မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား
သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင် လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။
ဖြစ်ပွားပုံမှာ လူတစ်စုက မြန်မာအမျိုးသမီး (၈)ဦး နေထိုင်သည့် အဆောင်ကို အနုကြမ်းဝင်စီးကာ အသက် ၂၀ ဝန်းကျင် မသူဇာအေး အား ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အုပ်စုဖြင့် ဝိုင်းဝန်း အဓမ္မပြု ကျင့်ခဲ့ကြတယ်၊ မနက် ၁ နာရီကျော်ခန့် တွင် ၄င်းအဆောင်အနီး လမ်းမပေါ်တွင် ကားပေါ်မှ ပစ်ချသွားပါတယ်။
အဆိုပါ မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အား ဖြတ်ဆီးပြီး လူတစ်စု အဆောင်တွင်းသို့ ဝင်ရောက်လာ သောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြပေမယ့် မသူဇာအေး ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်လို့  ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့တာကြောင့် ဓားဖြစ်ထောက် ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်ပါတယ်။
အခုအခါ မသူဇာအေးမှာ လိုအပ်သော ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း၊ တရားခံများ၏ ပုံပန်းသဏ္ဍာန်ကို ယင်းပတ်ဝန်းကျင်ရှိ စီစီတီဗွီ မှတ်တမ်းမှ တဆင့် ရှာဖွေဖော်ထုတ် သွားရန် အစီအစဉ်များရှိကြောင်း လူမှုကွန်ယက် အင်တာနက် သတင်းများမှာ ရေးသားဖော်ပြကြပါတယ်။
ထိုအဖြစ်အပျက်အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ မြန်မာသံရုံးမှ မလေးရှား လဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်တယ်လို့  မလေးရှားရောက်များရဲ့ အင်တာနက် သတင်းများ အရသိရပါတယ်။
အဆိုပါ ကိစ္စနဲ့ ပါတ်သတ်ပြီး မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ သူတို့ နေအိမ် အဆောင်များ လုံခြုံမှု ရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူ တိုင်ကြားပေးရန် Flairis Sdn Bhd စက်ရုံတွင် ဆန္ဒပြ တောင်းဆို နေကြောင်းလည်း သိရပါတယ်။
by Myanmar News Now
Saturday, August 31, 2013
Thursday, August 29, 2013
စစ်တွေမှာ လုံထိန်းအင်အားကိုပုံမှန်ထက်များစွာချထား
စစ်တွေမှာ လုံထိန်းအင်အားကို ပုံမှန်ထက် များစွာ ချထားတာကြောင့် ဒေသခံအချို့ ကြောက်လန့် ထွက်ပြေး
ရန်ကုန်၊ သြဂုတ် ၂၅ / စစ်တွေမှာ လူဦးရေစာရင်း ကောက်ခံတဲ့အခါမှာ
“လုံထိန်းအင်အားကို အများကြီး ချထားတော့ ဥယျာဉ်သာအုပ်စုက တစ်ချို့ ကလေးတွေ၊ မိန်းမတွေက ထွက်ပြေးတာပေါ့၊ ယောင်္ကျာသားလဲ မရှိတော့ ကြောက်ကျတယ်၊ ပြီးတော့ လုံထိန်းတွေက ဝတ်စုံအပြည့်အစုံနဲ့၊ ဒေသခံအချို့က ဗမာစကားလဲ မတက်ဘူး၊ ရခိုင်စကားလဲ မပြောတက်တော့ ကြောက်ပြီး ထွက်ပြေးကြတာ” လို့ စစ်တွေဒေသခံ တစ်ဦးက မြန်မာမွတ်စ်လင် မီဒီင်္ယာကို ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ လူဦးရေ သန်းခေါင်းစာရင် ကောက်ယူမှုကို သြဂုတ်လ (၂၃) ရက်နေ့က စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ လူဦးရေ စာရင်းကောက်ယူမှုတွင် လုံခြုံရေး အင်အားကို ပုံမှန်ထက်များပြားစွာ ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မှန်စီကွက်စုံနဲ့ သက္ကေပြင်ကန့်မှာ လုံထိန်းအင်အား ၄၀၀ မှ ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ဥယျာဉ်သာအုပ်စု ကျေးရွာတွေမှာတော့ လုံထိန်းအင်အား ၇၀၀ မှ ၈၀၀ ဝန်းကျင် ချထားတယ်လို့ သတင်းရရှိပါတယ်။
