Social Icons

Pages

Saturday, August 31, 2013

မြန်မာမိန်းကလေးတစ်ဦးအား မလေးရှားနိုင်ငံသားများ ၀ိုင်းဝန်းအဓ္ဓမပြုကျင့်

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား
သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင်  လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပုံမှာ လူတစ်စုက မြန်မာအမျိုးသမီး (၈)ဦး နေထိုင်သည့် အဆောင်ကို အနုကြမ်းဝင်စီးကာ အသက် ၂၀ ဝန်းကျင် မသူဇာအေး အား ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အုပ်စုဖြင့် ဝိုင်းဝန်း အဓမ္မပြု ကျင့်ခဲ့ကြတယ်၊ မနက် ၁ နာရီကျော်ခန့် တွင် ၄င်းအဆောင်အနီး လမ်းမပေါ်တွင် ကားပေါ်မှ ပစ်ချသွားပါတယ်။

အဆိုပါ မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အား ဖြတ်ဆီးပြီး လူတစ်စု အဆောင်တွင်းသို့ ဝင်ရောက်လာ သောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ  အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြပေမယ့်  မသူဇာအေး ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်လို့  ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့တာကြောင့်  ဓားဖြစ်ထောက် ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်ပါတယ်။

အခုအခါ မသူဇာအေးမှာ လိုအပ်သော ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း၊ တရားခံများ၏ ပုံပန်းသဏ္ဍာန်ကို ယင်းပတ်ဝန်းကျင်ရှိ စီစီတီဗွီ မှတ်တမ်းမှ တဆင့် ရှာဖွေဖော်ထုတ် သွားရန် အစီအစဉ်များရှိကြောင်း လူမှုကွန်ယက် အင်တာနက် သတင်းများမှာ ရေးသားဖော်ပြကြပါတယ်။

ထိုအဖြစ်အပျက်အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ မြန်မာသံရုံးမှ မလေးရှား လဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်တယ်လို့  မလေးရှားရောက်များရဲ့ အင်တာနက် သတင်းများ အရသိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပါတ်သတ်ပြီး  မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ သူတို့ နေအိမ် အဆောင်များ လုံခြုံမှု ရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူ တိုင်ကြားပေးရန် Flairis Sdn Bhd စက်ရုံတွင် ဆန္ဒပြ တောင်းဆို နေကြောင်းလည်း သိရပါတယ်။

by Myanmar News Now

Thursday, August 29, 2013

စစ်တွေမှာ လုံထိန်းအင်အားကိုပုံမှန်ထက်များစွာချထား

စစ်တွေမှာ လုံထိန်းအင်အားကို ပုံမှန်ထက် များစွာ ချထားတာကြောင့် ဒေသခံအချို့ ကြောက်လန့် ထွက်ပြေး

