မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ B ပိုး ကူးစက်ခံထားရပြီး၊ နောက်ဆက်တွဲ ပြင်းထန်တဲ့ နာတာရှည်ရောဂါတွေဖြစ်သော အသည်းကင်ဆာ၊ အသည်းခြောက်သည့်ရောဂါနှင့်
အသည်းရောင်၊ အသားဝါ B ပိုးဟာ ဖြစ်နှုန်းများလွန်းနေပါသည်။အသည်းရောင်၊ အသားဝါ B ပိုးရောဂါအား အလွယ်တကူ ကာကွယ်ဆေးထိုးပြီး ကာကွယ်ကုသနိုင်ပါသည်။ထို့ပြင် B ပိုးရှိနေပြီးရင်လည်း
ငွေကုန်ကြေးကျ မများဘဲ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ သို့သော် B ပိုးရှိနေစဉ်
ရောဂါလက္ခဏာမပြဘဲ၊ ရောဂါပြင်းထန်လွန်းသည့် အဆင့်ရောက်မှ အသိနောက်ကျလျှင် ကုသရမလွယ်ကူပါ။ ထို့ကြောင့် ရောဂါရှိမရှိ ကြိုသိရှိဖို့ ဖြစ်နှုန်းများလွန်းတဲ့ မြန်မာနိုင်ငံတွင် လူတိုင်း B ပိုး ရှိမရှိကို ဆေးစစ်ကြည့်ကြဖို့ အလွန်အရေးကြီးပါကြောင်း..တိုက်တွန်းလိုက်ရပါသည်။
Tuesday, September 24, 2013
အသည်းရောင် အသားဝါ B ပိုး ကာကွယ်ရေး
ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု
ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာနှင့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင် သေဆုံးနေမှုကို မဂင်္လာတောင်ညွှန့် ရဲက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိသည်။
ဖြစ်စဉ်တွင် ကန်တော်ကြီးပတ်လမ်း ရှန်ဂရီလာ ဆောက်လုပ်ရေးဝန်းရှေ့တွင် အမျိုးသားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြသည်။
အသေးစိတ် စစ်ဆေးရာတွင် သေဆုံး သူသည် အမည်မသိ၊ နေရပ်လိပ်စာ မသိ (စုံစမ်းဆဲ) အသက် (၄၀)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး အဝတ်ဗလာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။
သေဆုံးသူသည် ဦးခေါင်း ဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ၊ ယနားထင်ညိုမဲ၊ လည်ပင်းဝဲဘက်နှင့် ရင်ဘက်ပွင့်ထွက် ဒဏ်ရာ၊ ယာဒူးခေါင်း ပေါက်ပြဲ၊ ဝှေးစေ့ စုတ်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေခြင်းလည်းဖြစ်သည်။
ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မော်တော်ယာဉ်တစ်စီးစီးက တိုက်မိ၍ ဒဏ်ရာရရှိကာ သေဆုံးခြင်းဖြစ်သည်ဟု ယူဆသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စု ၂၈ မှ ရဲအုပ် မျိုးဆွေဦးက စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ) ၄၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့သည်။
ယာဉ်မောင်းဖြစ်သူအား ပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် တရားစွဲတင်နိုင်ရန် စုံစမ်းရှာဖွေ လျက်ရှိသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

စပ်ဆေးများသတိပြုစရာ
ကျွန်တော်တို့ နိုင်ငံမှာရှိကြသော ကျန်းမာရေးအသိပညာ သိပ်မရှိသေးသူများစပ်ဆေးများ သတိထားသောက်ကြစေချင်ပါတယ်ခင်ဗျာ..။ဆေးဝါးများကို ဆေးအရောင်းဆိုင်များတွင် လွယ်ကူစွာ
ဝယ်ယူ၍ ရသည်မှာ ကောင်းမွန်သော်လည်း မကောင်းသောအချက်များလည်းကြုံတွေ့နေကြရပါသည်။
ဆေးဆိုင်များတွင် မိမိရောဂါဖြစ်သည်ကို ပြောပြီး ၀ယ်ယူသောက်သုံးသူများအနေဖြင့် မိမိကိုယ်တိုင် ၀ယ်ယူသောက်သုံးမှုများ မပြုကြပါရန် တိုက်တွန်းချင်ပါသည်။အဘယ်ကြောင့်ဆိုသော် ဆေးဆိုင်မှဆေး ရောင်းသူများသည် ဆေးဝါးများအား အတော်အတန် နားလည်မှုရှိကြသော်လည်း တစ်ချို့မှာ ဆေးဝါးများအကြောင်းနားမလည် မကျွမ်းကျင်ကြပါ။
ဆေးဆိုင်များတွင် စပ်ဆေး ဟုခေါ်သောအကိုက်အခဲပျောက်ဆေးများအားလုံးဝမသောက်ကြ
ပါရန်တိုက်တွန်းအပ်ပါသည်။ စပ်ဆေးများတွင် Dexa (ဒက်ဆာ)+Diclofenace50mg(ဒိုင်ကလိုဖင်းန်)+
Paracetamol(ပါရာစီတမောလ်)+Pheny(ဖီနိုင်း=အ၀ါလုံး)စသောဆေးများပေါင်းစပ်၍ ရောင်းချနေကြပါသည်။
ထိုဆေးများ အားလုံးသည် ပါရာစီတမောလ်မှ လွဲ၍ အစာအိမ်အား ထိခိုက်စေသောဆေးများဖြစ်ကြသည်။
အချို့ဆိုလျှင် အစာအိမ်သွေးကြောပေါက်ခြင်း၊ အစာအိမ်ပေါက်ခြင်းများအထိဖြစ်ကြရသည်။
ဆေးဆိုင်များအနေဖြင့်လည်း မရောင်းချကြပါရန် တိုက်တွန်းချင်ပါသည်။ပြည်သူများအနေဖြင့်လည်း ကိုယ် လက် ကိုက်ခဲလျှင် ဒီကိုဂျင်၊ ပါရာစီတမော့လ်များကိုသာ သောက်သုံကြပြီး မသက်သာလျှင် နီးစပ်ရာဆရာဝန်နှင့် ပြသကြပါရန် တိုက်တွန်းလိုက်ရပါသည် ခင်ဗျာ....။
Kaungthura