လူဦးရေစာရင်း ကောက်ယူမှုအတွက် အိမ်တစ်အိမ်ကို ဝင်ရောက်တဲ့အခါမှာလဲ လုံထိန်းအင်အား ၃၀ ဝန်းကျင်ခန့်က အိမ်ရဲ့ ရှေ့နောက်တံခါးတွေမှာ နေရာယူ ထားတာကြောင့် ဒေသခံ အချို့ ကြောက်လန့် ထွက်ပြေးသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ကြောက်လန့် ထွက်ပြေးမှုကြောင့် စာရင်းမဝင်တဲ့သူ ၃၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။
“လုံခြုံရေးယူတာကို မပြောလိုပါဘူး၊ အိမ်အပြင်မှာပဲ လုံခြုံရေးယူပေါ့ ခုတော့ အကြမ်းဖက်သမားပဲ ဖမ်းသလို၊ သူပုန်ပဲစစ်သလို လုပ်တော့ လူတွေ ကြောက်ကြတာပေါ့၊ အိမ်တစ်အိမ်မှာ အလွန်ဆုံးရှိလှ မိသားစု ၈ ယောက်ပေါ့ ဒါကို လူလေးဆယ်လောက်က လူဦးရေ စာရင်းကောက်တော့ ကြောက်တာ မဆန်းပါဘူး၊ တစ်ခုပဲ စိုးရိမ်တာက စာရင်းမဝင်တဲ့သူတွေကို ခိုဝင်ဘင်္ဂလီလို့ စာရင်းထည့်မှာ စိုးတယ်” လို့ ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မီဒီယာသို့ ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နောက်တစ်ကြိမ် စာရင်းပြန်လည် တိုက်ဆိုင် စစ်ဆေးတဲ့အခါမှာ လူဦးရေ စာရင်း ကောက်ခံမှုမှာ စာရင်းမဝင်တဲ့ လူ ၃၀ ရာခိုင်နှုန်းကို ခိုးဝင်ဘင်္ဂလီ အဖြစ် သတ်မှတ်လိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ စစ်တွေမှာ လူဦးရေစာရင်း ကောက်ခံမှုကို ဧပြီလ၂၆ ရက်နေ့မှာ ပထမအကြိမ် ကောက်ခံမှု ရှိခဲ့ပါတယ်။ အဆိုပါ ကောက်ခံမှုတွင် စစ်တပ်နဲ့ ဒေသခံ ဒုက္ခသည်တွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ပထမဖြစ်စဉ်ကြောင့် ယခုတစ်ကြိမ်မှာ လုံခြုံရေး အင်အားကို တိုးမြင့် ချထားခြင်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။
သတင်း – မိုးကြယ်စင်
ကန့်ဘလူမြို့နယ်၌ အမျိုးသမီး တစ်ဦးအား ကာအိနြေ္ဒပျက်ပြားအောင်အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီးအကြမ်းဖက်
နေပြည်တော်၊ ဩဂုတ်၊ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီး တစ်ဦးအား အမျိုးသား တစ်ဦးက
ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်၍ အစပြုပြီး အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး
မကျေနပ်သူလူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိသူများက အကြမ်းဖက် မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုများတွင် ပါဝင်သူများအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်ကျေးရွာအုပ်စု ဇီးပင်သာ ကျေးရွာနေ အမျိုးသမီး တစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင်မှ ပြန်လာစဉ် ထန်းကုန်း ကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြားအရောက် ထန်းတောကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့်စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိ လာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်း ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ညပိုင်းတွင် ရွှေဘိုအကျဉ်းထောင် သို့ ပို့ဆောင်ခဲ့ကြောင်း။
ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်း ရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်၊ နေအိမ်အချို့နှင့် ကြက်ခြံတစ်ခြံတို့အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း။
မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၉လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း၊ ကြက်ခြံတစ်ခြံတို့ မီးလောင်ကျွမ်း ခဲ့ပြီး နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၁၂ ခန်း၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် ၃ ဆိုင်တို့ ရိုက်ချိုး ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ ရဲတပ်ရင်းမှ တပ်ရင်းမှူးနှင့်အဖွဲ့များ ရောက်ရှိပြီး လုံခြုံရေးဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၅ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းမှားကြား ခဲ့ကြောင်း သိရှိရသည်။ ( သတင်းစဉ်)
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝါတိုင် ၄၀၀ ထပ်တိုးမည်
မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပိုမိုချဲ့ထွင်
Tue Aug 27, 1:59 pm
ရန်ကုန်၊ သြဂုတ် ၂၆
“တည်ဆောက်ဖို့ တင်ဒါခေါ်ထားပါတယ်။ ရန်ကုန်တို့၊ မန္တလေးတို့ကတော့ နယ်မြေအနေအထား လိုအပ်ချက်အရ တာဝါတိုင် များရင်များမှာပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရေဒီယိုဆက်သွယ်ရေးစခန်းများ တည်ဆောက်ရန်အတွက် မြေအနေအထား တိုင်းထွာခြင်း၊ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ခြင်း၊ ဓာတ်အားပေးစနစ် တည်ဆောက်ခြင်းနှင့် မိုးကြိုးလွှဲစနစ် တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူထားသည်။
“တာဝါတိုင်တွေ တိုးချဲ့တပ်ဆင်ဖို့လုပ်တာ ကောင်းတဲ့ကိစ္စပဲ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကလည်း ပြည်ပကုမ္ပဏီတွေနဲ့ ပြိုင်ရတော့မှာဆိုတော့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရတော့မှာပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။
တင်ဒါရွေးချယ်မှု ပြီးဆုံးပါက လုပ်ငန်းတည်ဆောက်မှုများကို အမြန်ဆုံးစတင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ အရေအတွက် ၅ ဒသမ ၂ သန်းကျော်ရှိပြီး မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၀၀၀ ကျော် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနထံမှ သိရသည်။
thevoicemyanmar
Wednesday, August 28, 2013
အသုံးဝင် Website address Links များ
အသုံးဝင် Website address Links များ
အားကစားဆိုင်ရာ ဆိုဒ်များ
- နိုင်ငံတော်သမ္မတရုံး
- ပြည်သူ့လွှတ်တော်
- အခြေခံဥပဒေဆိုင်ရာခုံရုံး
- ပြန်ကြားရေးဝန်ကြီးဌာန
- အမှတ်(၁)စက်မှုဝန်ကြီးဌာန
- အမှတ်(၂)စက်မှုဝန်ကြီးဌာန
- သာသနာရေးဝန်ကြီးဌာန
- နိုင်ငံခြားရေးဝန်ကြီးဌာန
- အားကစားဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
