Social Icons

Pages

Saturday, October 5, 2013

မိုဘိုင်းလ် ဖုန်းမှ တိုက်ရိုက်နားဆင်ရန်

အမေရိကန် ပြည်ထောင်စု မှာရှိကြတဲ့ သောတရှင်တွေအတွက် RFA က Audio Now နဲ့ ပူးပေါင်းပြီး၊ မိမိရဲ့မိုဘိုင်းလ် ဆဲလ်ဖုန်းမှတဆင့် မြန်မာပိုင်း အသံလွှင့်အစီအစဉ်တွေကို နားဆင်နိုင်ဖို့ စီမံထားပါတယ်။  အောက်ပါ အချက်တွေကို သတိပြုစေချင်ပါတယ်။

  • မိုဘိုင်းလ်ဖုန်းသုံးရင် မိမိယူထားတဲ့ ဖုန်းကန်ထရိုက်အရ အခကြေးငွေ ပေးကောင်းပေးရပါမယ်။ RFA စီမံထားတဲ့ အစီအစဉ်က သီးခြားအခငွေ ပေးစရာမလိုပေမယ့် သတ်မှတ်ထားတဲ့ အသုံးပြုခွင့်မိနစ်များ ကျော်လွန်သွားရင် ဖုန်းကုမ္ပဏီက ငွေတောင်းခံပါလိမ့်မယ်။
  • ဒါဟာ toll-free အခမဲ့နံပါတ် မဟုတ်ပါ။ အိမ်ဖုန်းမှခေါ်ရင် ရပ်ဝေးခေါ်ခပေးရပါမယ်။ အမေရိကန်ပြည်ထောင်စု ပြင်ပမှာနေထိုင်သူများအတွက် နိုင်ငံခြားဖုန်းခေါ်ခ ပေးရပါလိမ့်မယ်။
  • Skype အသုံးပြုပြီး နားဆင်ရင်တော့ အချို့လူများ အခငွေ ပေးကောင်းပေးရပါလိမ့်မယ်။

အသံလွှင့်အစီအစဉ် နားဆင်နိုင်ဖို့ 857 232 0060 ကိုခေါ်ပါ။
မှတ်ချက်။     ။အကယ်၍ နားထောင်ရာတွင် အခက်အခဲရှိလျှင် support@audionow.com သို့ (အင်္ဂလိပ်ဘာသာဖြင့်) တိုက်ရိုက်ဆက်သွယ်ပြီး အကြောင်းကြားပါ။
 Rfa

သင့်ရဲ့ဖုန်းဘက်ထရီ ကြာရှည်ခံစေရန် Dx Battery Saver သုံးပါ

သင်တို့ရဲ့ ဖုန်း ဘက်ထရီကြာရှည်ခံချင်ရင် Dx Battery Saver လေးကိုသုံးကြည့်ပါလား?..
ကျွန်တော်တင်ပေးထားခဲ့တဲ့ Dx Toolbox နဲ့တွဲသုံးရင်ပိုပြီးအဆင်ပြေပါတယ်။သူတစ်မျိုးတည်း သုံးလည်းအဆင်ပြေတယ်။
Dx Toolbox နဲ့ တွဲဖို့ Dx Battery Saver 3.3.0.apk

                                                                             


Friday, October 4, 2013

သင့်ရဲ့ဖုန်းလေး Signal နဲပြီး လိုင်းဆွဲအားမကောင်းဖူးလား?

သင့်ရဲ့ဖုန်းဟာ ပါဝါဖွင့်တာ ကြာလို့ပဲဖြစ်ဖြစ်၊ စက်လေးလံလို့ လိုင်မကောင်းတာပဲဖြစ်ဖြစ် သင့်အတွက်
Network Signal Refresher လေးက ကူညီပေးပါလိမ့်မယ်/ ကြိုက်ရင် အောက်မှာယူလိုက်တော့....


