နိုင်ငံခြားဖုန်းခေါ်ခ ပေးရပါလိမ့်မယ်။
  • Skype အသုံးပြုပြီး နားဆင်ရင်တော့ အချို့လူများ အခငွေ ပေးကောင်းပေးရပါလိမ့်မယ်။

အသံလွှင့်အစီအစဉ် နားဆင်နိုင်ဖို့ 857 232 0060 ကိုခေါ်ပါ။
မှတ်ချက်။     ။အကယ်၍ နားထောင်ရာတွင် အခက်အခဲရှိလျှင် support@audionow.com သို့ (အင်္ဂလိပ်ဘာသာဖြင့်) တိုက်ရိုက်ဆက်သွယ်ပြီး အကြောင်းကြားပါ။
 Rfa

Friday, October 4, 2013

သံဖြူဇရပ်တွင် အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ဆွမ်းဆန်စိမ်းလောင်းလှူ


Friday, October 4, 2013

မွန် ပြည်နယ် သံဖြူဇရပ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ က ပရဟိတ ဆွမ်းလောင်းအသင်းမှ သံဃာ တော် များ ကို အပတ်စဉ်လောင်း လှူသည့် ဆွမ်းဆန်စိမ်းလောင်းပွဲ အတွက် ဆန်အိတ် များ လှူဒါန်းခဲ့ သည့်အပြင် သံဃာတော်များကိုပါ ကိုယ်တိုင်ကိုယ် ကျ ဆွမ်းလောင်း လှူခဲ့ကြကြောင်း ပရဟိတဆွမ်း လောင်း အသင်းဥက္ကဋ္ဌက ရန်ကုန် တိုင်းမ်သတင်းစာသို့ ပြောသည်။


''မနေ့က မွန်းလွဲ ၁နာရီမှာ သံဖြူဇရပ်မြို့နယ်က အစ္စလာမ် ရပ်မိရပ်ဖတွေက ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ဆန်ငါးတင်း ကို လာရောက် လှူဒါန်းသွားပါ တယ်''ဟု သံဖြူဇရပ်မြို့နယ် ပရ ဟိတ ဆွမ်းလောင်းအသင်းဥက္ကဋ္ဌ ဦးညွန့်ကြည်က ပြောသည်။

သံဖြူဇရပ်မြို့နယ် အစ္စ လာမ်ကောင်စီ အတွင်းရေးမှူး ဦးဟာမက်က ''ဒီမြို့မှာရှိတဲ့ ဘာ သာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအ တွက် ရည်ရွယ်ပြီး လှူဒါန်းတာပါ။ ဘာသာအချင်းချင်း လေးစားမှုနဲ့ ကိုယ်တိုင်ကိုယ်ကျလဲ ဆွမ်းလောင်း ကြပါတယ်။ ကျွန်တော်တို့မြို့မှာ ကိုးကွယ်မှုမတူတဲ့လူတွေက အ ချင်းချင်း ယုံကြည်မှုတည်ဆောက် နိုင်ကြတဲ့အတွက် တခြားမြို့တွေ မှာ ဖြစ်နေသလို အကြမ်းဖက်မှု တွေ မဖြစ်နိုင်ပါဘူး''ဟု ပြောသည်။
''အစ္စလာမ်ဘာသာဝင်တွေ ကိုယ်တိုင် ဆွမ်းလောင်းလှူနေ တာကို တွေ့ရပါတယ်။ ကျွန်မတို့ မြို့မှာ ဒီလိုငြိမ်းချမ်းစွာနေကြ တာ တွေ့ရတော့ လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်''ဟု မဝင်းဝင်းဌေး က ပြောသည်။

သံဖြူဇရပ်မြို့နယ်ရှိ အစ္စ လာမ်ဘာသာဝင်များသည် သံဃာ့ ဆေးရုံ၊ နာရေးကူညီမှုအသင်း များနှင့် လူမှုရေးအဖွဲ့အစည်းများကို ပါ လှူဒါန်းကြောင်း သိရသည်။

ငယ်ထွေး(ကလေး)
Yangon Media Group
(ငြိမ်းချမှုကိုလိုလားသည်။) ကောင်းသူရ

Tuesday, October 1, 2013

သံတွဲဒေသ ပဋိပက္ခ တစ်ဦးသေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ သံတွဲဒေသ ပဋိပက္ခ တစ်ဦးသေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သဗြုချိုင်ကျေးရွာနှစ်ရွာမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
ဒီကနေ့ ညနေပိုင်း အခြေအနေတွေကို သံတွဲဒေသတွင်း သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းနိုင်က RFA ကို အခုလို ပြောပါတယ်။"ဒီနေ့အခြေအနေကတော့ သဗြုချိုင်မှာ မီးရှို့နေတယ်၊ ရဲကလည်း မိုးပေါ်ထောင်ပစ်နေပါတယ်၊ အဲဒီမှာ ရွာသားတွေက ချောင်ပိတ်မိနေပါတယ်"ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က လုံခြုံရေးမရှိသေးတဲ့ ကျေးရွာတွေမှာ အဲဒီလို မီးရှို့တိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို့ အခုလို ပြောပါတယ်။"ဒီဖြစ်တာက မြို့ပေါ်မှာမဟုတ်ဘူး၊ ဒီမြို့ပေါ်ကပြီးသွားပြီ၊ မြို့နဲ့ လုံခြုံရေးနဲ့ အလှမ်းဝေးတဲ့နေရာပေါ့၊ ရွှေလီဘက်ဆိုရင် မြို့နဲ့မိုင် ၂ဝ လောက်ဝေးတယ်၊ အဲလိုဖြစ်လို့သတင်းကြားတာနဲ့ တခါတည်း အဲနေရာကိုတော့သွားတာပေါ့၊ သဗြုချိုင်လည်းအဲလိုပဲ၊ ဖြစ်မယ်ထင်လို့ ဒီနေ့မနက်မှာ လုံခြုံရေးမရောက်ခင်အချိန်လေးမှာပဲ ဒီပြဿနာတွေဖြစ်တယ်လို့ပဲ သိရတယ်"နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် သဗြုချိုင်ကျေးရွာနဲ့ ပေါက်တောကျေးရွာတွေမှာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ကျွမ်း မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပေမဲ့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို အတည်ပြုပြောကြားတာ မရှိပါဘူး။ဒီနေ့ မီးရှို့တိုက်ခိုက်ခံရတဲ့ သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေဟာ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေက သံတွဲမြို့ပေါ်မှာ ကမန်အမျိုးသားတစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးတို့ သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ မီးရှို့မှုဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

RFA Burmese

သံတွဲမီးရှို့မှု အိမ်ခြေ ၁၄ လုံးလောင်ကျွမ်း

ရခိုင်ပြည်နယ် ရွေလှေသပြုချိုင်အရပ်မှာ ဒီကနေ့ မနက်ပိုင်းက အကြမ်းဖက်အုပ်စုတစုက မီးတင်ရှို့လို့ အိမ်ခြေ ၁၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ဒီဗွီဘီကို ပြောပါတယ်။

ဒီမီးရှို့မှုကို ရဲတပ်ဖွဲ့က မနက် ၁၁ နာရီခန့်မှာ သေနတ်ပစ်ခတ်ဖြိုခွဲလို့ လူစုကွဲသွားတယ်လို့ ပြောပါတယ်။
ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပတ်သက်လို့တော့ ဆောင်ရွက်ဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း သံတွဲမြို့မှာ ဦးခင်မောင်ရဲ့အိမ်တလုံးနဲ့ ဦးသာနိုးအောင်ရဲ့ အိမ်တလုံး မီးရှို့ခံခဲ့ရသလို မွတ်စလင်တချို့ရဲ့ အိမ်တွေ ခဲပေါက်ခံကြရပါတယ်။ မီးတင်ရှို့မှုဟာ တယောက်နဲ့ တယောက် အချင်းများရာကနေ ဖြစ်ပွားတာဖြစ်ပြီး ဘာသာရေး အဓိကရုဏ်းမဟုတ်ဘူးလို့ ဦးထွန်းဝေက ပြောပါတယ်။