- သစ်တောရေးရာဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- လူမှုဖူလုံရေးအဖွဲ့
- မြန်မာ့ရုပ်ရှင်
- MRTV-4
- yatanarpon.com
- yatanarpon.net
- မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဝက်ဆိုက်
- မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
- ဦးထွန်းလွင် မိုးလေဝသ
- ငလျင်တိုင်းတာရေး(USGS)
- ငလျင်တိုင်းတာရေးသတင်း(Thai)
- tintlwinswe.blogspot.com(ငလျင် အကြောင်း)
ပို့ ဆောင်ရေးဝန်ကြီးဌာန
- ဝီကီပီးဒီယား
- မက်တာဝီကီ
- မြန်မာအွန်လိုင်း စွယ်စုံကျမ်း
- ဝီကီမက်ပါ wikimapia.org
- မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
- သုတေသန သရုပ်ပြအဘိဓာန်
- အင်္ဂလိပ်=မြန်မာအဘိဓာန်
- ချင်းတွင်း ကွန်ဗာတာ
- နှစ်တစ်ရာ ပြက္ခဒိန်
- မြန်မာရက်စဉ်သမိုင်း
- Myanmar Information Management Unit(MIMU)
- နိုင်ငံရေးအကျဉ်းသား အဘိဓာန်
- အောင်ဘာလေထီ
- မြန်မာဂီတ(အောင်ဝင်း)
- မြန်မာသီချင်းကြီးများ
- ရွှေပြည်ဦးဘတင်
- wutyeefoodhouse.com
- myanmarchessnews.info
- မြန်မာ့အင်တာနက်
- People Magazine
- Weekly Eleven
- မိုးမခ
- ဧရာဝတီ သတင်း
- mizzima
- ဒီလှိုင်း
- ပေဖူးလွှာ မဂ္ဂဇင်း
- ရွှေအမြုတေ
- obamiconme.pastemagazine.com
- ရတနာပုံ
- thevoice ဂျာနယ်
- people ဂျာနယ်
- 7day ဂျာနယ်
- အင်တာနက် ဂျာနယ်
- မြန်မာတိုင်း(မြန်မာ)
- မြန်မာတိုင်း(အင်္ဂလိပ်)
- သံလွင် အိပ်မက်
- Planet
- တူဒေး အဖွဲ့ 
- ဈေးကွက် ဂျာနယ်
- ကြေးမုံ သတင်းစာ
- ကြေးမုံ အွန်လိုင်း
- ၀န်ကြီးဌာန-၀က်ဆိုက်များ
- မြန်မာ့အလင်း-သတင်းစာ
- ရန်ကုန်တိုင်းမ်
- တူဒေး-အဖွဲ့ 
- ရွှေအမြူတေ မဂ္ဂဇင်း
- လျှပ်တပြက် ဂျာနယ်
- သရဖူ
- စွယ်စုံ ဂျာနယ်
- အီကိုဗီးရှင်းဂျာနယ်
ရုပ်ရှင်
- ဖရီးမြန်မာဗွီစီဒီ
- မေနှင်းအေး
- အဖြူရောင်သံစဉ်ရုပ်ရှင်ဥယျာဉ်
- အဖြူရောင်သံစဉ်တေးရုပ်သံဥယျာဉ်
- မင်းသီလမြန်မာဗွီဒီယို
- ခရမ်းပြာအိပ်မက်
- လူငယ်ဒိုင်ယာရီ
- Burmese Classic Myanmar Movies
- ရွှေအိုးမြန်မာရုပ်ရှင်
- မဇ္ဇူရီ ရုပ်ရှင်ကားများ
- မဇ္ဈိမရုပ်ရှင်
- မြန်မာ-နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများ
- အင်းဝ
- Shwe Dream
- Shwe Videos
- Myanmar Pioneer
- Myanmar World
- Myanmar HD Movies
- MRTV 3
- သီးလေးသီး
- အာရှနိုင်ငံများမှ ဇာတ်လမ်းများ
- My Soju (ကိုရီးယား၊ဂျပန်၊ထိုင်ဝမ် ဇာတ်လမ်းများ)
- Drama Crazy (ကိုရီးယား၊ဂျပန်၊ထိုင်ဝမ် ဇာတ်လမ်းများ)
- Korea Drama
- Free Korea Movie Online
- ထိန်လင်းဗီဒီယိုမှတ်တမ်း (အင်္ဂလိပ်ကားများ)
- Movie 25 (အင်္ဂလိပ်ကားများ)
- Utube Online Downloader
- မဇ္ဇူရီ မြန်မာသီချင်းများ
- ညကဗျာ
- အရိုင်းပန်း
- ပန်းစကား
- မြန်မာ့ဂီတ
- All Channel Music
- Myanmar Mp3.net
- Myanmar Mp3 Album
- Myanmar Mp3.com
- Myanmar Mp4.com
- Flashband Myanmar Music
- Myanmar Music Online
- Mis You
- Yangon City
- Burmese Classic Songs
- Burmese Classical Songs
- MTV MUSIC
- Beemp3