                                                           
                                                                          Download

လေးဘက်နာအကြောင်း သိကောင်းစရာ (ASO များတိုင်းလေးဘက်နာမဟုတ်ပါ)

ကျွန်တော်အခုတင်ပြပေးမှာကတော့ ASO များတိုင်းလေးဘက်နာမဟုတ်ဘူးဆိုတာပါ။
“တွဲဖက်ပါမောက္ခ ဒေါက်တာချစ်စိုးရဲ့ အရိုးအဆစ်နှင့် အကြောရောဂါ” စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။

ယနေ့အချိန်မှာ လူနာတွေရော၊ ဆရာဝန်တစ်ချို့ရော အစိုးရိမ်လွန်နေကြတာ တွေ့ရပါတယ်။ ASO များတာက ခန္ဓာကိုယ်တစ်နေရာမှာ Strept ဆိုတာ ပိုးဝင်ခဲ့ဖူးတယ် ဆိုတာကိုပဲပြတာပါ။ ၀က်ခြံရင်းရင်းလည်း ASO တက်မယ်။ ခလုတ်တိုက်မိလို့ ခြေမအနာဖြစ်သွားရင်လည်း  ASO တက်မယ်။
ခြင်ကိုက်ဖု လက်သဲနဲ့ဖဲ့မိလို့  အနာစိမ်းပေါက်လို့ စတဲ့ ASo တက်နိုင်တဲ့အကြောင်းတွေက အများကြီးပါပဲ။
ASO များတဲ့သူတွေထဲမှာ (1000) မှာ (1) ယောက်လောက်ပဲ ကံဆိုးလွန်းမှ နှလုံးတို့၊ အဆစ်တို့ထိတာပါ။
အဲဒီလို နှလုံး (သို့) အဆစ်ရောင်ဖြစ်တဲ့သူမှ  ပင်နီဆီလင် (5) နှစ်ထိုးဖို့ ၊ စားဖို့လိုမှာပါ။
လည်ပင်းနာတယ် ASO များတယ်ဆိုရင် Pen V အကြာကြီးသောက်နေကြပြီး လိုလို့ Pen V တစ်နေ့ (4) ကြိမ်၊
(10) ရက်သောက်ပါလို့ပေးလိုက်ရင်လည်း  ရက်ပြည့်အောင်မသောက်ပဲ (5) ရက်လောက်လည်းသောက်ပြီးရော လည်ပင်းနာတာ သက်သာတယ်ဆိုပြီး မေ့ထားတတ်ကြလို့ အမြစ်မပြတ်ပဲ ပြန်ဖြစ်နေကြတာပါ။ လို့ ရေးထားပါတယ်ခင်ဗျာ.......
 ဆေးပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်လျှက်
 ကောင်းသူရ

သံဖြူဇရပ်တွင် အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ဆွမ်းဆန်စိမ်းလောင်းလှူ


Friday, October 4, 2013

မွန် ပြည်နယ် သံဖြူဇရပ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ က ပရဟိတ ဆွမ်းလောင်းအသင်းမှ သံဃာ တော် များ ကို အပတ်စဉ်လောင်း လှူသည့် ဆွမ်းဆန်စိမ်းလောင်းပွဲ အတွက် ဆန်အိတ် များ လှူဒါန်းခဲ့ သည့်အပြင် သံဃာတော်များကိုပါ ကိုယ်တိုင်ကိုယ် ကျ ဆွမ်းလောင်း လှူခဲ့ကြကြောင်း ပရဟိတဆွမ်း လောင်း အသင်းဥက္ကဋ္ဌက ရန်ကုန် တိုင်းမ်သတင်းစာသို့ ပြောသည်။


''မနေ့က မွန်းလွဲ ၁နာရီမှာ သံဖြူဇရပ်မြို့နယ်က အစ္စလာမ် ရပ်မိရပ်ဖတွေက ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ဆန်ငါးတင်း ကို လာရောက် လှူဒါန်းသွားပါ တယ်''ဟု သံဖြူဇရပ်မြို့နယ် ပရ ဟိတ ဆွမ်းလောင်းအသင်းဥက္ကဋ္ဌ ဦးညွန့်ကြည်က ပြောသည်။