သံတွဲခရိုင်မှာ လွန်ခဲ့တဲ့ နှစ်လကျော်ခန့်ကလည်း မွတ်စလင်တွေရဲ့အိမ်တွေကို အလားတူမီးရှို့ကြလို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ အဲဒီတုန်းက မီးရှို့မှုနဲ့ ဆက်စပ်တဲ့ လူငါးဦးကို ဖမ်းဆီးရုံးတင်တရားစွဲဆိုထားပါတယ်။

by ​အေး​နိုင်  (ဒီဗွီဘီ)

Thursday, September 26, 2013

မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စုနေ ဆင်းရဲနွမ်းပါးသော ရွာသူ/ရွာသားများအား ဆန်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် မြစ်ရေကြီးမှုကြောင့် လူအများ စားဝတ်နေရေးများ ကျပ်တည်းခဲ့ရပါသည်။ မြစ်ရေကြီးမှုကြောင့် လူအများဒုက္ခရောက်နေချိန်တွင် ပဲခူးတိုင်းဒေသကြီး၊
မင်းလှမြို့မှ ပရဟိတလူငယ်များအသင်း မှ ဆန် အိတ်(50)၊ မားမားခေါက်ဆွဲထုပ်များ၊ ကြက်သွန်များ၊ ဆီများ၊ လက်ဘက်ခြောက်များ (25.9.2013) ရက်နှင့် (26.9.2013) ရက်နေ့များတွင် လှူဒါန်းခဲ့ကြပါသည်။ထိုသို့လှူဒါန်းခဲ့ရာတွင် မဟာရွှေခဲကျောင်းတိုက်ဆရာတော်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဆယ်အိမ်မှူး၊ ယာယီမှူးများ မှလိုက်ပါကူညီဆောင်ရွက်ခဲ့ကြပါသည်။

Wednesday, September 25, 2013

မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် ရေးလွှမ်းမိုးနေချိန် မရှိဆင်းရဲသားများအား ဆန်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် မြစ်ရေကြီးမှုကြောင့် ဆင်းရဲနွမ်းပါးသောရွာသူ/ရွာသားများအား ရွှေခဲကျေးရွာမှ ပြည်သူတစ်ဦးနှင့်မိုးညိုမြို့နယ်၊  ပြည်ခိုင်ဖြိုးပါတီမှ
(23.9.2013)နှင့်(24.9.2013)ရက်နေ့များတွင်   ဆန်များ လှူဒါန်းခဲ့ကြပါသည်။
ကောင်းသူရ

မိုးညိုမြို့နယ် ကျေးရွာပေါင်း ၁၅၀ ရေနစ်မြုပ်၊ အကူညီလိုအပ်

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅၀ လောက် ရေနစ်မြုပ်နေပြီး အကူညီတွေ လိုအပ်နေပါတယ်။

ပဲခူးတိုင်း ဒေသကြီးမိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅ အုပ်စု ကျေးရွာပေါင်း ၁၅၀ လောက် ရေးဘေးကြုံတွေ့နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မိုးညိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာယာဝတီခရိုင် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက
“တချို့တွေက ခေါင်တွေမြုပ်ပြီးတော့ နွားတွေကိုလည်း တာပေါ်တွေမှာ တင်ထားရတယ်။ မိုးညိုမြို့နယ် ဧရာဝတီမြစ်ကမ်းတလျှောက် ရွာတွေမှာ အခုချိန်ထိကြီးနေတုန်းပဲ။ မြစ်ရေကတော့ နည်းနည်း ပြန်ကျသွားပြီ။ တောင်ပေါ်ရေကခံနေတော့ ရေက ရှိနေတုန်းပဲ။ တပတ်လောက်ရှိပြီ။ စားဝတ်နေရေး အတော်အခက်ခဲဖြစ်တယ်။”

မိုးညိုမြို့နယ် ဆင်မနိုင်ဇုန် ဆင်ကောင်းကျေးရွာအုပ်စုမှာနေထိုင်တဲ့ လယ်သမားတဦးကတော့ ဒီနှစ်ရေကြီးတာဟာ ၁၀ နှစ်အတွင်း အဆိုးဆုံးဖြစ်ပြီး ရွာတွေ၊ လယ်နဲ့ တခြားစိုက်ပျိုးမြေတွေ ရေနစ်မြုပ်မှု အခြအနေနဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“ရေဘေးသင့် ဒုက္ခသည်တွေဆို တောင်ပေါ်တွေမှာ တင်ထားတယ်။ တော်တော်လေးတော့ အတိဒုက္ခရောက်နေကြတယ်။ တချို့ရွာတွေဆိုရင် ရေကလူတရပ် နက်တယ်။ အိမ်တွေဆိုရင် ရေမြုပ်တယ်။ တချို့အိမ်သေးသေးလေးတွေဆိုရင် ၀ါးအိမ်လေးတွေဆိုရင် အိမ်ခေါင်ထိမြုပ်တဲ့ အိမ်လေးတွေရှိတယ်။ လယ်ကတော့ စိုက်ဧက ၇၀၀ လောက်ပျက်စီးတယ်။ ဆောင်းသီးနှံ ပဲက ဧက ၂၀၀ လောက် မြုပ်တယ်ပေါ့။ ရေဘေးသင့် အိမ်ထောင်စုပေါင်း ကျနော်တို့ ဆင်မ အုပ်စုဆိုရင် ၃၅၀ လောက် အတိဒုက္ခရောက်ခဲ့တယ်။”

စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းက မြစ်ရေပြန်ကျသွားပေမယ့် ကျေးရွာတွေမှာ တင်နေတဲ့ရေက တော့ မကျနိုင်သေးဘဲဖြစ်နေပြီး ရေကြီးမှုကြောင့် ပျက်စီး သွားတဲ့ စိုက်ဧကတွေ ပြန်စိုက်ဖို့ အချိန်မမှီတော့တဲ့ အတွက် လာမယ့်စိုက်ပျိုးရာသီမှာ အခက်အခဲဖြစ်နိုင် တယ်လို့ လယ်သမားတွေက ပြောပါတယ်။
ဒီလို မိုးညိုမြို့နယ်အတွင်းကြုံတွေ့နေရတဲ့ ရေဘေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ကနေပြီး ကျပ်ငွေ ၂၅ သိန်း လှူဒါန်းထားပါတယ်။

ဒီအလှူငွေဟာ ဒေသခံတွေအတွက် စားသောက်ရေးအတွက်သာ ကူညီနိုင်မှာဖြစ်ပြီး ကျန်နေတဲ့ တခြားလိုပါချက်တွေကို ဖြည့်စွက်ပေးနိုင်မှာ မဟုတ်ဘူးလို့ မိုးညိုမြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာယာဝတီခရိုင် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

“စားဝတ်နေရေး တော်တော်လေးကို ကျပ်တည်းတာဗျာ။ ကျနော်လည်း တော်တော်လေး စိတ်မကောင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် အနည်းဆုံး မိသားစု တအိမ်ထောင်ကို ဆန်တစိပ်၊ ရှစ်ပြည်လောက်တော့ ပေးသင့်တာပေါ့လေ။ ကျနော်တို့ အနည်းဆုံးပေါ့။ အခုဟာက ကျနော်တို့ နှစ်ပြည်နှုန်းတောင်မှ ကျနော်တို့က ဘယ်လိုမှ လုံလုံလောက်လောက်မပေးနိုင်ဘူး ဖြစ်နေတော့ စိတ်မကောင်းစရာပေါ့လေ။ စိတ်မကောင်းတာကလွဲလို့ အခြားဘာမှ ကျနော်တို့ လုပ်ပေးလို့ မရတော့ဘူး ဖြစ်သွားတာပေါ့။”

အခုလဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်တော်တော်များများမှာ ရေကြီးရေ လျှံမှုတွေ ဖြစ်ပွားနေတာပါ။

by နော်နိုရင်း (ဒီဗွီဘီ)

Tuesday, September 24, 2013

ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာနှင့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင် သေဆုံးနေမှုကို မဂင်္လာတောင်ညွှန့် ရဲက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိသည်။
ဖြစ်စဉ်တွင် ကန်တော်ကြီးပတ်လမ်း ရှန်ဂရီလာ ဆောက်လုပ်ရေးဝန်းရှေ့တွင် အမျိုးသားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြသည်။

အသေးစိတ် စစ်ဆေးရာတွင် သေဆုံး သူသည် အမည်မသိ၊ နေရပ်လိပ်စာ မသိ (စုံစမ်းဆဲ) အသက် (၄၀)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး အဝတ်ဗလာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

သေဆုံးသူသည် ဦးခေါင်း ဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ၊ ယနားထင်ညိုမဲ၊ လည်ပင်းဝဲဘက်နှင့် ရင်ဘက်ပွင့်ထွက် ဒဏ်ရာ၊ ယာဒူးခေါင်း ပေါက်ပြဲ၊ ဝှေးစေ့ စုတ်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မော်တော်ယာဉ်တစ်စီးစီးက တိုက်မိ၍ ဒဏ်ရာရရှိကာ သေဆုံးခြင်းဖြစ်သည်ဟု ယူဆသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စု ၂၈ မှ ရဲအုပ် မျိုးဆွေဦးက စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ) ၄၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့သည်။

ယာဉ်မောင်းဖြစ်သူအား ပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် တရားစွဲတင်နိုင်ရန် စုံစမ်းရှာဖွေ လျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

Saturday, September 21, 2013

မြစ်ရေကြီးခြင်းကြောင့် လူနေအိမ်များနစ်မြုပ်

21.9.13
ရွှေခဲရွာ၏ ရေလွှမ်းမိုးနေပုံ


ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲရွာတွင် လူနေအိမ်များ နစ်မြုပ်လျှက်ရှိပြီး သွားလာမှုများ အခက်အခဲများကြုံတွေ့နေရပါသည်။

မြစ်ရေကြီးခြင်းကြောင့် လူနေအိမ်များနစ်မြုပ်

21.9.13
ရွှေခဲရွာ၏ ရေလွှမ်းမိုးနေပုံ

Monday, September 16, 2013

ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံကို ၂၀၁၅ မတိုင်မီ ဆောင်ရွက်မည်

ပည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံ ပေါ်ပေါက်ရန်အတွက် ယခုအခါ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ကျန်းမာရေး အာမခံနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။


ယင်းအာမခံ အမျိုးအစားသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်း မရှိသေးသည့် အာမခံ အမျိုးအစားဖြစ်ကာ လက်ရှိတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်သည့် မြွေအန္တရာယ် အာမခံ အမျိုးအစားသာ ရှိသေးကြောင်း ၎င်းကဆိုသည်။
"ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို  သုတေသန ပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ်။ ဒီအာမခံ ပေါ်ပေါက်လာဖို့အတွက် စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက် နေပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို  သုတေသန ပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ် . . . .
ကျန်းမာရေး အာမခံ ပေါ်ပေါက်လာရန်အတွက် ကျန်းမာရေး ၀န်ကြီးဌာန၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ၊ ဆေးရုံ၊ ဆေးခန်း စသည်တို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကာ ၂၀၁၅ အမီ ပေါ်ပေါက်လာစေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"လူလတ်တန်းစားတွေအတွက် ကျန်းမာရေးနဲ့ အသက်အာမခံက ဈေးကွက်ဖွံ့ဖြိုးဖို့ အဓိကကျတဲ့ အာမခံနှစ်ခုပါ။ အဲဒါက အရင်ဖွံ့ဖြိုးလာရင် ကျန်တဲ့အာမခံ ဈေးကွက်ကပါ ပိုရင့်ကျက်လာမှာ ဖြစ်ပါတယ်" ဟု ဟောင်ကောင်အခြေစိုက် Manulife အသက်အာမခံ ကုမ္ပဏီ၏ senior vice president & regional executive Mr. Indren Naidoo က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်၍ မြွေအန္တရာယ် အာမခံ အမျိုးအစားကိုသာ ရောင်းချပေးလျက်ရှိပြီး မြွေကိုက်၍ သေဆုံးပါက လျော်ကြေးငါးသိန်းကျပ် ပေးလျော်ကြောင်း သိရသည်။
မြွေအန္တရာယ် အာမခံထားရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ထားရှိသူဦးရေ ၂၂၀၀၀၀ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂၃၀၀၀၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်း၏ နှစ်ချုပ်စာရင်းမှ သိရသည်။

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားနေစဉ်
တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါဝင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း
   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။
စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင်
သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးက "တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီဆိုတာ မပါဘူး။ တရုတ်ဆိုတာ မပါဘူး။ ပါကစ္စတန်ဆိုတာ မပါဘူး။ မပါတဲ့ လူတွေအားလုံးကို အခြားဆိုတဲ့ နေရာမှာ ထည့်သွင်းကောက်ယူသွားမယ်။ ၁၃၅ မျိုးထဲမှာ မပါရင် တိုင်းရင်းသား မဟုတ်ဘူး" ဟု ပြောကြားသည်။
ဆက်လက်၍ ၀န်ကြီးက လက်ရှိတွင် နိုင်ငံသားကတ် ကိုင်ဆောင်ထားသော တရုတ်၊ ဘင်္ဂါလီများနှင့် ပက်သက်၍ "နိုင်ငံသားဆိုတာ နိုင်ငံသားဖြစ်နေတာကို အသိအမှတ်ပြုတာ။ နိုင်ငံသားက နှစ်မျိုးရှိတယ်။ မွေးရာပါ နိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားဆိုပြီး ရှိတယ်။ မွေးရာပါ နိုင်ငံသားကို ဘယ်သူမှ ချေဖျက်လို့ မရဘူး။ တချို့က မွေးရာပါနိုင်ငံသား မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ အချက်နဲ့ ညီတယ်။ သူလည်း နိုင်ငံသားဖြစ်ခွင့် ရှိတယ်။ အဲဒါသည် ဥပဒေအရ နိုင်ငံသားပါ။ တရုတ်၊ ကုလားလည်း ဖြစ်နိုင်တာပေါ့" ဟု ပြောကြားသည်။
ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံသားကတ် ကိုင်ဆောင်ထားခြင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားသည်။
"သန်းခေါင်စာရင်း ကောက်ယူရေးဟာ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး ဘာနဲ့မှမဆိုင်ဘူး။ တိုင်းရင်းသားလူမျိုး ၁၃၅ လူမျိုးထဲ မပါရင် တခြားထဲမှာ ပါမယ်။ လူမျိုးပျောက် မသွားဘူး" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရေးအတွက် Third Party အဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများက ကြားခံပြီး ပြောဆိုမှုများ ပြုလုပ်နေကြောင်းနှင့် UNFPA ၏ အကူအညီဖြင့်လည်း ဆောင်ရွက်နေကြောင်း ၀န်ကြီးက ထပ်မံပြောကြားသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက် ညသန်းခေါင်အချိန်မှစ၍ ဧပြီ ၁၄ ရက်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Friday, September 13, 2013