ရန်ကုန်၊ သြဂုတ် ၂၅ / စစ်တွေမှာ လူဦးရေစာရင်း ကောက်ခံတဲ့အခါမှာ


လုံထိန်းစစ်တွေမှာ လူဦးရေစာရင်း ကောက်ခံတဲ့အခါမှာ လုံထိန်းအင်အားကို ပုံမှန်ထက် များစွာ ချထားတာကြောင့် ဒေသခံအချို့ ကြောက်လန့် ထွက်ပြေးပြီး စာရင်းမဝင်တာတွေ ဖြစ်နေတယ်လို့ စစ်တွေဒေသခံ တစ်ချို့က ဆိုပါတယ်။
“လုံထိန်းအင်အားကို အများကြီး ချထားတော့ ဥယျာဉ်သာအုပ်စုက တစ်ချို့ ကလေးတွေ၊ မိန်းမတွေက ထွက်ပြေးတာပေါ့၊ ယောင်္ကျာသားလဲ မရှိတော့ ကြောက်ကျတယ်၊ ပြီးတော့ လုံထိန်းတွေက ဝတ်စုံအပြည့်အစုံနဲ့၊ ဒေသခံအချို့က ဗမာစကားလဲ မတက်ဘူး၊ ရခိုင်စကားလဲ မပြောတက်တော့ ကြောက်ပြီး ထွက်ပြေးကြတာ” လို့ စစ်တွေဒေသခံ တစ်ဦးက မြန်မာမွတ်စ်လင် မီဒီင်္ယာကို ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ လူဦးရေ သန်းခေါင်းစာရင် ကောက်ယူမှုကို သြဂုတ်လ (၂၃) ရက်နေ့က စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ လူဦးရေ စာရင်းကောက်ယူမှုတွင် လုံခြုံရေး အင်အားကို ပုံမှန်ထက်များပြားစွာ ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မှန်စီကွက်စုံနဲ့ သက္ကေပြင်ကန့်မှာ လုံထိန်းအင်အား ၄၀၀ မှ ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ဥယျာဉ်သာအုပ်စု ကျေးရွာတွေမှာတော့ လုံထိန်းအင်အား ၇၀၀ မှ ၈၀၀ ဝန်းကျင် ချထားတယ်လို့ သတင်းရရှိပါတယ်။
လူဦးရေစာရင်း ကောက်ယူမှုအတွက် အိမ်တစ်အိမ်ကို ဝင်ရောက်တဲ့အခါမှာလဲ လုံထိန်းအင်အား ၃၀ ဝန်းကျင်ခန့်က အိမ်ရဲ့ ရှေ့နောက်တံခါးတွေမှာ နေရာယူ ထားတာကြောင့် ဒေသခံ အချို့ ကြောက်လန့် ထွက်ပြေးသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ကြောက်လန့် ထွက်ပြေးမှုကြောင့် စာရင်းမဝင်တဲ့သူ ၃၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။
“လုံခြုံရေးယူတာကို မပြောလိုပါဘူး၊ အိမ်အပြင်မှာပဲ လုံခြုံရေးယူပေါ့ ခုတော့ အကြမ်းဖက်သမားပဲ ဖမ်းသလို၊ သူပုန်ပဲစစ်သလို လုပ်တော့ လူတွေ ကြောက်ကြတာပေါ့၊ အိမ်တစ်အိမ်မှာ အလွန်ဆုံးရှိလှ မိသားစု ၈ ယောက်ပေါ့ ဒါကို လူလေးဆယ်လောက်က လူဦးရေ စာရင်းကောက်တော့ ကြောက်တာ မဆန်းပါဘူး၊ တစ်ခုပဲ စိုးရိမ်တာက စာရင်းမဝင်တဲ့သူတွေကို ခိုဝင်ဘင်္ဂလီလို့ စာရင်းထည့်မှာ စိုးတယ်” လို့ ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မီဒီယာသို့ ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နောက်တစ်ကြိမ် စာရင်းပြန်လည် တိုက်ဆိုင် စစ်ဆေးတဲ့အခါမှာ လူဦးရေ စာရင်း ကောက်ခံမှုမှာ စာရင်းမဝင်တဲ့ လူ ၃၀ ရာခိုင်နှုန်းကို ခိုးဝင်ဘင်္ဂလီ အဖြစ် သတ်မှတ်လိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ စစ်တွေမှာ လူဦးရေစာရင်း ကောက်ခံမှုကို ဧပြီလ၂၆ ရက်နေ့မှာ ပထမအကြိမ် ကောက်ခံမှု ရှိခဲ့ပါတယ်။ အဆိုပါ ကောက်ခံမှုတွင် စစ်တပ်နဲ့ ဒေသခံ ဒုက္ခသည်တွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ပထမဖြစ်စဉ်ကြောင့် ယခုတစ်ကြိမ်မှာ လုံခြုံရေး အင်အားကို တိုးမြင့် ချထားခြင်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။
သတင်း – မိုးကြယ်စင်

ကန့်ဘလူမြို့နယ်၌ အမျိုးသမီး တစ်ဦးအား ကာအိနြေ္ဒပျက်ပြားအောင်အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီးအကြမ်းဖက်

နေပြည်တော်၊ ဩဂုတ်၊ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီး တစ်ဦးအား အမျိုးသား တစ်ဦးက 

ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်၍  အစပြုပြီး အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး

မ​ကျေနပ်သူလူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိသူများက အကြမ်းဖက် မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုများတွင် ပါဝင်သူများအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်ကျေးရွာအုပ်စု ဇီးပင်သာ ကျေးရွာနေ အမျိုးသမီး တစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင်မှ ပြန်လာစဉ် ထန်းကုန်း ကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြားအရောက် ထန်းတောကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့်စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိ လာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်း ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ညပိုင်းတွင် ရွှေဘိုအကျဉ်းထောင် သို့ ပို့ဆောင်ခဲ့ကြောင်း။

ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်း ရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်၊ နေအိမ်အချို့နှင့် ကြက်ခြံတစ်ခြံတို့အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း။

မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၉လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း၊ ကြက်ခြံတစ်ခြံတို့ မီးလောင်ကျွမ်း ခဲ့ပြီး နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၁၂ ခန်း၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် ၃ ဆိုင်တို့ ရိုက်ချိုး ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ ရဲတပ်ရင်းမှ တပ်ရင်းမှူးနှင့်အဖွဲ့များ ရောက်ရှိပြီး လုံခြုံရေးဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၅ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းမှားကြား ခဲ့ကြောင်း သိရှိရသည်။ ( သတင်းစဉ်)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝါတိုင် ၄၀၀ ထပ်တိုးမည်

မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပိုမိုချဲ့ထွင် 

Tue Aug 27, 1:59 pm

ရန်ကုန်၊ သြဂုတ် ၂၆
news_mmstyမိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပိုမိုချဲ့ထွင် လုပ်ကိုင်နိုင်ရန်နှင့် ပိုမိုကောင်းမွန်ရန် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆက်သွယ်ရေး တာဝါတိုင် ၄၀၀ ခန့် ထပ်မံတိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
“တည်ဆောက်ဖို့ တင်ဒါခေါ်ထားပါတယ်။ ရန်ကုန်တို့၊ မန္တလေးတို့ကတော့ နယ်မြေအနေအထား လိုအပ်ချက်အရ တာဝါတိုင် များရင်များမှာပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရေဒီယိုဆက်သွယ်ရေးစခန်းများ တည်ဆောက်ရန်အတွက် မြေအနေအထား တိုင်းထွာခြင်း၊ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ခြင်း၊ ဓာတ်အားပေးစနစ် တည်ဆောက်ခြင်းနှင့် မိုးကြိုးလွှဲစနစ် တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူထားသည်။
“တာဝါတိုင်တွေ တိုးချဲ့တပ်ဆင်ဖို့လုပ်တာ ကောင်းတဲ့ကိစ္စပဲ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကလည်း ပြည်ပကုမ္ပဏီတွေနဲ့ ပြိုင်ရတော့မှာဆိုတော့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရတော့မှာပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။
တင်ဒါရွေးချယ်မှု ပြီးဆုံးပါက လုပ်ငန်းတည်ဆောက်မှုများကို အမြန်ဆုံးစတင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ အရေအတွက် ၅ ဒသမ ၂ သန်းကျော်ရှိပြီး မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၀၀၀ ကျော် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနထံမှ သိရသည်။
thevoicemyanmar

Wednesday, August 28, 2013

အသုံးဝင် Website address Links များ

အသုံးဝင် Website address Links များ




ပို့ ဆောင်ရေးဝန်ကြီးဌာန








--------------------------------------------------------------------------------------------
 ရုပ်ရှင်
 မြန်မာMp3သီချင်း
အနုပညာရှင်များ
ဖိုရမ်များ
မြန်မာ၊ ကမ္ဘာစာအုပ်စင်များ
သတင်း၊ ဂျာနယ်၊ မဂ္ဂဇင်းများ
ဘာသာရေး




အားကစားဆိုင်ရာ ဆိုဒ်များ
ကျန်းမာရေးဆိုင်ရာ
နည်းပညာများ


ဓာတ်ပုံနည်းပညာ 
ထွေလီကာလီ






ဖိုင်တွဲကြီးကြီးများပို့ရန်
ကျော်မယ်ခွမယ်
----------------------------------------------

