Social Icons

Pages

Monday, September 16, 2013

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားနေစဉ်
တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါဝင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း
   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။
စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင်
သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးက "တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီဆိုတာ မပါဘူး။ တရုတ်ဆိုတာ မပါဘူး။ ပါကစ္စတန်ဆိုတာ မပါဘူး။ မပါတဲ့ လူတွေအားလုံးကို အခြားဆိုတဲ့ နေရာမှာ ထည့်သွင်းကောက်ယူသွားမယ်။ ၁၃၅ မျိုးထဲမှာ မပါရင် တိုင်းရင်းသား မဟုတ်ဘူး" ဟု ပြောကြားသည်။
ဆက်လက်၍ ၀န်ကြီးက လက်ရှိတွင် နိုင်ငံသားကတ် ကိုင်ဆောင်ထားသော တရုတ်၊ ဘင်္ဂါလီများနှင့် ပက်သက်၍ "နိုင်ငံသားဆိုတာ နိုင်ငံသားဖြစ်နေတာကို အသိအမှတ်ပြုတာ။ နိုင်ငံသားက နှစ်မျိုးရှိတယ်။ မွေးရာပါ နိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားဆိုပြီး ရှိတယ်။ မွေးရာပါ နိုင်ငံသားကို ဘယ်သူမှ ချေဖျက်လို့ မရဘူး။ တချို့က မွေးရာပါနိုင်ငံသား မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ အချက်နဲ့ ညီတယ်။ သူလည်း နိုင်ငံသားဖြစ်ခွင့် ရှိတယ်။ အဲဒါသည် ဥပဒေအရ နိုင်ငံသားပါ။ တရုတ်၊ ကုလားလည်း ဖြစ်နိုင်တာပေါ့" ဟု ပြောကြားသည်။
ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံသားကတ် ကိုင်ဆောင်ထားခြင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားသည်။
"သန်းခေါင်စာရင်း ကောက်ယူရေးဟာ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး ဘာနဲ့မှမဆိုင်ဘူး။ တိုင်းရင်းသားလူမျိုး ၁၃၅ လူမျိုးထဲ မပါရင် တခြားထဲမှာ ပါမယ်။ လူမျိုးပျောက် မသွားဘူး" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရေးအတွက် Third Party အဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများက ကြားခံပြီး ပြောဆိုမှုများ ပြုလုပ်နေကြောင်းနှင့် UNFPA ၏ အကူအညီဖြင့်လည်း ဆောင်ရွက်နေကြောင်း ၀န်ကြီးက ထပ်မံပြောကြားသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက် ညသန်းခေါင်အချိန်မှစ၍ ဧပြီ ၁၄ ရက်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပွဲ သတင်းဆိုဒ်များ

Friday, September 13, 2013

ကျန်းမာရေးကို ဒုက္ခအပေးဆုံးသတ္တ၀ါ

ခြင်အမျိုးကွဲပေါင်း 300 ကျော်ရှိပါသည်။
အဓိကအမျိုးကြီး (3) မျိုးရှိသည်။
1- အနောဖလီခြင်    = ငှက်ဖျားရောဂါဖြန့်ဖြူးသောခြင်
    Anophales               ရေသန့်/ စန်းရေတွင်ပေါက်ဖွားသည်။
2- ကြူးလက်ခြင်      = ရေမြောင်းအညစ်အကြေးထဲမှာပေါက်ဖွားသော ခြင်ကောင်သေးသေး
    Culex                      အမျိုးအစားဖြစ်၍ ဆင်ခြေထောက်ရောဂါဖြစ်စေသည်။
3- အေးဒီးစ်ခြင်        = သောက်ရေ သုံးရေ ဘုရားစင်အိုးထဲတွင် ပေါက်သောခြင်၊
    Aedes                     မြန်မာနိုင်ငံတွင် ကလေးများ သွေးလွန်တုတ်ကွေးရောဂါဖြစ်စေသည်။

မလေးရှားရောက် မြန်မာများအတွက် မြန်မာအစိုးရ တာဝန်ယူမည်

ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် မလေးရှားတွင် ရောက်ရှိနေသည့်
အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနဝန်ကြီး ဦးမောင်မြင့်က မလေးရှားနိုင်ငံတွင်လာရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ လုံခြုံစိတ်ချမှုကိုတာဝန်ယူမည်ဖြစ်ကြောင်း ကွာလာလမ်ပူတွင် လူမှုအဖွဲအစည်းများ နှင့်တွေ့ဆုံပွဲတွင် ပြောကြားသွားခဲ့သည် ။