သံဖြူဇရပ်မြို့နယ် အစ္စ လာမ်ကောင်စီ အတွင်းရေးမှူး ဦးဟာမက်က ''ဒီမြို့မှာရှိတဲ့ ဘာ သာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအ တွက် ရည်ရွယ်ပြီး လှူဒါန်းတာပါ။ ဘာသာအချင်းချင်း လေးစားမှုနဲ့ ကိုယ်တိုင်ကိုယ်ကျလဲ ဆွမ်းလောင်း ကြပါတယ်။ ကျွန်တော်တို့မြို့မှာ ကိုးကွယ်မှုမတူတဲ့လူတွေက အ ချင်းချင်း ယုံကြည်မှုတည်ဆောက် နိုင်ကြတဲ့အတွက် တခြားမြို့တွေ မှာ ဖြစ်နေသလို အကြမ်းဖက်မှု တွေ မဖြစ်နိုင်ပါဘူး''ဟု ပြောသည်။
''အစ္စလာမ်ဘာသာဝင်တွေ ကိုယ်တိုင် ဆွမ်းလောင်းလှူနေ တာကို တွေ့ရပါတယ်။ ကျွန်မတို့ မြို့မှာ ဒီလိုငြိမ်းချမ်းစွာနေကြ တာ တွေ့ရတော့ လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်''ဟု မဝင်းဝင်းဌေး က ပြောသည်။

သံဖြူဇရပ်မြို့နယ်ရှိ အစ္စ လာမ်ဘာသာဝင်များသည် သံဃာ့ ဆေးရုံ၊ နာရေးကူညီမှုအသင်း များနှင့် လူမှုရေးအဖွဲ့အစည်းများကို ပါ လှူဒါန်းကြောင်း သိရသည်။

ငယ်ထွေး(ကလေး)
Yangon Media Group
(ငြိမ်းချမှုကိုလိုလားသည်။) ကောင်းသူရ

Thursday, October 3, 2013

သွေးတိုးရောဂါ

သွေးတိုးရောဂါသည် ကမ္ဘာနှင့်အ၀ှမ်းဖြစ်သော်လည်း အစားအသောက်နေထိုင်ပုံကို မူတည်၍ ရောဂါဖြစ်သည့် လူဦးရေမတူပါ။ သွေးတိုးရောဂါသည် နှစ်မျိုးနှစ်စားရှိပါသည်။
ပထမအမျိုးအစားမှာ အဖြစ်များ၍ မျိုးစေ့ပါသောသူများသည် ပို၍ဖြစ်လေ့ဖြစ်ထရှိပါသည်။
မျိုးရိုးထဲတွင် သွေးတိုးရောဂါရှိသူများ၊ ၀သောသူများ၊ ဆီးချိုရောဂါရှိသူများ၊ ဆားအငံဓာတ် အလွန်အမင်းစားသုံးသူများ၊ အရက်အလွန်အကျွံသောက်သူများ၌ ပို၍တွေ့ရတတ်ပါသည်။
ဒုတိယအမျိုးအစားမှာ ခန္ဓာကိယ်ထဲတွင် အင်္ဂါရပ်တစ်ခုချို့တဲ့ပါက ဥပမာ-ကျောက်ကပ်ရောင်ရောဂါဖြစ်ပါက သွေးတိုးရောဂါသည် နောက်ဆက်တွဲအနေဖြင့် ဖြစ်လာတတ်ပါသည်။ ထိုကဲ့သို့သွေးတိုးရောဂါမျိုးမှာ မျိုးစေ့မျိုးရိုးပါသော သွေးတိုးရောဂါမျိုးထက် အဖြစ်နည်းပါသည်။ မည်သို့ပင်ဖြစ်စေ သွေးတိုးရောဂါကြာမြင့်လာလျှင် မကောင်းသည့်ရလတ်များ အနှေးနှင့်အမြန် ဖြစ်လာပါလိမ့်မည်။