Tuesday, August 27, 2013

ကန့်ဘလူ အကြမ်းဖက်မှုသတင်းများ

သတင်း – ကိုစိန်
ကန့်ဘလူ ၊သြဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၀ နာရီ
စစ်ကိုင်းတိုင်း ကန့်ဘလူ ထန်းကုန်းရွာအား အင်အား ၂၀၀ ကျော်ခန့်ရှိသော ဗုဒ္ဓဘာသာဝင်
အကြမ်းဖက်သမားများမှ
ည ၉း၃၀ ခန့်မှ မွတ်စ်လင်မ်ပိုင် အဆောက်အုံများ ဈေးဆိုင်များကို ဖျက်ဆီးရန် စုဝေးခဲ့ကြကြောင်း ကန့်ဘလူဒေသခံများက သတင်းပေးပို့ထားပါသည်။
ယခု သတင်းပေးပို့ချိန်တွင် မွတ်စ်လင်မ် ဆိုင် ၇ ဆိုင်အား ဖျက်ဆီးခံခဲ့ကြောင်း သတင်းရရှိပါသည်။ ရဲများ ရောက်ရှိလာပြီး အကြမ်းဖက်သမားများနှင့် အခြေအနေ တင်းမာလျက် ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

သဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၁ နာရီ
ထန်းကုန်းရွာတွင် အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖျက်ဆီးခံရသော ဆိုင်များအနက် ဘူတာအနီးရှိ ဆိုင် ၃ ဆိုင် ပါဝင်ခဲ့ကြောင်း အကြမ်းဖက်သူများမှာ မူလ ၂၀၀ မှ ၅၀၀ ခန့် အထိ များပြားလာခဲ့ကြောင်း မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းများ ဆက်လက်ပေးပို့ထားပါသည်။

သြဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၂ နာရီ
ဆိုင်ခန်းများအား မီးရှိ့ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ကားများ ရောက်ရှိလာသော်လည်း လူအုပ်ကြီးမှ ပေးမဝင်ခဲ့ကြောင်း၊
စတင်စုဝေးပြီး လာရောက်အကြမ်းဖက်သူများမှာ ထန်းကုန်းမြို့ခံများ မဟုတ်ပဲ ထန်းကုန်းမြို့ နှင့် ၁ဝ မိုင်ခန့် အကွာရှိ ဇီးပင်သာမှ လူများဖြစ်မည်ဟု နောက်ဆုံး ဆက်သွယ် ရရှိသော သတင်းများအရ သိရှိရပါသည်။
ထန်းကုန်းမြို့ရှိ ဖုံးလိုင်းများမှာလည်း ပြတ်တောက်လျက်ရှိနေကြောင်း သတင်းရရှိပါသည်။

ရွှေဘိုမြို့ အခြေအနေ
ရွှေဘိုမြို့တွင် အခြေအနေများ တည်ငြိမ်ဆဲဖြစ်ကြောင်း၊ သို့သော် အဆိုပါ အကြမ်းဖက်သမားများ အနက်မှ ၃ ဦးသည် ရထားဖြင့် ရွှေဘိုမြို့အား လှုံဆော်ရန် လာရောက်ခဲ့ကြပြီး သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ရွှေဘိုမြို့ခံ တစ်ဦးမှ မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းပေးပို့ထားပါသည်။

သြဂုတ် – ၂၅၊ ၂၀၁၃။ နံနက် ၂ နာရီ
ထန်းကုန်းအနောက် ဗလီကြီးတစ်ဝိုက်ရှိ အိမ်များ မီးရှို့ခံနေရဆဲ ဖြစ်ကြောင်း အိမ်ခြေ ၅၀ မှ ၁၀၀ ကြားအထိ ဖြစ်နိုင်ကြောင်း ထန်းကုန်းမှ ရွှေဘိုသို့ ဆက်သွယ် ရရှိသော သတင်းများအရ သိရှိရပါသည်။
ဒေသခံများမှာ အကြမ်းဖက်သမားများ၏ ရန်မှ ကင်းဝေးစေရန် ဗလီအနီးတွင် တိမ်းရှောင်နေကြကြောင်း သိရှိရပါသည်။



အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ် ထန်းကုန်း ရွာမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့

ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်း အခြေအနေ တွေ တည်ငြိမ် နေပေမယ့် တခြား ဒေသတွေမှာ နောက်ထပ် ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အခြေအနေ တခိျု့ ထပ်ပြီး ပေါ်ပေါက် ခဲ့တာမို့ အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေကို တနေရာပြီး တနေရာ မကြာခဏ ဆိုသလို ကြုံလာခဲ့တာ နှစ်နဲ့ချီ ကြာလာ ပြီးတဲ့နောက် လူ့အဖွဲ့အစည်း နှစ်ခု အကြားမှာ သံသယ နဲ့မခံချင်စိတ်တွေ ဆက်ရှိနေ ကြပြီး အချိန်မရွေး ပြဿနာ ပြန်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။