ယနေ့ ပြုလုပ်နေသာ ops 6p တွင် အဖမ်းခံရသော နိုင်ငံသားပေါင်းစုံ ယနေ့အထိ ၈၀၀၀ ကျော်ရှိနေပြီး ထိုထဲတွင် တရားမဝင်နေထိုင်သူ စုစုပေါင်း ၂၁၀၀ ကျော် ရှိကြောင်း မလေးအစိုးရမှ ထုတ်ပြန်ကြော်ငြာထားသည် ။
အဆိုပါ အဖမ်းဆီးခံနိုင်ငံသားများထဲတွင် မြန်မာနိုင်ငံသား ၅၀၀ ကျော်ပါဝင်ပြီး ဖြစ်ကြောင်းသိရသည် ။
ယနေ့အထိ OPS 6P စီမံချက်အား မလေးရှားအစိုးရမှ ဆက်တိုက် ဆောင်ရွက် ဖမ်းဆီးနေဆဲဖြစ်ပြီး မလေးရှားနိုင်ငံ နေရာတော်တော်များများတွင် ဖမ်းဆီးမှုများ နေ့ရက်မပြတ် ပြုလုပ်နေသည်ကို သိရသည် ။
အဆိုပါအဖမ်းခံမြန်မာနိုင်ငံသားများအား မြန်မာအစိုးရမှ မြန်မာနိုင်ငံသားဟုတ်မဟုတ် စီစစ်ပြီးသည်နှင့် မြန်မာနိုင်ငံသို့အရောက် ပြန်ပို့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးမှပြောကြားသွားသည် ။
ထို့အပြင် မြန်မာနိုင်ငံသားများအပေါ် လစာ ၊ အလုပ်ခွင်လုံခြုံမှု ၊ အလုပ်သမားအကျိုးခံစားခွင့်များအတွက် တာဝန်ယူ စီစစ် ဆောင်ရွက်ပေးမည့် အစီအစဉ်ကိုလည်း အကောင်အထည် ဖော်သွားမည့်အကြောင်း သိရသည် ။
်
ထို့အပြင် မြန်မာနိုင်ငံသားများ မလေးရှားသို့နောက်ထပ်လာရောက်မှုအတွက် အလုပ်အကိုင် ၊ ခံစားခွင့် နှင့် အလုပ်ခွင်လုံခြုံမှုများ ရှိမှသာ စေလွှတ်သွားမည်ဖြစ်ကြောင်း ၊ မြန်မာအမျိုးသမီးများ မလေးရှားသို့ စေလွတ်မည်ဆိုပါက သေချာစွာစီစစ်ပြီးမှသာ စေလွတ်တော့မည်ဖြစ်ကြောင်း ကိုပါ ဆက်လက်ပြောကြားသွားခဲ့သည် ။
ယနေ့ မြန်မာနိုင်ငံသားများကြားတွင် ကြားနေရသော 6P ပြန်လည် စီစဉ်မည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ မလေးရှားရောက် မြန်မာများမှ မလေးရှား အာဏာပိုင် အဖွဲ့အစည်းများ သို့စုံစမ်းရာတွင် အဖမ်းခံရသော သူများထဲမှ ပါမစ်ထုတ်ပေးရန် ရှိသော သူများ ၊ 6P တွင်ငွေပေးပြီး ပါမစ်ထွက်မလာသေးသောသူများကိုသာ ပါမစ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည် ။
လက်ရှိရှိနေသေးသော သူများကိုမူ ပါမစ်ထုတ်ပေးမည့်အစီအစဉ်မရှိသေးကြောင်း ၊ ထပ်မံပြီးတရားမဝင်နေထိုင်သူများ အား အခြားအစီအစဉ်များရှိပါက မလေးရှားအစိုးရမှ တရားဝင်ကြော်ငြာမှသာ ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည် ။
သို့ကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပါမစ်ဆောင်ရွက်ရန် ရှိပါက သေချာလေ့လာပြီးမှသာ ဆောင်ရွက်ရန်အထူးအရေးကြီးသည် ။
ယနေ့ OPS 6P နှင့် OPS CANTAS ခေါ် မလေးရှားရှိ တရားမဝင် လူမိုက်အဖွဲ့ဝင်များ ဖမ်းဆီးမှု ၂ ခုကို ၂၀၁၃ ကုန်သည်အထိ ဆက်တိုက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယနေ့အထိ တရားမဝင် အလုပ်သမား ၅၀၀၀ ကျော် ၊ ဂိုဏ် အဖွဲ့ဝင် ၁၂၀၀ ကျော်ကို ဖမ်းဆီးပြီး ယာယီ DETENTION CENTER များ ပြည့်နေသောကြောင့် နောက်ထပ် ယာယီ ထိမ်းသိမ်းရေး စခန်း ၁၀ ခုဆောက်ပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ ကြော်ငြာသွားခဲ့ပြီးဖြစ်သည် ။
အဖမ်းအဆီး မရပ်သလို ၊ ပါမစ်ထုတ်ပေးမည့်အစီအစဉ်လည်း မရှိပါ ။ ယခု စီမံချက်ပြီးမှသာ အခြားသော လုပ်ငန်းစဉ်များ နှင့်ဆောင်ရွက်ရန်ရှိသည်များကိုဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည် ။
မလေးရှားအစိုးရ အား မြန်မာအစိုးရမှ တရားမဝင်နေထိုင်သူများအား ပါမစ်ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သိရသည် ။ သို့သော် မည်သည့်နေ့ ၊ မည်သည့်အစီအစဉ် ဆိုသည်ကိုမူ အတိအကျ မသိရသေးပါ ။
မလေးရှားရောက် မြန်မာများ