ကိုယ့်ကိုခေါ်တဲ့ဖုန်းဟာ ဘယ်နေရာကလဲ?Golden_Call_Locator

ဒီ Apk လေးကတော့ ကိုယ့်ကိုခေါ်တဲ့ ဖုန်းနံပါတ်ပဲဖြစ်ဖြစ်၊ ကိုယ်သိချင်လို့ပဲဖြစ်ဖြစ် ဖုန်းအားလုံးကို ဘယ်နေရာကလည်းဆိုတာ ရှာလို့ရပါတယ်...ဒါပေမဲ့ ကျွန်တော်စမ်းကြည့်တာတော့ မိုဘိုင်းဖုန်းတွေမရဘူးခင်ဗျာ..ကြိုးဖုန်းကတော့  OK တယ်..နောက်တော့ရမလာမသိဘူး..အောက်မှာပုံလေးနဲ့ပြထားတယ်/






 ပြောဖို့ကျန်နေသေးလို့ တစ်ချို့ကြိုးဖုန်းတွေဟာ ဟိုအရင်ကလိပ်စာပဲပြပါတယ်  ..ဥပမာ--ဖုန်းရှိတဲ့နေရာက
မန္တလေး ဆိုရင် ဟိုအရင်လိပ်စာ တနင်္သာရီတိုင်း လို့ပြတတ်တယ်။                                      
                                               
                                                                                  ဒီမှာယူလိုက်           

Wednesday, October 2, 2013

မိုဘိုင်းဖုန်း GSM/ WCDMA များဖြင့် တိုက်ရိုက် အင်တာနက်လျှောက်နည်း

ဒီပို့စ်လေးကတော့ မသိသေးသူတွေအတွက်ဖြစ်ပါတယ် ခင်ဗျာ..
ဒီနေ့ ဒီအချိန်မှာ ဒီနည်းလေးကို မသိသူမရှိသလောက် ဖြစ်နေပေမဲ့လည်း ကျွန်တော်တို့နိုင်ငံ တောရွာတွေ/ နယ်ဒေသတွေမှာနတဲ့
မသိသေးတဲ့သူတွေရှိပါသေးတယ်ခင်ဗျာ..ဒါကြောင့်မို့ ပြန်လည်မျှဝေလိုက်ရတာပါ။
တစ်ချို့ဖုန်းအရောင်းဆိုင်တွေကနေပြီး မသိသေးတဲ့သူတွေကို အင်တာနက်လျှောက်ရင် 12000 ကျမယ်/ 13000 ကျမယ်ဆိုတာမျိုးတွေနဲ့ အလိမ်မခံရအောင်ပါ....ကဲ  စလိုက်ရအောင်>

ပထမဆုံး
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ “Orderdata service” စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀၀ိ/ (ကျပ်တစ်သောင်း တိတိ) ကိုနှုတ်ယူမည်ဖြစ်ပါသည်။
ထို့ကြောင့် မိမိဖုန်းထဲတွင် အနည်းဆုံး လက်ကျန်ငွေ ၁ဝဝဝဝိ/-ကျပ်အထက် ရှိနေရပါမည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ
Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
Internet Setting ချိန်ရန်
Menu > Setting > Wireless & Networks > Mobile Network > Access Point Names ကို ဖွင့်ပြီး Menu ခလုတ်ကို နှိပ်ပါ ၊ New APN ကို ရွေးပါ။
Name : mptnet
APN : mptnet
Proxy : မရိုက်ရ
Port : မရိုက်ရ
Authentication type : PAP or CHAP (ရွေးချယ်လိုက်ပါ)
အထက်ပါ စာများ ရိုက်ပြီးသွားလျှင် Menu ခလုတ်နှိပ်ပြီး Save ဖြင့်ထွက်လိုက်ပါ။
Data Switch (အထက်အောက် မြှား) ကို On ပေးခြင်းဖြင့် Internet အသုံးပြုလို့ ရပါပြီခင်ဗျာ...