တနင်္လာနေ့ တုန်းက ဧရာဝတီတိုင်း ပန်းတနော် မြို့မှာ ဖြစ်ခဲ့တဲ့ အချင်းပွားမှုကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်အောင် ရပ်ရွာမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဝိုင်းဝန်း ဖြေရှင်း ပေးခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ပြဿနာ ပြေလည်သွား ပေမယ့် ဒေသခံ မူဆလင် အတော်များများ ကြောက်လန့်ပြီး တိမ်းရှောင် နေကြပါတယ်။ အဓိက ကတော့ ကောလဟာလ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြို့ခံမူဆလင် တဦးက ဆိုပါတယ်။

ပန်းတနော်မှာ အခုလို အခြေအနေ ကြုံရသလို၊ ရန်ကုန် တောင်ဥက္ကလာ ၁၀ ရပ်ကွက် မှာလည်း ဆိုက်ကား စီးပြီး ကလေး ကျောင်းသွားကြိုတဲ့ ဗုဒ္ဒဘာသာ အမျိုးသမီး တဦးကို လူနှစ်ဦးက ဘလိတ်ဒါးလိုမျိုး အသွား ထက်တဲ့အရာ တခုနဲ့ မျက်နှာကို လှီးခဲ့တဲ့ ရာဇဝတ်မှု တခု တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။

တိုက်ခိုက်တဲ့ သူတွေဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရသေး ပေမယ့် လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ လုပ်ရပ် ဖြစ်နိုင်တယ် ဆိုတဲ့ သံသယ တွေကြောင့် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထား နေပါတယ်။

အခု ဖြစ်ရပ်တွေဟာ သီးခြား ဖြစ်စဉ် တွေလို ဖြစ်နေပေမယ့် မကြာသေးခင် ကာလတွေ အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေ အနေ တွေကြောင့် နောက်ထပ် ပြဿနာတွေ မကြီးထွား လာအောင် အာဏာပိုင်တွေက လုံခြုံရေးကို ဂရုစိုက်ပြီး ဆောင်ရွက် နေတာ တွေ့ရပါတယ်။

ဒါပေမယ့် ပြဿနာရဲ့ အရင်းအမြစ် ဖြစ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြား စိတ်ဝမ်းကွဲမှု တွေကို ဖြေရှင်းဖို့ ကတော့ အစိုးရအဖို့ ကြီးမားတဲ့ အခက်အခဲ အဖြစ်ရှိနေ ပါတယ်။

အခုလို ပြဿနာတွေ၊ ပဋိပက္ခတွေ ကြိုကြား ကြိုကြား ဖြစ်လာနေတဲ့ အချိန်မှာပဲ မန္တလေးမြို့ မှာတော့ ဒါတွေ မကြုံရစေဖို့ ပဋိပက္ခ များ ဖန်တီးမှုကို ကြိုတင် တားဆီး ကာကွယ်ရေး အဖွဲ့ကနေ သီတဂူ ဆရာတော်ကြီး ဦးဉာဏိဿရရဲ့ ငြိမ်းချမ်းရေး ဓမ္မသဘင် တရားပွဲကြီးကို ကျင်းပကြပါတယ်။

အဲဒီအဖွဲ့ဟာ မန္တလေး မြို့ပေါ်မှာ အဲဒီလို ပဋိပက္ခတွေ မဖြစ်ရအောင် ၄ ကြိမ်လောက် တားဆီး ကာကွယ် နိုင်ခဲ့ပြီး ဖြစ်သလို ပြဿနာ ဖြစ်တဲ့ ဒေသတွေကိုလည်း သွားရောက် ပြီး ပဋိပက္ခများ မဖြစ်အောင် တားဆီးရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ အတွက်ကိုလည်း အကြံပြု နေတာ ဖြစ်ပါတယ်။

အခုလည်း ထန်းကုန်း ရွာအထိ လည်း သွားရောက် ခဲ့ပြီး ပဋိပက္ခ ကြိုတင် တားဆီးရေး အဖွဲ့တွေတောင် ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါ်ဝင်းမြမြက ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)