အနုပညာရှင်များ
ဖိုရမ်များ
- မြန်မာမိသားစုဖိုရမ်
- မြန်မာစာပေဖိုရမ်
- ပညာ့မဏ္ဍိုင်ဖိုရမ်
- မြန်မာအင်ဂျင်နီယာဖိုရမ်
- ပဒုမ္မာ(အွန်လိုင်းဂျလေဘီများ)
- မြန်မာမြားနတ်မောင်
- မြန်မာဆိုက်ဘာမီဒီယာ
- မှတ်သားဖွယ်ရာ အဖြာဖြာ
- အလင်းရောင်ဖိုရမ်
- လင်းထက်မြန်မာ
- ထာဝရသူငယ်ချင်းများ
- သတ္တမနည်းပညာရပ်ဝန်း
- Myanmar Friendster Forum
- MYSTERY ZILLION Forum
- Myanmar IT Pro
- Myanmar Geeks
- Myanmar Engineering Forum
- Native Myanmar Community Forum
- Planet ဖိုရမ်
- အဖြူရောင်သံစဉ်မြန်မာဖိုရမ်
- ရွှေကျွန်းသားဖိုရမ်
- ဧဒင်ဥယျာဉ်
- Zero Balance
မြန်မာ၊ ကမ္ဘာစာအုပ်စင်များ
- စကားဝါမြေစာကြည့်တိုက်
- မြန်မာရခိုင်များ
- ရွှေစကား
- နေ့သစ်စာအုပ်စင်
- အဖြူရောင်မေတ္တာ
- အိပ်မက်လှိုင်းစာအုပ်စင်
- ဝိညာဉ်သစ်စာအုပ်စင်
- ဗမာ့ကြယ်ကွန်ယက်စာအုပ်စင်
- ဓမ္မပဒ ပါဠိတော် မြန်မာပြန်အင်္ဂလိပ်
- စာပေရိပ်
- ချယ်ရီမြို့တော်စာအုပ်စင်
- Myanmar Ebooks.net
- Myanmar Ebook Archive
- Myanmar Ebook
- Golden Myanmar Ebook Collection
- Dhamma Web Books
- Dhamma Download Myanmar
- Dhamma Download English
- Burmese Classic
- Buddha Net
- Book Hive
- ဝိညာဉ်သစ် Ebook Search Engine
- Free EbooksBank
- EBookee
- PDF and CHM Books
သတင်း၊ ဂျာနယ်၊ မဂ္ဂဇင်းများ
- သတင်းနှင့်မီဒီယာကွန်ယက်
- ဒီဗွီဘီ
- မဇ္ဈိမ
- မိုးမခ
- သျှမ်းသံတော်ဆင့်
- ဘီဘီစီ မြန်မာပိုင်းအစီအစဉ်
- ဗီအိုအေ မြန်မာ
- အာဖက်ဖ်အေ
- နိရဉ္စရာ
- ဧရာဝတီ
- ရိုးမ-၃
- နေ့သစ်
- ဖွဲ့တည်ရာ မီဒီယာ
- သာကီနွယ်
- လူ့အခွင့်အရေးတိုးတက်ရေးအဖွဲ့
- လွတ်လပ်သောမွန်သတင်းအေဂျင်စီ
- မုံရွာဆောင်းပါးများ
- ခေတ်လူငယ်
- ယနေ့မြန်မာ
- ပလန်းနက်
- ဟစ်တိုင်
- တူဒေးမြန်မာ
- ငုရင်ပြင်
- မြန်မာဝီကီလိခ်
- မြန်မာ့အလင်းသတင်းစာ
- ကြေးမုံသတင်းစာ
- မိုးသောက်ကြယ်ဂျာနယ်
- ဈေးကွက်ဂျာနယ်
- ပေါ်ပြူလာမြန်မာဂျာနယ်
- အင်တာနက်ဂျာနယ်
- လျှပ်တပြတ်ဂျာနယ်
- ရန်ကုန်တိုင်းဂျာနယ်
- ဝိကလီးအလဲဗင်းဂျာနယ်
- အလင်းရနံ့ဂျာနယ်
- စမ်းချောင်းဂျာနယ်
- မြန်မာတိုင်း
- လောကအလှအွန်လိုင်းမဂ္ဂဇင်း
- ရွေအမြုတေမဂ္ဂဇင်း
- သံလွင်အိမ်မက်မဂ္ဂဇင်း
- သံတော်ဆင့်မဂ္ဂဇင်း
- မုရန်မဂ္ဂဇင်း (ခရစ်ယာန်ဘာသာစာစောင်)
- People Magazine
ဘာသာရေး
- ဇမ္ဗူသီရိ (တရားတော်များ)
- မြတ်ရတနာ
- ဓမ္မဒါန
- ဓမ္မရသ
- နိဗ္ဗာန
- လောကနာထ
- ပရိတ်ကြီး ၁၁ သုတ် နှင့်ဘုရားရှိခိုးများ
- ထေရဝါဒ ဗုဒ္ဓသာသနာ ပြန့်ပွားရေး
- BuddhaNet Dhamma Download
- Dhamma Web
- E-Dhamma
- http://www.dhammavideo.com/index.php?view=azusa
အားကစားဆိုင်ရာ ဆိုဒ်များ
- မြန်မာဘောလုံးချစ်သူများဆုံဆည်းရာ
- ချယ်လ်ဆီးချစ်သူများ (Chelsea FC)
- ကြိုးကြာနီတို့ဆုံမှတ် (Liverpool FC)
- မြန်မာဂိုး
- Eleven Sport News
- Soccer Myanmar
- KBZ FC
- ရတနာပုံ FC
ကျန်းမာရေးဆိုင်ရာ
- ကျန်းမာရေးဝန်ကြီးဌာန
- ဆရာဝန်ဘဝ
- ဆေးပညာစာများ
- ယမုန်နာဆေးခန်း
- ပုလဲသွယ် (ဒေါက်တာတင့်ဆွေ)