မလေးရှားရောက် မြန်မာများအတွက် မြန်မာအစိုးရ တာဝန်ယူမည်

ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် မလေးရှားတွင် ရောက်ရှိနေသည့်
အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနဝန်ကြီး ဦးမောင်မြင့်က မလေးရှားနိုင်ငံတွင်လာရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ လုံခြုံစိတ်ချမှုကိုတာဝန်ယူမည်ဖြစ်ကြောင်း ကွာလာလမ်ပူတွင် လူမှုအဖွဲအစည်းများ နှင့်တွေ့ဆုံပွဲတွင် ပြောကြားသွားခဲ့သည် ။

ယနေ့ ပြုလုပ်နေသာ ops 6p တွင် အဖမ်းခံရသော နိုင်ငံသားပေါင်းစုံ ယနေ့အထိ ၈၀၀၀ ကျော်ရှိနေပြီး ထိုထဲတွင် တရားမဝင်နေထိုင်သူ စုစုပေါင်း ၂၁၀၀ ကျော် ရှိကြောင်း မလေးအစိုးရမှ ထုတ်ပြန်ကြော်ငြာထားသည် ။
အဆိုပါ အဖမ်းဆီးခံနိုင်ငံသားများထဲတွင် မြန်မာနိုင်ငံသား ၅၀၀ ကျော်ပါဝင်ပြီး ဖြစ်ကြောင်းသိရသည် ။
ယနေ့အထိ OPS 6P စီမံချက်အား မလေးရှားအစိုးရမှ ဆက်တိုက် ဆောင်ရွက် ဖမ်းဆီးနေဆဲဖြစ်ပြီး မလေးရှားနိုင်ငံ နေရာတော်တော်များများတွင် ဖမ်းဆီးမှုများ နေ့ရက်မပြတ် ပြုလုပ်နေသည်ကို သိရသည် ။
အဆိုပါအဖမ်းခံမြန်မာနိုင်ငံသားများအား မြန်မာအစိုးရမှ မြန်မာနိုင်ငံသားဟုတ်မဟုတ် စီစစ်ပြီးသည်နှင့် မြန်မာနိုင်ငံသို့အရောက် ပြန်ပို့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးမှပြောကြားသွားသည် ။
ထို့အပြင် မြန်မာနိုင်ငံသားများအပေါ် လစာ ၊ အလုပ်ခွင်လုံခြုံမှု ၊ အလုပ်သမားအကျိုးခံစားခွင့်များအတွက် တာဝန်ယူ စီစစ် ဆောင်ရွက်ပေးမည့် အစီအစဉ်ကိုလည်း အကောင်အထည် ဖော်သွားမည့်အကြောင်း သိရသည် ။

ထို့အပြင် မြန်မာနိုင်ငံသားများ မလေးရှားသို့နောက်ထပ်လာရောက်မှုအတွက် အလုပ်အကိုင် ၊ ခံစားခွင့် နှင့် အလုပ်ခွင်လုံခြုံမှုများ ရှိမှသာ စေလွှတ်သွားမည်ဖြစ်ကြောင်း ၊ မြန်မာအမျိုးသမီးများ မလေးရှားသို့ စေလွတ်မည်ဆိုပါက သေချာစွာစီစစ်ပြီးမှသာ စေလွတ်တော့မည်ဖြစ်ကြောင်း ကိုပါ ဆက်လက်ပြောကြားသွားခဲ့သည် ။
ယနေ့ မြန်မာနိုင်ငံသားများကြားတွင် ကြားနေရသော 6P ပြန်လည် စီစဉ်မည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ မလေးရှားရောက် မြန်မာများမှ မလေးရှား အာဏာပိုင် အဖွဲ့အစည်းများ သို့စုံစမ်းရာတွင် အဖမ်းခံရသော သူများထဲမှ ပါမစ်ထုတ်ပေးရန် ရှိသော သူများ ၊ 6P တွင်ငွေပေးပြီး ပါမစ်ထွက်မလာသေးသောသူများကိုသာ ပါမစ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည် ။
လက်ရှိရှိနေသေးသော သူများကိုမူ ပါမစ်ထုတ်ပေးမည့်အစီအစဉ်မရှိသေးကြောင်း ၊ ထပ်မံပြီးတရားမဝင်နေထိုင်သူများ အား အခြားအစီအစဉ်များရှိပါက မလေးရှားအစိုးရမှ တရားဝင်ကြော်ငြာမှသာ ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည် ။
သို့ကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပါမစ်ဆောင်ရွက်ရန် ရှိပါက သေချာလေ့လာပြီးမှသာ ဆောင်ရွက်ရန်အထူးအရေးကြီးသည် ။
ယနေ့ OPS 6P နှင့် OPS CANTAS ခေါ် မလေးရှားရှိ တရားမဝင် လူမိုက်အဖွဲ့ဝင်များ ဖမ်းဆီးမှု ၂ ခုကို ၂၀၁၃ ကုန်သည်အထိ ဆက်တိုက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယနေ့အထိ တရားမဝင် အလုပ်သမား ၅၀၀၀ ကျော် ၊ ဂိုဏ် အဖွဲ့ဝင် ၁၂၀၀ ကျော်ကို ဖမ်းဆီးပြီး ယာယီ DETENTION CENTER များ ပြည့်နေသောကြောင့် နောက်ထပ် ယာယီ ထိမ်းသိမ်းရေး စခန်း ၁၀ ခုဆောက်ပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ ကြော်ငြာသွားခဲ့ပြီးဖြစ်သည် ။
အဖမ်းအဆီး မရပ်သလို ၊ ပါမစ်ထုတ်ပေးမည့်အစီအစဉ်လည်း မရှိပါ ။ ယခု စီမံချက်ပြီးမှသာ အခြားသော လုပ်ငန်းစဉ်များ နှင့်ဆောင်ရွက်ရန်ရှိသည်များကိုဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည် ။
မလေးရှားအစိုးရ အား မြန်မာအစိုးရမှ တရားမဝင်နေထိုင်သူများအား ပါမစ်ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သိရသည် ။ သို့သော် မည်သည့်နေ့ ၊ မည်သည့်အစီအစဉ် ဆိုသည်ကိုမူ အတိအကျ မသိရသေးပါ ။
မလေးရှားရောက် မြန်မာများ

Wednesday, September 11, 2013

နေပြည်တော်တွင် Rocker အချိုရည်ရောင်းချခြင်း တားမြစ်

Rocker အားဖြည့်အချိုရည်ဘူးများအတွင်း အရောင်ပြောင်းလဲနေသည့် အရည်များနှင့် အဖတ်များ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့်
ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူရန် ညွှန်ကြားထားကြောင်း နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

စက်တင်ဘာ ၃ ရက်က နေပြည်တော်ရှိ အမှတ် (၁၁) အခြေခံမူလတန်းကျောင်းတွင် ကျောင်းသားမိဘတစ်ဦး ၀ယ်လာသည့် အချိုရည်အား ဆရာမများက ကျောင်းသားကျောင်းသူများအားတိုက်ရာ ထို Rocker အချိုရည် နှစ်ဘူးတွင် မည်းညစ်ညစ်အရည်များ၊ အဖတ်များနှင့် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး စတိုးဆိုင်များအား စစ်ဆေးကာ ရောင်းချမှုတားမြစ်ထားကြောင်း သိရသည်။

စတင်တွေ့ရှိခဲ့သည့် အချိုရည်များအား ဓာတုဗေဒစစ်ဆေးရေးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဌာနများသို့ ပို့ဆောင် စစ်ဆေးထားပြီး ထိုအချိုရည်ဘူး များဝယ်ယူခဲ့သည့် စတိုးဆိုင်အပြင် နေပြည်တော် ပျဉ်းမနားရှိ စတိုးဆိုင်ခြောက်ဆိုင်မှ Rocker အချိုရည်များအား လိုက်လံသိမ်းဆည်းပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က အတည်ပြုပြောကြားသည်။