Wednesday, September 11, 2013

နေပြည်တော်တွင် Rocker အချိုရည်ရောင်းချခြင်း တားမြစ်

Rocker အားဖြည့်အချိုရည်ဘူးများအတွင်း အရောင်ပြောင်းလဲနေသည့် အရည်များနှင့် အဖတ်များ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့်
ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူရန် ညွှန်ကြားထားကြောင်း နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

စက်တင်ဘာ ၃ ရက်က နေပြည်တော်ရှိ အမှတ် (၁၁) အခြေခံမူလတန်းကျောင်းတွင် ကျောင်းသားမိဘတစ်ဦး ၀ယ်လာသည့် အချိုရည်အား ဆရာမများက ကျောင်းသားကျောင်းသူများအားတိုက်ရာ ထို Rocker အချိုရည် နှစ်ဘူးတွင် မည်းညစ်ညစ်အရည်များ၊ အဖတ်များနှင့် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး စတိုးဆိုင်များအား စစ်ဆေးကာ ရောင်းချမှုတားမြစ်ထားကြောင်း သိရသည်။

စတင်တွေ့ရှိခဲ့သည့် အချိုရည်များအား ဓာတုဗေဒစစ်ဆေးရေးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဌာနများသို့ ပို့ဆောင် စစ်ဆေးထားပြီး ထိုအချိုရည်ဘူး များဝယ်ယူခဲ့သည့် စတိုးဆိုင်အပြင် နေပြည်တော် ပျဉ်းမနားရှိ စတိုးဆိုင်ခြောက်ဆိုင်မှ Rocker အချိုရည်များအား လိုက်လံသိမ်းဆည်းပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က အတည်ပြုပြောကြားသည်။

““သိရတာက အဲဒီအချိုရည်က မှတ်ပုံတင်ထားခြင်း မရှိသေးဘူး။ သူတို့ရဲ့ ကုမ္ပဏီတာဝန်ခံကိုလည်းခေါ်ပြီး ဈေးကွက်ထဲကပြန်သိမ်းဖို့ မှာထားပြီးပါပြီ”” ဟု ဒေါက်တာထွန်းမြင့်က ဆက်လက် ပြောကြားသည်။

““ဘူးမှာ ဘဲဥပုံအမှတ်အသားပါတဲ့ဘူးတွေကို မရောင်းဖို့ အခုပဲ လာပြောသွားတယ်။ ရဲ၊ စည်ပင်၊ ကျန်းမာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်”” ဟု ပျဉ်းမနားမြို့ ကံဦးရပ်ကွက်ရှိ အိမ်ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်တစ်ဦးက စက်တင်ဘာ ၆ ရက် တွင်ပြောကြားသည်။