- Public Health in Myanmar
- အွန်လိုင်းဒေါက်တာ
- ဇော်ဂျီဖောင့်
- ဧရာမြန်မာဖောင့်
- ဝင်းမြန်မာဖောင့်
- သံလွင် Soft
- စံမြန်မာ
- Myanmar3 unicode font
- MyMyanmar Language
- Myanmar Translator
- နည်းပညာများ(Sharing To Fri)
- မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း
- ကွန်ပြူတာ နဲ့ သတင်း နည်းပညာ
- ဘလောခ့်နှင့်အိုင်တီနည်းပညာ
- Myanmar Tutorials
- Programming နည်းပညာ
- Java အကြောင်းစုံ
- Registry အကြောင်းများ
- အွန်လိုင်းမြန်မာအင်္ဂလိပ်အဘိဓာန်
- PC World (နောက်ဆုံးပေါ်ကွန်ပြူတာအကြောင်းများ)
ဓာတ်ပုံနည်းပညာ
- Photoshop မြန်မာသင်ခန်းစာများ
- Photoshop လေ့ကျင့်ခန်း
- Photoshop Tutorials
- Photo Editor Online
- ရိုင်ရယ်လ်မြန်မာ(ဓာတ်ပုံ)
- ပုံလှလှကလေးများယူရန်
- မိမိဓာတ်ပုံကို လှအောင်ဖန်တီးရန်(PhotoFunia)
- ဓာတ်ပုံကို ရေလှိုင်းလေးတွေဖန်တီးရန် (Water Effect Animation)
- ချစ်သူအတွက် ပုံလှလှလေးတွေ
- Logo နှင့် Icon လေးတွေ
- Flash Banner လှလှလေးတွေ
- ပုံတွေကို Album အလိုက်ပို့လို့ရတဲ့ Software
- Image Converter Online
- Audio Converter Online
- Movie Converter Online
- Doc Converter Online
- Excel Converter Online
- HTML Converter Online
- Mail Converter Online
- AutoCAD Converter Online
- ၂၀၁၁ မြန်မာအင်္ဂလိပ်ပြက္ခဒိန်
- ရွှေစကား
- အမေ (ကဗျာများ)
- လမ်းအိုလေး (ကဗျာများ)
- လမ်းအိုလေး (ကဗျာ)
- မြန်မာရာသီဥတု
- ဗေဒသုခုမ
- မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့
- ရန်ကုန်တက္ကသိုလ်ခြေလျှင်နှင့်တောင်တက်အသင်း
- မန္တလေး
- မြန်မာစကားပုံများ
- မြန်မာဘလော်ဂါများစုရပ်
- Myanmar Blogger Helpdesk
- မြန်မာ – အင်္ဂလိပ် အဘိဓာန်အွန်လိုင်း
- မြန်မာနှစ်တရာပြက္ခဒိန်
- မြန်မာဖောင့်converter
- မြန်မာစာ မြန်မာစကား
- မြန်မာသတ်ပုံကျမ်း
- ရှေးမြန်မာ
- မြန်မာသီချင်းစာသားများ
- မန္တလေးအဘိဓာန်
- All Channel For All Myan
- Burma Lawyer Council
- The Penal Code (ပြစ်မှုဆိုင်ရာဥပဒေ)
- Myanmar Dotcom
- Myanmar Blogpress
- MM Word Press
- My Suboo Fan Club
- E Dform
- Text to Speech စာလုံးတွေကိုအသံပြောင်းရအောင်
- Text to Speech 2
- Torrent ဖိုင်တွေကို online ပေါ်ကနေဒေါင်းမယ်
- နိုင်ငံတကာကုဒ်များ
- Email တွေကို လုံခြုံအောင် ပို့ကြမယ်
- ဘယ်နေ့သေမလဲ
- ကွန်ပျူတာ ဈေးနှုန်းတွက်ချင်ရင်
- သုံးနေတဲ့ Password လုံခြုံမှု ရှိရဲ့လားစစ်ကြည့်မယ်
- ပေါ်ပြူလာအဖြစ်ဆုံး website တွေကို ရှာရန်
- အွန်လိုင်းပြတိုက်လေး
- ဖုန်းအလကားပြောရဖို့
- IP Address ရှာရန်
- English Blog များရှာရန်
- Gtalk အကြောင်းစုံ
- Gtalk Shell လုပ်ဖို့ Software
- Gmail Mananger
- Google Pack Software
- Google Bookmarks (အွန်လိုင်းပေါ်မှာပဲ ကိုယ်ကြိုက်တဲ့ဆိုဒ်တွေ မှတ်ထားနိုင်တယ်)
ဖိုင်တွဲကြီးကြီးများပို့ရန်
ကျော်မယ်ခွမယ်
----------------------------------------------- မြန်မာ E-Books.
