Social Icons

Pages

Saturday, August 24, 2013

ဝမ်းပျက်ဝမ်းလျှောရောဂါ

မြန်မာနိုင်ငံမှာ မိုးရာသီအပါအဝင်
ရာသီမရွေးဖြစ်ပွားတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကူးစက်မှုကြောင့် အဓိက ဖြစ်ပါတယ်။  ကာကွယ်ရေးအတွက် အစာရေစာ သန့်ရှင်းဖို့ နဲ့ တကိုယ်ရည် သန့်ရှင်းရေးရှိဖို့လိုအပ်ပါတယ်။
ကလေးသူငယ်တွေအတွက် မိခင်နို့တိုက်ကျွေးမှုကအထူးအရေးကြီးပါတယ်။  ရောဂါဖြစ်လာခဲ့ရင်
 အသက်ဆုံးရှုံးမှု မဖြစ်ရအောင် ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု လက္ခဏာတွေကို သတိထားစောင့်ကြည့်ပြီး၊ အချိန်မီ ဆေးရုံဆေးခန်းမှာ ကုသမှုခံယူဖို့ လိုပါတယ်။ ၀မ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင် အဓိကကတော့ ဓာတ်ဆားရေတိုက်ဖို့လိုအပ်ပါကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ...

ဒူးဆစ်နာ ရောဂါဝေဒနာ

  ဒူးဆစ် နာကျင်ကိုက်ခဲတဲ့ ရောဂါ မြန်မာနိုင်ငံမှာ အဖြစ်များလာနေပြီး၊ အဓိကဖြစ်စေတဲ့ အများပြောတဲ့ ဒူးအရိုးကြီးပေါင်းတက်ရောဂါ (သို့) ဆေးပညာအရခေါ်တဲ့ ဒူးကအရိုးနုတွေ
ပျက်စီးလာတဲ့ရောဂါမှာ များသောအားဖြင့် ဖြစ်ရခြင်းအကြောင်းရင်းကို နားလည်း၊ မသိရကြလို့ ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။
ဒါကြောင့်မို့ ဒူးမှာရှိတဲ့ အရိုးနုတွေ ပျက်စီးတာကို ကာကွယ်ရခက်ပြီး၊ ပျောက်အောင်ကုသလို့ မရပေမဲ့၊ ပိုဆိုးမသွားအောင် ကြိုတင် လက္ခဏာအသေးစိတ်တွေကို သတိထားပြီး၊ အရိုးရောဂါကု ဆရာဝန်တွေနဲ့ စောစောစီးစီးပြသပြီး ကုသခံယူဖို့ အရေးကြီးပါတယ်။