နောက် MPT APK လည်းရှိပါတယ်ခင်ဗျာ...APK ကတော့လိုင်းမကောင်းသေးလို့ နောက်မှတင်ပေးတော့မယ်..
နမူနာပုံလေးပြထားလိုက်မယ်...အားလုံး အဆင်ပြေကြပါစေဗျာ...................


APK လေးထပ်ပြီးတင်ပေးလိုက်ပါတယ်..ဗျာ..

                                                                                                




                                                                                                        Dropbox

ဂျီမေးလ် အကောင့်အသစ်အခမဲ့ ဖွင့်နိုင်ပြီ

မေးလ် အကောင့် အသစ်ဖွင့်ရန် အခက်အခဲ တွေ့ကြုံ နေရာမှ ယခုအခါ ကိုင်တိုင်အခမဲ့ အကောင့်သစ် လျှောက်ထားနိုင်တော့မည်ဖြစ်သည်။

 



မေးလ် အကောင့် အသစ်ဖွင့်ရန် အခက်အခဲ တွေ့ကြုံ နေရာမှ ယခုအခါ ကိုင်တိုင်အခမဲ့ အကောင့်သစ် လျှောက်ထားနိုင်တော့မည်ဖြစ်သည်။
ုဆိုင်များကိုအခကြေးငွေ ပေး ဆောင်ရွက်စရာ မလိုတော့ဘဲ ယခုနည်းလမ်းကို အသုံးပြုပါက အကောင့်သစ်ကို လွယ်ကူစွာ ရရှိနိုင်ပါသည်။


အကောင့်သစ်ဖွင့်လိုသူများအနေဖြင့် မေးလ်အကောင့်ကို Web Proxy မှကျော်ပြီးဖွင့်လို့ရနိုင်ပါသည်။ အကောင့်များသည်ယခုအခါ သမရိုးကျဖွင့်ရန်ခက်ခဲ နေသည်မှာ ကာလအတန်ကြာနေခဲ့ပါပြီ။
ယခုကဲ့သို့ Proxy ကျော်ဖွင့် ရာ တွင်Login Name ကို Chat Availability မစစ်ရဘဲ လိုအပ်သည်များကို အားလုံး ဖြည့်စွက် ပြီး နောက်ဆုံး Account လုပ်ရန် နှိပ်လိုက်သည့်အခါ မှာ Login Name မရလျှင်ပြန်ဖြည့် ထည့်ပြီး ပြန်ဖွင့်ရမည်ဖြစ်သည်။

လုပ်ဆောင်ချက်မှာ - ပထမဦးစွာ http://hidemyass.com/ကိုအရင်သွားရမည်ဖြစ်သည်။ ပြီးလျှင် Box ထဲတွင် http://mail.google.com/ဟုရိုက်ထည့်ပြီး Hide My Ass Buttom ကိုနှိပ်ပါ ။ ထိုသို့ နှိပ်လျှင် Access Denied ဟိုပေါ်နေလျှင် Box အောက်နားလေးမှ SSL Security ကို On ထားရသည်။ ထိုကဲ့သို့ ပြုလုပ် ပြီး Gmail Window ကျလာလျှင် Creat an account ကိုကလစ်လိုက်ပြီး ပိုမှန်ဆောင်ရွက်နေကျအတိုင်း ဖြည့်စွက် ပြီး အကောင့်ဖွင့်ရမည်ဖြစ်သည်။

သို့သော် အကောင့်သစ် ဖွင့်ရာတွင် ကော်နက်ရှင် ကောင်းမွန်ရန်လိုအပ်ပြီး ကော်နက်ရှင်နှေးနေလျှင် သုံးလေးခါလောက် ကြိုးစားဖြည့်စွက် ပြီးဖွင့်ရန် F5 ခလုတ်ကို နှိပ်ပေးရမည်ဖြစ်သည်။

အောင်မြင်ပါစေ။

IT Weekly ဂျာနယ်-
ကိုသက်စိုး (မြောက်ဦး) မှ-
ကူးယူဖော်ပြသည်
မူ၇င်းတင်ထားတဲ့ ၀က်ဆိုဒ်မှာလည်း ကြည့်နိုင်ပါတယ်ခင်ဗျာ