- မြန်မာဘလောဂ်များစုစည်းမှု့
- ဗမာ့ကြယ် ကွန်ယက်စာအုပ်စင်။
ကွန်ပြူတာနည်းပညာ ဝပ်ဆိုက်များ။ - Mozilla Firefox ထက်မြန်တဲ့ Maxthon ဒေါင်းလော့လုပ်ရန်။
- ကွန်ပြူတာတွင် အင်္ဂလိပ်-မြန်မာ ဘာသာပြန်ရန်အတွက် ဒေါင်းလော့လုပ်ရန်။
- ကွန်ပြူတာမှာ အလှဆင်ဖို့  နာရီလေးတွေပါ Alarmပါပေးလို့ ရပါတယ်။
- ကွန်ပြူတာမှာရှိထားသင့်တဲ့ Fanalmedia Player 2011
- နေမင်းအောင်၏ ကွန်ပြူတာနည်းပညာမျှဝေခြင်း။
- စကားဝါမြေ အွန်လိုင်းစာကြည့်တိုက်။
- အိမ်မက်လှိုင်း စာအုပ်စင်။
- Burmese Classic စာအုပ်စင်။
- အွန်လိုင်း ရွှေဝတ္တုတိုဆု။
- ဝိညာဉ်သစ် မြန်မာအွန်လိုင်း စာကြည့်တိုက်။
- ရွှေစကား အီးဘုတ်။
- မြန်မာ အီးဘုတ် ဖရီးဒေါင်းလော့။
- ကျန်းမာရေး အမေးအဖြေ။
- မြန်မာ့ ဆေးမြီးတိုများ လေ့လာရန်။
- အင်္ဂလိပ် စကားပြော သင်ချင်ရင်။
- မိမိ ကွန်ပြူတာတွင် မရှိမဖြစ် လိုအပ်သော ဆော့ဖ်ဝဲလ်လေးတွေ ဒေါင်းလေ့ယူရန်။
- Mozilla Firefox ဒေါင်းလော့လုပ်ရန်။
- ReyalPlayer ဒေါင်းလော့လုပ်ရန်။
- Quick Time Player ဒေါင်းလေ့လုပ်ရန်။
- WinRAR ဒေါင်းလော့လုပ်ရန်။
- Adobe Reader ဒေါင်းလော့လုပ်ရန်။
- WINAMP PLAYWE ဒေါင်းလေ့လုပ်ရန်။
- Itunes ဒေါင်ူလော့လုပ်ရန်။
- Adobe Flash Player ဒေါင်းလော့လုပ်ရန်။
- Adobe Reder ဒေါင်းလော့လုပ်ရန်။
- Foxit Reader ဒေါင်းလော့လုပ်ရန်။
- PDF Printer ဒေါင်းလောလုပ်ရန်။
- Media Player Classic ဒေါင်းလော့လုပ်ရန်။
- Google Earth ဖြင့်တကမ္ဘာလုံးကို မြေပုံပေါ်မှာကြည့်ရန်။
- VZO chat ဒေါင်းလော့လုပ်ရန်။
- ooVoo ဒေါင်းလော့ လုပ်ရန်။
- Skype ဒေါင်းလော့လုပ်ရန်။
- SmartVoip ဒေါင်းလော့လုပ်ရန်။
ဘဝ ဒဏ္ဍာရီ မှပြန်လည်ဖော်ပြထားပါသည်
Tuesday, August 27, 2013
ကန့်ဘလူ အကြမ်းဖက်မှုသတင်းများ
သတင်း – ကိုစိန်
ကန့်ဘလူ ၊သြဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၀ နာရီ
စစ်ကိုင်းတိုင်း ကန့်ဘလူ ထန်းကုန်းရွာအား အင်အား ၂၀၀ ကျော်ခန့်ရှိသော ဗုဒ္ဓဘာသာဝင်
အကြမ်းဖက်သမားများမှ
ည ၉း၃၀ ခန့်မှ မွတ်စ်လင်မ်ပိုင် အဆောက်အုံများ ဈေးဆိုင်များကို ဖျက်ဆီးရန် စုဝေးခဲ့ကြကြောင်း ကန့်ဘလူဒေသခံများက သတင်းပေးပို့ထားပါသည်။
ယခု သတင်းပေးပို့ချိန်တွင် မွတ်စ်လင်မ် ဆိုင် ၇ ဆိုင်အား ဖျက်ဆီးခံခဲ့ကြောင်း သတင်းရရှိပါသည်။ ရဲများ ရောက်ရှိလာပြီး အကြမ်းဖက်သမားများနှင့် အခြေအနေ တင်းမာလျက် ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
သဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၁ နာရီ
ထန်းကုန်းရွာတွင် အဆိုပါ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖျက်ဆီးခံရသော ဆိုင်များအနက် ဘူတာအနီးရှိ ဆိုင် ၃ ဆိုင် ပါဝင်ခဲ့ကြောင်း အကြမ်းဖက်သူများမှာ မူလ ၂၀၀ မှ ၅၀၀ ခန့် အထိ များပြားလာခဲ့ကြောင်း မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းများ ဆက်လက်ပေးပို့ထားပါသည်။
သြဂုတ် – ၂၄၊ ၂၀၁၃။ ည ၁၂ နာရီ
ဆိုင်ခန်းများအား မီးရှိ့ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ကားများ ရောက်ရှိလာသော်လည်း လူအုပ်ကြီးမှ ပေးမဝင်ခဲ့ကြောင်း၊
