ရာသီမရွေးဖြစ်ပွားတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကူးစက်မှုကြောင့် အဓိက ဖြစ်ပါတယ်။ ကာကွယ်ရေးအတွက် အစာရေစာ သန့်ရှင်းဖို့ နဲ့ တကိုယ်ရည် သန့်ရှင်းရေးရှိဖို့လိုအပ်ပါတယ်။
ကလေးသူငယ်တွေအတွက် မိခင်နို့တိုက်ကျွေးမှုကအထူးအရေးကြီးပါတယ်။ ရောဂါဖြစ်လာခဲ့ရင်
အသက်ဆုံးရှုံးမှု မဖြစ်ရအောင် ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု လက္ခဏာတွေကို သတိထားစောင့်ကြည့်ပြီး၊ အချိန်မီ ဆေးရုံဆေးခန်းမှာ ကုသမှုခံယူဖို့ လိုပါတယ်။ ၀မ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင် အဓိကကတော့ ဓာတ်ဆားရေတိုက်ဖို့လိုအပ်ပါကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ...
No comments:
Post a Comment