စက်တင်ဘာ ၄ ရက်မှ စတင်၍ နေပြည်တော်ရှိ စတိုးဆိုင်များတွင် စတင်စစ်ဆေးခဲ့ပြီး ပစ္စည်းများလာပို့လျှင် သတင်းပို့ရန်လည်း စစ်ဆေးရေးအဖွဲ့က မှာကြားသွားခဲ့ကြောင်း ဇင်ဇင်မုန့်တိုက်မှ ပြောသည်။ ဘူးခွံတွင် ဘဲဥပုံအမှတ်အသားပါသည့် ဘူးများအပြင် အမှတ်အသားမပါသည့် ဘူးများနှင့် လက်ကိုင်ကွင်းအစိမ်းရောင်၊ အဖြူရောင်ဖြစ်သည့်ဘူးများ ဈေးကွက်အတွင်း တွေ့ရှိရပြီး မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် ယင်းအမှတ်တံဆိပ်ဘူးများအားလုံး ပြန်သိမ်းရန် ပြောကြားထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ခွဲဌာနများတွင် စစ်ဆေးထားသည့်အဖြေ ပြန်လည်မရရှိသေးဘဲ တရားစွဲဆိုမှုများသည် သက်ဆိုင်ရာမြို့နယ်၏ အစီအစဉ်ဖြစ်ကြောင်း ဒေါက်တာထွန်းမြင့်က ပြောသည်။

7day daily

Monday, September 9, 2013

စကားပြောပြီး ကွန်ပြူတာ ကို ခိုင်းကြည့် ရအောင်

သူငယ်ချင်းတို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ် စကားပြောပြီး ကွန်ပြူတာ ကို
ခိုင်းကြည့် ရအောင် ဆော့ဝဲလ်မလိုပါဘူး ၀င်ဒိုးမှာပါပြီးသားကို အသုံးချခြင်း ဖြစ်ပါသည်..

ကျနော်ဒါကို ကလိနေတာတော့ တော်တော်ကြာပြီး။အဆင်ပြေတယ်ဗျ။ကွန်ပြူတာ ကို စကားပြောပြီး
-သီချင်းဖွင့်ခိုင်းလို့ရတယ်
-စာတွေရေးခိုင်းလို့ ရတယ်
-ဂိမ်းကစားခိုင်းလို့ရတယ်
-အဖွင့် အပိတ် လုပ်ခိုင်းလို့ ၇တယ်
-အင်တာနက်သုံးလို့ရတယ်
-ချက်တင် ပြောလို့ရတယ်
ကျန်တာတွေ အများကြီး ကို လည်သလို ခိုင်းလို့ ရပါတယ်။
တစ်ခုတော့ ရှိတယ်ဗျ။သူ့ကို ခိုင်းမယ်ဆိုရင် အင်္ဂလိပ်လိုပဲ ခိုင်းလို့ရတယ်။။ကိုယ်ပြောတဲ့စကားကို
အင်္ဂလိပ်လိုပီအောင်ပြောရတယ်ဗျ။
မခက်ပါဘူး ကျနော်ဆို အစတုန်းကတော့ ပြောလို့မရဘူးဗျ ကြာလာတော့လဲ သူ့ဘာသာ သူ အဆင်ပြေလာပါတယ်

ကျနော် အကြိုက်ဆုံး အချက် က ဒါလေးကို စကားနဲ့ ခိုင်းနေရလို့ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောလဲတိုးတက်လာနိုင်ပါတယ်
ကျနော် ကလိနေတဲ့ အတွေ့အကြုံ လေးကို မသိသေးသူများ လည်း ကလိချင်ရင် ကလိလို့ ၇အောင်ပြန်လည်ဝေမျှ ပေးခြင်း
သာဖြစ်ပါသည်။ကျနော့် လို လူပိန်းများ နားလည်အောင်လဲဓါတ်ပုံစခရင် ဖမ်းပြီး ကြိုးစားေ၇းသားထားပါတယ်။
ကဲ စလိုက်ရအောင်
လိုအပ်ချက်များ
-windows 7 x32 (or) x64 တင်ထားသော ကွန်ပြူတာ(XP မှာလဲ ပါတယ်လို့ ကြားတယ် ကျနော့မှာ XP မရှိတော့ မစမ်းကြည့်ရသေးပါ)
-မိုက် ပါသော နားကြပ်
-ရေ တစ်ခွက်(ပြောနေရင်းနဲ့ အာခြောက်လာရင် သောက်လို့ရအောင်လေ)
**အင်္ဂလိပ်စကားနဲ့ အင်္ဂလိပ်စာကို မတောက်တခေါက်တက်သော လူတစ်ယောက်(ကျွမ်းကျင်တဲ့သူဆိုရင်တော့ နောနော် ပေါ့ဗျာ)
ကွန်ပြူတာကို ဖွင့်ပါ ။နားကြပ်နဲ့ မိုက်ကို တပ်လိုက်ပါ
(အောက်ပါရှင်းပြချက်များသည် windows 7 Ultimate sp1 x 64bit ကို အခြေခံပြီး ရေးသားထားပါသည်)
-------အရင်ဆုံး ကွန်ပြူတာကီးဘုတ်ပေါ်က ၀င်းဒိုးပုံပါတဲ့ခလုတ်ကို ကလစ်လိုက် Start menu ပေါ်လာရင် contorl panel
ထဲဝင်လိုက်ပါ။