Tuesday, October 1, 2013

သံတွဲဒေသ ပဋိပက္ခ တစ်ဦးသေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ သံတွဲဒေသ ပဋိပက္ခ တစ်ဦးသေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သဗြုချိုင်ကျေးရွာနှစ်ရွာမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
ဒီကနေ့ ညနေပိုင်း အခြေအနေတွေကို သံတွဲဒေသတွင်း သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းနိုင်က RFA ကို အခုလို ပြောပါတယ်။"ဒီနေ့အခြေအနေကတော့ သဗြုချိုင်မှာ မီးရှို့နေတယ်၊ ရဲကလည်း မိုးပေါ်ထောင်ပစ်နေပါတယ်၊ အဲဒီမှာ ရွာသားတွေက ချောင်ပိတ်မိနေပါတယ်"ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က လုံခြုံရေးမရှိသေးတဲ့ ကျေးရွာတွေမှာ အဲဒီလို မီးရှို့တိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို့ အခုလို ပြောပါတယ်။"ဒီဖြစ်တာက မြို့ပေါ်မှာမဟုတ်ဘူး၊ ဒီမြို့ပေါ်ကပြီးသွားပြီ၊ မြို့နဲ့ လုံခြုံရေးနဲ့ အလှမ်းဝေးတဲ့နေရာပေါ့၊ ရွှေလီဘက်ဆိုရင် မြို့နဲ့မိုင် ၂ဝ လောက်ဝေးတယ်၊ အဲလိုဖြစ်လို့သတင်းကြားတာနဲ့ တခါတည်း အဲနေရာကိုတော့သွားတာပေါ့၊ သဗြုချိုင်လည်းအဲလိုပဲ၊ ဖြစ်မယ်ထင်လို့ ဒီနေ့မနက်မှာ လုံခြုံရေးမရောက်ခင်အချိန်လေးမှာပဲ ဒီပြဿနာတွေဖြစ်တယ်လို့ပဲ သိရတယ်"နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် သဗြုချိုင်ကျေးရွာနဲ့ ပေါက်တောကျေးရွာတွေမှာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ကျွမ်း မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပေမဲ့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို အတည်ပြုပြောကြားတာ မရှိပါဘူး။ဒီနေ့ မီးရှို့တိုက်ခိုက်ခံရတဲ့ သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေဟာ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေက သံတွဲမြို့ပေါ်မှာ ကမန်အမျိုးသားတစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးတို့ သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ မီးရှို့မှုဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

RFA Burmese

သံတွဲမီးရှို့မှု အိမ်ခြေ ၁၄ လုံးလောင်ကျွမ်း

ရခိုင်ပြည်နယ် ရွေလှေသပြုချိုင်အရပ်မှာ ဒီကနေ့ မနက်ပိုင်းက အကြမ်းဖက်အုပ်စုတစုက မီးတင်ရှို့လို့ အိမ်ခြေ ၁၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ဒီဗွီဘီကို ပြောပါတယ်။

ဒီမီးရှို့မှုကို ရဲတပ်ဖွဲ့က မနက် ၁၁ နာရီခန့်မှာ သေနတ်ပစ်ခတ်ဖြိုခွဲလို့ လူစုကွဲသွားတယ်လို့ ပြောပါတယ်။
ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပတ်သက်လို့တော့ ဆောင်ရွက်ဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း သံတွဲမြို့မှာ ဦးခင်မောင်ရဲ့အိမ်တလုံးနဲ့ ဦးသာနိုးအောင်ရဲ့ အိမ်တလုံး မီးရှို့ခံခဲ့ရသလို မွတ်စလင်တချို့ရဲ့ အိမ်တွေ ခဲပေါက်ခံကြရပါတယ်။ မီးတင်ရှို့မှုဟာ တယောက်နဲ့ တယောက် အချင်းများရာကနေ ဖြစ်ပွားတာဖြစ်ပြီး ဘာသာရေး အဓိကရုဏ်းမဟုတ်ဘူးလို့ ဦးထွန်းဝေက ပြောပါတယ်။