““သိရတာက အဲဒီအချိုရည်က မှတ်ပုံတင်ထားခြင်း မရှိသေးဘူး။ သူတို့ရဲ့ ကုမ္ပဏီတာဝန်ခံကိုလည်းခေါ်ပြီး ဈေးကွက်ထဲကပြန်သိမ်းဖို့ မှာထားပြီးပါပြီ”” ဟု ဒေါက်တာထွန်းမြင့်က ဆက်လက် ပြောကြားသည်။

““ဘူးမှာ ဘဲဥပုံအမှတ်အသားပါတဲ့ဘူးတွေကို မရောင်းဖို့ အခုပဲ လာပြောသွားတယ်။ ရဲ၊ စည်ပင်၊ ကျန်းမာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်”” ဟု ပျဉ်းမနားမြို့ ကံဦးရပ်ကွက်ရှိ အိမ်ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်တစ်ဦးက စက်တင်ဘာ ၆ ရက် တွင်ပြောကြားသည်။

စက်တင်ဘာ ၄ ရက်မှ စတင်၍ နေပြည်တော်ရှိ စတိုးဆိုင်များတွင် စတင်စစ်ဆေးခဲ့ပြီး ပစ္စည်းများလာပို့လျှင် သတင်းပို့ရန်လည်း စစ်ဆေးရေးအဖွဲ့က မှာကြားသွားခဲ့ကြောင်း ဇင်ဇင်မုန့်တိုက်မှ ပြောသည်။ ဘူးခွံတွင် ဘဲဥပုံအမှတ်အသားပါသည့် ဘူးများအပြင် အမှတ်အသားမပါသည့် ဘူးများနှင့် လက်ကိုင်ကွင်းအစိမ်းရောင်၊ အဖြူရောင်ဖြစ်သည့်ဘူးများ ဈေးကွက်အတွင်း တွေ့ရှိရပြီး မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် ယင်းအမှတ်တံဆိပ်ဘူးများအားလုံး ပြန်သိမ်းရန် ပြောကြားထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ခွဲဌာနများတွင် စစ်ဆေးထားသည့်အဖြေ ပြန်လည်မရရှိသေးဘဲ တရားစွဲဆိုမှုများသည် သက်ဆိုင်ရာမြို့နယ်၏ အစီအစဉ်ဖြစ်ကြောင်း ဒေါက်တာထွန်းမြင့်က ပြောသည်။

7day daily

Thursday, September 5, 2013

ဥက္ကံအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူသုံးဦးကို ပြစ်ဒဏ်အသီးသီးချ

ဧပြီလကဖြစ်ပွားခဲ့သည့် ဥက္ကံမြို့ဆူပူအကြမ်းဖက်မှု တရားခံအမျိုးသားသုံးဦးကို ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၃ ရက်တွင် တရားခံများဖြစ်ကြသည့် စိန်ဟန်၊ ၀င်းသန်းနှင့် ကြည်ခိုင်စိုးတို့သုံးဦးကို တိုက်ကြီးမြို့နယ်တရားရုံးမှ အပြီးသတ်စီရင်ချင်ချကာ အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်နှင့် ခုနစ်နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါအမျိုးသားသုံးဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဧပြီ ၃၀ ရက် နံနက် ၉ နာရီ၌ ဗုဒ္ဓဘာသာကိုရင်တစ်ပါးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးတို့ မတော်တဆထိခိုက်မိရာမှ စတင်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ကြသောကြောင့် ဥက္ကံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခံခဲ့ရသည်။
ထို့ကြောင့် တရားခံစိန်ဟန်ကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၄၀/၃၄ ကို ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် အလုပ်နှင့်ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်စီရင်လိုက်ခြင်းဖြစ်သည်။ အလားတူ တရားခံဝင်းသန်းကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၃၄ စွဲချက်ဖြင့် အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်သည်။
ထို့အပြင် တရားခံကြည်ခိုင်စိုးကို ပြစ်မှုဆိုင်ရာပုဒ်မ ၄၄၀/၃၄ ကို ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောကြောင့် အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်နှင့် ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၃၄ ကို ကျူးလွန်ခဲ့သောကြောင့် အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
7daynewsjournal.com

မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်

မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်


မောင်တာ
မန္တလေး၊စက်တင်ဘာ-၃၀
အတွဲ (၁၁)၊ အမှတ်(၃၀)
မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောသည်။
ထို့အပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေနှင့်အညီ
အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က စက်တင်ဘာ ၂၈ ရက် လွှတ်တော်အစည်းအဝေးများ အပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပြောကြားသည်။
ဝန်ကြီးချုပ်ဦးရဲမြင့်က “ကျွန်တော်တို့ ရွေးချယ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်မှုတွေ အားလုံးလုပ်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိပုဂ္ဂိုလ်များအား သင်တန်းများ ပေးအပ်ထားပြီး ဖြစ်ပါတယ်။ အားလုံးပြီးပါပြီ။ ကျွန်တော်တို့ Ready ဖြစ်နေပါပြီ”ဟု ရှင်းလင်းပြောကြားသည်။ ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိပြီးဖြစ်သလို မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးချယ်မှုပြုလုပ်ရန် အဆင်သင့်ဖြစ်နေသော်လည်း ဘတ်ဂျက်ကိစ္စ ထည့်သွင်းတွက်ချက်နေ၍ မရွေးချယ်နိုင်သေးဘဲ ဖြစ်နေကြောင်း၊ ဘတ်ဂျက်မရှိသေးဘဲ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ခန့်အပ်တာဝန်ပေးလိုက်လျှင် မလိုလားအပ်သော နည်းလမ်းများဖြင့် ဘတ်ဂျက်ရှာဖွေနိုင်ဖွယ် ရှိသောကြောင့်ဖြစ်ကြောင်း ဦးရဲမြင့်က ထပ်မံရှင်းလင်း ပြောကြားသည်။
၎င်းက “ဒါတွေကို အမြန်ဆုံးလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာလို့မလုပ်သေးလဲဆိုတော့ ကျွန်တော်တို့ တာဝန်ပေးအပ်လိုက်တယ်ဆိုရင် သူတို့အတွက် ချီးမြှင့်ငွေ၊ သတ်မှတ်ထားသော လစဉ်အသုံးစရိတ် ဒါတွေလည်း တစ်ပါးတည်းပေးရမှာ ဖြစ်ပါတယ်။ လစဉ်သတ်မှတ်ထားသော အသုံးစရိတ် မရှိဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ လေ့လာသိရှိပြီးကြတဲ့ အတိုင်းပဲ အခြားသော အစီအစဉ်များနဲ့ ဆောင်ရွက်လာနိုင်ဖွယ်ရှိတဲ့ အနေအထားမျိုးတွေကို တွေ့ကြုံလာနိုင်တဲ့အတွက် အခုဆိုရင်တော့ ဒီလကစပြီး ဘတ်ဂျက်မှာ လျာထားထည့်သွင်း တွက်ချက်ဖို့ ဖြစ်ပါတယ်”ဟု အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။
ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ မမှန်မကန် လုပ်ရပ်များအပေါ် လူထုက မကျေနပ်၍ တိုင်ကြားလာမှုများ မှန်ကန်ကြောင်း စိစစ်တွေ့ရှိချက်အရ တာဝန်မှ ထုတ်ပယ်ပြောင်းလဲမှုများ ရှိခဲ့ကြောင်း ပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း ၂၁၂ ဦးအား ထုတ်ပယ်အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားသည်။
ထို့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ တာဝန်များ ပျက်ကွက်ခြင်းအပေါ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို (၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ အမှတ် ၇)ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ထို့အပြင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၅ ဖြင့်လည်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊
အရည်အချင်း ပျက်ယွင်းခြင်းများအပေါ် အရေးယူဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးအောင်ကျော်မိုးကပြောသည်။
အမရပူရမြို့ ရွှေဂွမ်းထုပ်ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည် ဆိုသည့်အပေါ် ကြိုဆိုကြောင်း၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လုပ်ဆောင်ချက်များသည် ရပ်ရွာအပေါ် အကျိုးသက်ရောက်မှုရှိပြီး အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည်ဆိုလျှင် ရပ်ကွက်အတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်သော စေတနာထားနိုင်သော လူများကို ဒီမိုကရေစီနည်းကျကျ ရွေးချယ်ခန့်ထားရန် လိုအပ်ကြောင်း ပြောသည်။ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေသစ်တွင် အမျိုးသမီးများလည်း အမျိုးသားများနှင့်တန်းတူ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။
7daynewsjourna