ပြီးရင် Ease of Access ထဲကို ၀င်ပါ။(စက်တစ်လုံးနဲ့ တစ်လုံးမတူနိုင်ပါဘူး တွေ့အောင် ရှာကြပါ)



Speech Recognition ထဲထပ်ဝင်ပါ။(တစ်ချို့စက်တွေမှာ Ease of Access မရှိပဲ Speech Recognition ကို
တိုက်ရိုက်ရှာပေးရမှာဖြစ်ပါတယ်)



အဲဒါကို ၀င်လိုက်ရင် ဒီလိုမျိုးလေးတွေ့မှာပါ အခုမှစသုံးမယ်ဆိုတော့ လေ့ကျင့်ခန်းအရင်လုပ်ကြည့်ပါ(လေ့ကျင့်ခန်းကို အကုန်
လေ့ကျင့်ကြပါ ဒါမှ တကယ် အသုံးပြုတဲ့ အခါ ကျရင် အဆင်ပြေမှာပါ)
Take Speech Tutotial ကို ကလစ်လိုက်ပါ။



အောက်ကပုံအတိုင်းပေါ်လာမှာပါ



ညာဘက်ဒေါင့်မှာ ကိုယ်ပြောရမယ့်ဟာတွေကို ရေးထားပေးပါတယ် တက်နိုင်သလောက် ပီအောင်ပြောကြည့်ပါ
ကိုယ်ပြောတာ မှားနေရင် ဘယ်ဘက်က player မှာ What is this? လို့ ပြောနေမှာပါ မှန်အောင်ပြောပေးလိုက်ပါ။
(လေ့ကျင့် ခန်း ဖြစ်တဲ့ အတွက် သူပြောခိုင်းသလောက်ပဲပြောပါ။သူပြောခိုင်းတဲ့ အတိုင်း ပြောပါ။ တကယ်သုံးရင်တော့
ကိုယ်ခိုင်းချင်သလို အဆင်ပြေအောင်ပြောလို့ ရပါတယ်)
တစ်ခုသတိပေးချင်တာကတော့ လေ့ကျင့်ခန်းမှာ မောက်စ် နဲ့ ကီးဘုတ်ကို သုံးစရာမလိုပါ စကားပြောသက်သက်နဲ့ပဲ အလုပ်လုပ်မှာပါ
Next့ အစ Ok က အစ အားလုံး စကာပြောနဲ့ပဲ ခိုင်းပါ
လေ့ကျင့်ခန်းအားလုံး လေ့ကျင့်ပြီးသွားရင်တော့ ကွန်ပြူတာကို ဘယ်လိုခိုင်း၇မလဲ သဘောပေါက်လာပါလိမ့်မယ်
လေ့ကျင့်ခန်းကို ကျော်ပြီး မလေ့ကျင့်ပါနဲ့ လိုတော့ ပြောချင်ပါတယ်
အားလုံးပြီးပြီးဆိုရင် အပေါ်ဆုံးက Start Speech Recognition ကို ကလစ်ပြီး Player ပေါ်လာရင် လည်သလို
ခိုင်းပေတော့.....
http://sun-itgarden.blogspot.com/မူရင်း..http://simplelife.wall.fm/forum/topic/96 မှ ပြန်လည်မျှဝေသည်..

စကားပြောပြီး ကွန်ပြူတာ ကို ခိုင်းကြည့် ရအောင်

သူငယ်ချင်းတို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ် စကားပြောပြီး ကွန်ပြူတာ ကို