သံတွဲခရိုင်မှာ လွန်ခဲ့တဲ့ နှစ်လကျော်ခန့်ကလည်း မွတ်စလင်တွေရဲ့အိမ်တွေကို အလားတူမီးရှို့ကြလို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ အဲဒီတုန်းက မီးရှို့မှုနဲ့ ဆက်စပ်တဲ့ လူငါးဦးကို ဖမ်းဆီးရုံးတင်တရားစွဲဆိုထားပါတယ်။

by ​အေး​နိုင်  (ဒီဗွီဘီ)

မလိုအပ်သောဖိုင်များကိုရှင်းပစ်ခြင်းဖြင့် Window Xp ကိုမြန်ဆန်

ညီအစ်ကိုများခင်ဗျာ..
-Start ကိုသွားပြီး Run Box ကိုဖွင့်ပါ။ “gpedit.msc” ဟုရိုက်ပါ။
-ဘယ်ဘက်မှာရှိတဲ့ Panel မှာ “computer configuration” ကိုရွေးပါ။
-“Administrative Templates” ကိုရွေးပါ။

-“Windows components” ကိုရွေးပါ။
-“Terminal services” က်ုရွေးပါ။
-ညာဘက် panel မှာပေါ်လာသော “Do not delete Temp Folder Upon exit” မှာ Right click နှိပ်/
Properties ကိုရွေး “disable” ကိုရွေးပါ။ ဒါပါပဲဗျာ..

Sunday, September 29, 2013

ဖုန်းမှားဝင်လာလို့စိတ်ညစ်နေသလား? “ဖုန်းမလာပါနဲ့”

ဖုန်းမှားဝင်လာတာတို့/ ကိုယ်ဆီမ၀င်စေချင်တဲ့ဖုန်း တို့ကို လုံးဝကာကွယ်လို့ရတယ်နော်...
မြန်မာလိုရေးပြထားတာမို့ ရှင်းမပြတော့ဘူး။


 လိုချင်ရင်
ဒီမှာယူလိုက်
                                                                            

လိုင်စင်ရ အသံတိတ် လူသတ်သမားများ

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
...
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။


အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။


(လဲ့ရည်မြင့်၊ သင်းရတနာဆု) - The Voice Weekly

သားဖြစ်သူက မိခင်ကိုသတ်တဲ့အမှု

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန်တွင်  စန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာ နေအိမ်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ်
မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ အခင်းဖြစ်အိမ်ခေါင်းရင်းဘက် (၂၅)ပေခန့်အကွာနေ ဦးသစ်လွင်၏ ပြောပြချက်အရ ၀၃၃၀ အချိန် ခန့်တွင် သေဆုံးသူနှင့်အတူနေသားဖြစ်သူ တင်ထွန်းဝင်းတို့ စကားများကြကြောင်း၊ သေဆုံးသူမှ တင်ထွန်းဝင်း ငါ့ကိုမလုပ်နဲ့ ငါပေးမယ်ဟုပြောဆိုသံကြားရကြောင်းတို့ကို သိရှိရသဖြင့် ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးကို သတ်ခဲ့သူ တင်ထွန်းဝင်းအား အရေးယူပေးပါရန် ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း(ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

by Myanmar News Now

သင့်ရဲ့ Android Phone နဲ့ Screenshot ရိုက်ချင်ရင်

ကျွန်တော့ဆိုက်ကို လာရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများခင်ဗျာ...Android Phone လေးနဲ့ Screenshot ရိုက်ချင် ဒီ App လေးက အရမ်းမိုက်ပါတယ်။ ရှိပြီးသားဆိုရင်လည်း မယူနဲ့ပေါ့/ မရှိသေးဘူးဆိုရင်လည်းယူသွားကြပေါ့ဗျာ...488kb ပဲရှိပါတယ်..ပုံလေးနဲ့ပြထားပါတယ်..



လိုချင်ရင် Dropbox မှာတင်ပေးထားပါတယ်..
Download