ကန့်ဘလူ အကြမ်းဖက်မှု စ စေတဲ့ အဓမ္မကြံစည်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ်

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ သြဂုတ်လ နှောင်းပိုင်းက အိုးအိမ်တွေ၊
စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံခဲ့ရတဲ့ ဘာသာရေး ပဋိပက္ခတွေ အစပြုခဲ့တဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုနဲ့ ဖမ်းဆီးခံထားရသူ ကိုဆန်းမင်းဦးကို ကန့်ဘလူတရားရုံးက ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချမှတ်လိုက်ကြောင်းသိရှိရပါသည်။ယခုအချိန်တွင်ထန်းကုန်းရွာအခြေအနေမှာ တည်ငြိမ်မှုရှိနေပြီး တည်တည်ဒါပေမဲ့ ပုံမှန်အနေအထား၊ သွားတာလာတာတွေကတော့ ပုံမှန်အနေအထားတော့ပြန်ဖြစ်နေပြီ ဒါပေမဲ့ယခင်ကလိုတော့ ညရေးညတာ သွားရေးလာရေး၊ ကတော့ မရှိသလောက်ဖြစ်သွားပြီပေါ့ဗျာ။

Tuesday, September 3, 2013

မလေးရှား လူဝင်မှု စိစစ်ရေးကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်

မလေးရှားနိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်မှု စိစစ်ဖို့နဲ့ မှုခင်းတွေ လျှော့ချဖို့ စီမံချက်နဲ့ မလေးရှားအစိုးရကနေ နိုင်ငံတွင်းမှာရှိတဲ့ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား အလုပ်သမားတွေကို တပြည်လုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတယ်လို့ မလေးရှားရောက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အခု ဖမ်းဆီးမှုမှာတော့ တရားဝင် ၀င်ရောက် နေထိုင်သူတွေကိုလည်း သိမ်းကျုံးဖမ်းဆီးနေသလို ဒီဖမ်းဆီးမှု စီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ တရားမ၀င် နေထိုင်တဲ့သူတွေကို မလေးရှား ရဲတပ်ဖွဲ့တွေ ကနေ စက်တင်ဘာလဆန်းမှာ ဖမ်းဆီးမှုတွေ ပြင်းထန်စွာ ပြုလုပ်နေပါတယ်။ မလေးရှားအစိုးရအနေနဲ့ စီမံချက်ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားမ၀င် နေထိုင်သူတွေကို ဖမ်းဆီးနေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်ကြီးက ပြောပါတယ်။

“အခုက စက်ရုံတွေကို လိုက်ဖမ်းနေပါတယ်။ စက်မှုဇုန်တွ လိုက်ဖမ်းတယ်။ ပိတ်ပြီးတော့ ဖမ်းတယ်။ နောက် city ထဲမှာ ဖမ်းတာကတော့ သကြားလုံးစက်ရုံမှာ ဖမ်းနေပါတယ်။ ဖမ်းတာကတော့ တနိုင်ငံလုံးကို ဖမ်းမှာပဲလေ။ ဒါပေမဲ့ သူတို့ ဒီနေ့ Foreigners အများစု ရှိတဲ့နေရာကို ဦးစားပေး နံပါတ်တစ်ပေါ့နော် အဲ့ဒါကို ၀င်ဖမ်းတာပေါ့။ တလမ်းလုံးက မြန်မာအများစုနေတာများတယ်။ မြန်မာရွာလို့ ခေါ်လို့ရတာပေါ့။ အဲ့ဒီမှာ UNHCR ပေါ့ ဒုက္ခသည်ကဒ်ရှိမယ်။ တရားဝင် စာရွက်စာတမ်းနဲ့လူရှိမယ်။ နောက် တရားမ၀င်တဲ့လူတွေရှိတယ်။ စီမံချက်က ၃ လ လို့ကြားထားတယ်။”

အရင်ကဆိုရင် မလေးရှားအာဏာပိုင်တွေအနေနဲ့ တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမဲ့ အခုအခါမှာတော့ တရားဝင် အလုပ်သမားတွေကိုပါ သိမ်းကျုံးဖမ်းဆီးနေတယ်လို့ ကိုအောင်ကြီး ကပဲ ဆက်ပြောပါတယ်။

“အခုက တရားမ၀င်တာရော၊ တရားဝင်တာရော မသိဘူး။ သူတို့က ဖမ်းတာပေါ့။ ဖမ်းပြီးတဲ့အခါကျတော့ စခန်းရောက်မှ သူတို့က ရှင်းကြတာ။ မနေ့က ကျနော်တို့ ဘယ်မှာလဲဆိုတော့ နေ့ပိုင်းမှာ ဖမ်းသွားတဲ့သူတွေကျတော့ ပါမစ်လည်းရှိတယ်။ အားလုံးမှန်တယ်။ ဒါပေမဲ့ လုပ်တဲ့ ဆိုင်လိပ်စာ မတူတဲ့အတွက် ဖမ်းခံရတယ်။ မနေ့ကတော့ ချင်းလူမျိုး ၁၀၀ ပေါ့။ သူတို့ ဘုရားရှိခိုးကျောင်းကနေပြီးတော့
ပြန်တဲ့အချိန်မှာ ဖမ်းခံရတယ်။ နောက်ထပ် အယောက် ၂၀၀ ကတော့ ကွာလာလမ်ပူနဲ့ပေါ့ အနီးတ၀ိုက်တွေပေါ့ အကုန်အဖမ်းခံရတာပေါ့နော်။ မနေ့က ကွာလာလမ်ပူမှာတင် အားလုံး ဖမ်းတာ ၃၀၀ လောက်ရှိတယ်ခင်ဗျ။”

“ပီနန်မှာကတော့ အယောက် ၅၀ လောက်ရှိတယ်။ --- မှာကျတော့ အယောက် ၅၀ လောက်ရှိတယ်။ မြန်မာအားလုံးပေါင်းရင် အယောက် ၅၀၀ လောက်ရှိတယ်။ ခန့်မှန်းချေ။ အခုလောလောဆယ်တော့ ၀င်နေတယ်။ ဖမ်းတုန်းပဲရှိသေးတယ်။ မပြီးသေးဘူး။”

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား အရေအတွက် ၆ သိန်းနီးပါးရှိပြီး၊ အဲဒီအထဲက ၅ သိန်းဝန်းကျင်လောက်ဟာ တရားမ၀င် အလုပ်သမားများ ဖြစ်တယ်လို့လည်း Burma Campaign မလေးရှားအဖွဲ့ကနေ စာရင်းပြုစုထားပါတယ်။ အခုလို ဖမ်းစီးမှုစီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ညွန့်ပေါင်းအဖွဲ့ ဥက္ကဌ စောခင်အောင် က ပြောပါတယ်။