Saturday, September 21, 2013
မြစ်ရေကြီးခြင်းကြောင့် လူနေအိမ်များနစ်မြုပ်
21.9.13
ရွှေခဲရွာ၏ ရေလွှမ်းမိုးနေပုံ
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲရွာတွင် လူနေအိမ်များ နစ်မြုပ်လျှက်ရှိပြီး သွားလာမှုများ အခက်အခဲများကြုံတွေ့နေရပါသည်။

Thursday, September 19, 2013
မြစ်ရေကြီးခြင်းကြောင့် လူနေအိမ်များနစ်မြုပ်
Monday, September 16, 2013
ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံကို ၂၀၁၅ မတိုင်မီ ဆောင်ရွက်မည်
ပည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံ ပေါ်ပေါက်ရန်အတွက် ယခုအခါ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ကျန်းမာရေး အာမခံနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ယင်းအာမခံ အမျိုးအစားသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်း မရှိသေးသည့် အာမခံ အမျိုးအစားဖြစ်ကာ လက်ရှိတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်သည့် မြွေအန္တရာယ် အာမခံ အမျိုးအစားသာ ရှိသေးကြောင်း ၎င်းကဆိုသည်။
"ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို သုတေသန ပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ်။ ဒီအာမခံ ပေါ်ပေါက်လာဖို့အတွက် စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက် နေပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
ကျန်းမာရေး အာမခံ ပေါ်ပေါက်လာရန်အတွက် ကျန်းမာရေး ၀န်ကြီးဌာန၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ၊ ဆေးရုံ၊ ဆေးခန်း စသည်တို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကာ ၂၀၁၅ အမီ ပေါ်ပေါက်လာစေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"လူလတ်တန်းစားတွေအတွက် ကျန်းမာရေးနဲ့ အသက်အာမခံက ဈေးကွက်ဖွံ့ဖြိုးဖို့ အဓိကကျတဲ့ အာမခံနှစ်ခုပါ။ အဲဒါက အရင်ဖွံ့ဖြိုးလာရင် ကျန်တဲ့အာမခံ ဈေးကွက်ကပါ ပိုရင့်ကျက်လာမှာ ဖြစ်ပါတယ်" ဟု ဟောင်ကောင်အခြေစိုက် Manulife အသက်အာမခံ ကုမ္ပဏီ၏ senior vice president & regional executive Mr. Indren Naidoo က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်၍ မြွေအန္တရာယ် အာမခံ အမျိုးအစားကိုသာ ရောင်းချပေးလျက်ရှိပြီး မြွေကိုက်၍ သေဆုံးပါက လျော်ကြေးငါးသိန်းကျပ် ပေးလျော်ကြောင်း သိရသည်။
မြွေအန္တရာယ် အာမခံထားရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ထားရှိသူဦးရေ ၂၂၀၀၀၀ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂၃၀၀၀၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်း၏ နှစ်ချုပ်စာရင်းမှ သိရသည်။
ယင်းအာမခံ အမျိုးအစားသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်း မရှိသေးသည့် အာမခံ အမျိုးအစားဖြစ်ကာ လက်ရှိတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်သည့် မြွေအန္တရာယ် အာမခံ အမျိုးအစားသာ ရှိသေးကြောင်း ၎င်းကဆိုသည်။
"ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို သုတေသန ပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ်။ ဒီအာမခံ ပေါ်ပေါက်လာဖို့အတွက် စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက် နေပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
| ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို သုတေသန ပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ် . . . . |
"လူလတ်တန်းစားတွေအတွက် ကျန်းမာရေးနဲ့ အသက်အာမခံက ဈေးကွက်ဖွံ့ဖြိုးဖို့ အဓိကကျတဲ့ အာမခံနှစ်ခုပါ။ အဲဒါက အရင်ဖွံ့ဖြိုးလာရင် ကျန်တဲ့အာမခံ ဈေးကွက်ကပါ ပိုရင့်ကျက်လာမှာ ဖြစ်ပါတယ်" ဟု ဟောင်ကောင်အခြေစိုက် Manulife အသက်အာမခံ ကုမ္ပဏီ၏ senior vice president & regional executive Mr. Indren Naidoo က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်၍ မြွေအန္တရာယ် အာမခံ အမျိုးအစားကိုသာ ရောင်းချပေးလျက်ရှိပြီး မြွေကိုက်၍ သေဆုံးပါက လျော်ကြေးငါးသိန်းကျပ် ပေးလျော်ကြောင်း သိရသည်။
မြွေအန္တရာယ် အာမခံထားရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ထားရှိသူဦးရေ ၂၂၀၀၀၀ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂၃၀၀၀၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်း၏ နှစ်ချုပ်စာရင်းမှ သိရသည်။
Subscribe to:
Posts (Atom)