“စိုးရိမ်ရတဲ့ အခြေအနေဆိုတာက အခု များသောအားဖြင့်က ကျနော်တို့ မြန်မာပြည်က လာတဲ့လူများတယ်။ သူတို့က ဘာမှ လက်ထဲမှာ မရှိသေးတဲ့လူတွေပေါ့ဗျာ။ ဆိုလိုချင်တာက work permit တို့၊ နေထိုင်စရာ လက်မှတ်တို့ ဘာတို့ နည်းနည်း အာမခံချက်ရှိမယ့် UN ကဒ်တို့ မရှိသေးတဲ့သူတွေက များတယ်ခင်ဗျ။ ဆိုတော့ အဲ့ဒီလူတွေအတွက်က တော်တော် စိုးရိမ်စရာရှိတာပေါ့နော်။”

ဒါပေမဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေကိုတော့ စစ်မှန်ကြောင်း စိစစ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ညွန့်ပေါင်းအဖွဲ့ ဥက္ကဌ စောခင်အောင်က ပြောပါတယ်။

“UN ကဒ် ရသွားပြီးတဲ့သူတွေကတော့ သူတို့ လွှတ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ မသင်္ကာလို့ရှိရင်တော့ ခေါ်သွားထိန်းသိမ်းမယ်။ ထိန်းသိမ်းပြီး သူတို့ စစ်ဆေးကြည့်လိုက်လို့ UN ကဒ် အစစ်အမှန်ဆိုရင်တော့ သူတို့ ပြန်လွှတ်ပေးပါတယ်။”

အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတာကြောင့် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ  စိုးရိမ်ပူပန်စွာနဲ့ နေထိုင်နေရတယ်လို့လည်း အလုပ်သမားတဦးက မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။

“ဒီမှာတော့ အစွမ်းကုန် ဖမ်းဆီးနေတယ်။ သတိထားပြီး နေနေရတာပေါ့နော်။ အားလုံးကလည်း စိုးရိမ်နေကြရတယ်။ ကျနော်တို့ အလုပ်လုပ်တဲ့ဆိုင်မှာဆိုရင် သူပြန်ချင် ငါပြန်ချင် ဖြစ်နေကြတယ်” လို့ မွန်ဘာသာလို ပြောဆိုသွားတာပါ။

ဖမ်းဆီးထားတဲ့သူတွေကိုမလေးရှားတရားရုံးကနေစစ်ဆေးပြီး ကြိမ်ဒဏ်အပါအ၀င် ထောင်ဒဏ်ချသွားဖို့အစီအစဉ် ရှိနေတယ်လို့လဲ အလုပ်သမားတွေကပြောပါတယ်။ မလေးရှားနိုင်ငံဆိုင် မြန်မာသံရုံး အလုပ်သမားရေး တာဝန်ခံ ဦးစိုးသိန်းကတော့ အခုလို အဖမ်းအဆီးရှိနေတဲ့ ကာလတွေမှာ မြန်မာအလုပ်သမားတွေအနေနဲ့ အထူးသတိရှိကြဖို့ လိုအပ်တယ်ဆိုပြီး ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“Immigration ဥပဒေအရ တရားမ၀င် နေထိုင်တဲ့အတွက်ကြောင့်မို့ သူတို့ ဖမ်းတယ်ဆိုတော့ ဥပဒေကြောင်းအရတော့ ကျနော်တို့က သွားဆွေးနွေးလို့တော့ မရဘူးပေါ့နော်။ လောလောဆယ်တော့ သူတို့ အဲ့လို ကိုယ်တရားမ၀င်နေတဲ့ သူတွေအနေနဲ့ကတော့ အနေအထိုင်လေး နည်းနည်းလေး ဆင်ခြင်ပြီးတော့ နေဖို့တော့ ကျနော်တို့က အဲ့လို ကြုံရင်ကြုံသလိုတော့ ပြောပေးထားတယ်။ တရားဝင်တဲ့သူကတော့ မဖမ်းပါဘူး။ စီမံချက်ဆိုတော့ သူတို့က စွဲတာကတော့ အကုန်စွဲတာပေါ့။ စွဲတဲ့အခါမှာ တရားဝင်ဆိုရင်တော့ သူက ပြဿနာမရှိဘူးလေ။ တရားဝင်ဆိုရင်တော့ သူတို့မခေါ်ဘူး။"

"တရားမ၀င်ဆိုရင်တော့ ခေါ်သွားတာပေါ့။ လောလောဆယ်တော့ သူက ချက်ချင်း ကလေးတွေလက်ထဲမှာ ပတ်ပို့စ် မပြနိုင်လို့ရှိရင်ကတော့ လောလော ဆယ်ကတော့ အကုန် စွဲတာပဲလေ။ ဒါ သူတို့ မလေးရှားနိုင်ငံသားက လွဲလို့ အကုန် စွဲတာပဲ။ စွဲပြီးတော့ တရားဝင်ဆိုရင် ပြန်လွှတ်လိုက်တယ်။ တရားမ၀င်ဆိုရင်တော့ သူတို့ ပြန်ပြီးတော့ ခေါ်ထားလိုက်တယ်။
ခေါ်ထားတဲ့သူတွေအနေနဲ့ကတော့ ဟိုတုန်းကတော့ သူတို့ ဒီ Immigration ဥပဒေအရတော့ အနည်းဆုံး ၃ လပေါ့ ထောင်ဒဏ်။ အပြစ်ပေးပြီးတော့ သူတို့က camp ထဲကို ပြန်သွားတယ်။ camp ထဲ ပြန်သွားပြီးတော့မှ camp ထဲကနေမှ ကိုယ့်နိုင်ငံ အသီးသီးအလိုက် ကိုယ့်မိဘတွေနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ သံရုံးကို သူတို့ရဲ့နိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင်တွေ၊ ပြန်ပေးပြီးတော့ သံရုံးကနေပြီးတော့ CI ဖောင်ဖြည့်ပြီးတော့ လေယာဉ်နဲ့ ပြန်တင်ပေးရတယ်။"

"အခု လောလောဆယ်တော့ ဒီမှာ CI လျှောက်တဲ့သူတွေ များနေကြတယ်။ လောလောဆယ်တော့ ဒါ CI ကတော့ သက်တမ်းကတော့ ၂ လလောက်တော့ ပေးထားတယ်။ ပြန်မယ်ဆိုရင် တရားမ၀င်လူတွေ နေတဲ့လူတွေအနေနဲ့ ပြန်ချင်တယ်ဆိုရင် CI ကို လျှောက်ထား။ CI ကို လျှောက်တဲ့အခါ CI က သက်တမ်း ၂ လပေါ့နော်။ ဒါပေမဲ့လို့ CI လျှောက်ထားပေမဲ့လို့ ကိုယ်ကတော့ အချိန်မတော်တို့ ဘာတို့ သွားလို့တော့ မရဘူးပေါ့။ တကယ်လို့ ရဲနဲ့ တွေ့ရင် သူတို့ Immigration က လူတွေနဲ့ ဖမ်းတဲ့လူနဲ့ တွေ့လို့ရှိရင် ဒါလေးတော့ ပြောပြလို့တော့ ရတာပေါ့။ ဒီ CI လျှောက်ထားရင်။ အဲ့လိုမှ မလျှောက်ဘဲနဲ့ သူတို့က ပြန်ဖို့လည်း CI မလျှောက်ဘူး။ ဒီအတိုင်း တရားမ၀င်လည်း နေတယ်ဆိုရင် ဒါ သူတို့ Immigration ဥပဒေအရတော့ ကျနော်တို့ကတော့ ဒါ ဒီဘက်က ပြောရနည်းနည်း ခက်တာပေါ့။”

မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကတော့ နိုင်ငံအတွင်း မှုခင်းတွေ လျော့နည်းလာဖို့ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျလာဖို့နဲ့
နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ စီမံချက်ချပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြီးခဲ့တဲ့ သြဂုတ်လမှာ တရားဝင် ကြေညာထားခဲ့ပါတယ်။ 
Voa Myanmar

Saturday, August 31, 2013

မြန်မာမိန်းကလေးတစ်ဦးအား မလေးရှားနိုင်ငံသားများ ၀ိုင်းဝန်းအဓ္ဓမပြုကျင့်

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား
သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင်  လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပုံမှာ လူတစ်စုက မြန်မာအမျိုးသမီး (၈)ဦး နေထိုင်သည့် အဆောင်ကို အနုကြမ်းဝင်စီးကာ အသက် ၂၀ ဝန်းကျင် မသူဇာအေး အား ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အုပ်စုဖြင့် ဝိုင်းဝန်း အဓမ္မပြု ကျင့်ခဲ့ကြတယ်၊ မနက် ၁ နာရီကျော်ခန့် တွင် ၄င်းအဆောင်အနီး လမ်းမပေါ်တွင် ကားပေါ်မှ ပစ်ချသွားပါတယ်။

အဆိုပါ မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အား ဖြတ်ဆီးပြီး လူတစ်စု အဆောင်တွင်းသို့ ဝင်ရောက်လာ သောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ  အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြပေမယ့်  မသူဇာအေး ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်လို့  ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့တာကြောင့်  ဓားဖြစ်ထောက် ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်ပါတယ်။

အခုအခါ မသူဇာအေးမှာ လိုအပ်သော ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း၊ တရားခံများ၏ ပုံပန်းသဏ္ဍာန်ကို ယင်းပတ်ဝန်းကျင်ရှိ စီစီတီဗွီ မှတ်တမ်းမှ တဆင့် ရှာဖွေဖော်ထုတ် သွားရန် အစီအစဉ်များရှိကြောင်း လူမှုကွန်ယက် အင်တာနက် သတင်းများမှာ ရေးသားဖော်ပြကြပါတယ်။

ထိုအဖြစ်အပျက်အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ မြန်မာသံရုံးမှ မလေးရှား လဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်တယ်လို့  မလေးရှားရောက်များရဲ့ အင်တာနက် သတင်းများ အရသိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပါတ်သတ်ပြီး  မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ သူတို့ နေအိမ် အဆောင်များ လုံခြုံမှု ရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူ တိုင်ကြားပေးရန် Flairis Sdn Bhd စက်ရုံတွင် ဆန္ဒပြ တောင်းဆို နေကြောင်းလည်း သိရပါတယ်။

by Myanmar News Now

Thursday, August 29, 2013

စစ်တွေမှာ လုံထိန်းအင်အားကိုပုံမှန်ထက်များစွာချထား

စစ်တွေမှာ လုံထိန်းအင်အားကို ပုံမှန်ထက် များစွာ ချထားတာကြောင့် ဒေသခံအချို့ ကြောက်လန့် ထွက်ပြေး

ရန်ကုန်၊ သြဂုတ် ၂၅ / စစ်တွေမှာ လူဦးရေစာရင်း ကောက်ခံတဲ့အခါမှာ


လုံထိန်းစစ်တွေမှာ လူဦးရေစာရင်း ကောက်ခံတဲ့အခါမှာ လုံထိန်းအင်အားကို ပုံမှန်ထက် များစွာ ချထားတာကြောင့် ဒေသခံအချို့ ကြောက်လန့် ထွက်ပြေးပြီး စာရင်းမဝင်တာတွေ ဖြစ်နေတယ်လို့ စစ်တွေဒေသခံ တစ်ချို့က ဆိုပါတယ်။
“လုံထိန်းအင်အားကို အများကြီး ချထားတော့ ဥယျာဉ်သာအုပ်စုက တစ်ချို့ ကလေးတွေ၊ မိန်းမတွေက ထွက်ပြေးတာပေါ့၊ ယောင်္ကျာသားလဲ မရှိတော့ ကြောက်ကျတယ်၊ ပြီးတော့ လုံထိန်းတွေက ဝတ်စုံအပြည့်အစုံနဲ့၊ ဒေသခံအချို့က ဗမာစကားလဲ မတက်ဘူး၊ ရခိုင်စကားလဲ မပြောတက်တော့ ကြောက်ပြီး ထွက်ပြေးကြတာ” လို့ စစ်တွေဒေသခံ တစ်ဦးက မြန်မာမွတ်စ်လင် မီဒီင်္ယာကို ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ လူဦးရေ သန်းခေါင်းစာရင် ကောက်ယူမှုကို သြဂုတ်လ (၂၃) ရက်နေ့က စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ လူဦးရေ စာရင်းကောက်ယူမှုတွင် လုံခြုံရေး အင်အားကို ပုံမှန်ထက်များပြားစွာ ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မှန်စီကွက်စုံနဲ့ သက္ကေပြင်ကန့်မှာ လုံထိန်းအင်အား ၄၀၀ မှ ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ဥယျာဉ်သာအုပ်စု ကျေးရွာတွေမှာတော့ လုံထိန်းအင်အား ၇၀၀ မှ ၈၀၀ ဝန်းကျင် ချထားတယ်လို့ သတင်းရရှိပါတယ်။
လူဦးရေစာရင်း ကောက်ယူမှုအတွက် အိမ်တစ်အိမ်ကို ဝင်ရောက်တဲ့အခါမှာလဲ လုံထိန်းအင်အား ၃၀ ဝန်းကျင်ခန့်က အိမ်ရဲ့ ရှေ့နောက်တံခါးတွေမှာ နေရာယူ ထားတာကြောင့် ဒေသခံ အချို့ ကြောက်လန့် ထွက်ပြေးသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ကြောက်လန့် ထွက်ပြေးမှုကြောင့် စာရင်းမဝင်တဲ့သူ ၃၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။
“လုံခြုံရေးယူတာကို မပြောလိုပါဘူး၊ အိမ်အပြင်မှာပဲ လုံခြုံရေးယူပေါ့ ခုတော့ အကြမ်းဖက်သမားပဲ ဖမ်းသလို၊ သူပုန်ပဲစစ်သလို လုပ်တော့ လူတွေ ကြောက်ကြတာပေါ့၊ အိမ်တစ်အိမ်မှာ အလွန်ဆုံးရှိလှ မိသားစု ၈ ယောက်ပေါ့ ဒါကို လူလေးဆယ်လောက်က လူဦးရေ စာရင်းကောက်တော့ ကြောက်တာ မဆန်းပါဘူး၊ တစ်ခုပဲ စိုးရိမ်တာက စာရင်းမဝင်တဲ့သူတွေကို ခိုဝင်ဘင်္ဂလီလို့ စာရင်းထည့်မှာ စိုးတယ်” လို့ ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မီဒီယာသို့ ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နောက်တစ်ကြိမ် စာရင်းပြန်လည် တိုက်ဆိုင် စစ်ဆေးတဲ့အခါမှာ လူဦးရေ စာရင်း ကောက်ခံမှုမှာ စာရင်းမဝင်တဲ့ လူ ၃၀ ရာခိုင်နှုန်းကို ခိုးဝင်ဘင်္ဂလီ အဖြစ် သတ်မှတ်လိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ စစ်တွေမှာ လူဦးရေစာရင်း ကောက်ခံမှုကို ဧပြီလ၂၆ ရက်နေ့မှာ ပထမအကြိမ် ကောက်ခံမှု ရှိခဲ့ပါတယ်။ အဆိုပါ ကောက်ခံမှုတွင် စစ်တပ်နဲ့ ဒေသခံ ဒုက္ခသည်တွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ပထမဖြစ်စဉ်ကြောင့် ယခုတစ်ကြိမ်မှာ လုံခြုံရေး အင်အားကို တိုးမြင့် ချထားခြင်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။
သတင်း – မိုးကြယ်စင်