စတင်စုဝေးပြီး လာရောက်အကြမ်းဖက်သူများမှာ ထန်းကုန်းမြို့ခံများ မဟုတ်ပဲ ထန်းကုန်းမြို့ နှင့် ၁ဝ မိုင်ခန့် အကွာရှိ ဇီးပင်သာမှ လူများဖြစ်မည်ဟု နောက်ဆုံး ဆက်သွယ် ရရှိသော သတင်းများအရ သိရှိရပါသည်။
ထန်းကုန်းမြို့ရှိ ဖုံးလိုင်းများမှာလည်း ပြတ်တောက်လျက်ရှိနေကြောင်း သတင်းရရှိပါသည်။
ရွှေဘိုမြို့ အခြေအနေ
ရွှေဘိုမြို့တွင် အခြေအနေများ တည်ငြိမ်ဆဲဖြစ်ကြောင်း၊ သို့သော် အဆိုပါ အကြမ်းဖက်သမားများ အနက်မှ ၃ ဦးသည် ရထားဖြင့် ရွှေဘိုမြို့အား လှုံဆော်ရန် လာရောက်ခဲ့ကြပြီး သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ရွှေဘိုမြို့ခံ တစ်ဦးမှ မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းပေးပို့ထားပါသည်။
သြဂုတ် – ၂၅၊ ၂၀၁၃။ နံနက် ၂ နာရီ
ထန်းကုန်းအနောက် ဗလီကြီးတစ်ဝိုက်ရှိ အိမ်များ မီးရှို့ခံနေရဆဲ ဖြစ်ကြောင်း အိမ်ခြေ ၅၀ မှ ၁၀၀ ကြားအထိ ဖြစ်နိုင်ကြောင်း ထန်းကုန်းမှ ရွှေဘိုသို့ ဆက်သွယ် ရရှိသော သတင်းများအရ သိရှိရပါသည်။
ဒေသခံများမှာ အကြမ်းဖက်သမားများ၏ ရန်မှ ကင်းဝေးစေရန် ဗလီအနီးတွင် တိမ်းရှောင်နေကြကြောင်း သိရှိရပါသည်။

အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ် ထန်းကုန်း ရွာမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့
ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်း အခြေအနေ တွေ တည်ငြိမ် နေပေမယ့် တခြား ဒေသတွေမှာ နောက်ထပ် ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အခြေအနေ တခိျု့ ထပ်ပြီး ပေါ်ပေါက် ခဲ့တာမို့ အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ ပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေကို တနေရာပြီး တနေရာ မကြာခဏ ဆိုသလို ကြုံလာခဲ့တာ နှစ်နဲ့ချီ ကြာလာ ပြီးတဲ့နောက် လူ့အဖွဲ့အစည်း နှစ်ခု အကြားမှာ သံသယ နဲ့မခံချင်စိတ်တွေ ဆက်ရှိနေ ကြပြီး အချိန်မရွေး ပြဿနာ ပြန်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။
တနင်္လာနေ့ တုန်းက ဧရာဝတီတိုင်း ပန်းတနော် မြို့မှာ ဖြစ်ခဲ့တဲ့ အချင်းပွားမှုကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်အောင် ရပ်ရွာမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဝိုင်းဝန်း ဖြေရှင်း ပေးခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ပြဿနာ ပြေလည်သွား ပေမယ့် ဒေသခံ မူဆလင် အတော်များများ ကြောက်လန့်ပြီး တိမ်းရှောင် နေကြပါတယ်။ အဓိက ကတော့ ကောလဟာလ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြို့ခံမူဆလင် တဦးက ဆိုပါတယ်။
ပန်းတနော်မှာ အခုလို အခြေအနေ ကြုံရသလို၊ ရန်ကုန် တောင်ဥက္ကလာ ၁၀ ရပ်ကွက် မှာလည်း ဆိုက်ကား စီးပြီး ကလေး ကျောင်းသွားကြိုတဲ့ ဗုဒ္ဒဘာသာ အမျိုးသမီး တဦးကို လူနှစ်ဦးက ဘလိတ်ဒါးလိုမျိုး အသွား ထက်တဲ့အရာ တခုနဲ့ မျက်နှာကို လှီးခဲ့တဲ့ ရာဇဝတ်မှု တခု တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။
တိုက်ခိုက်တဲ့ သူတွေဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရသေး ပေမယ့် လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ လုပ်ရပ် ဖြစ်နိုင်တယ် ဆိုတဲ့ သံသယ တွေကြောင့် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထား နေပါတယ်။
အခု ဖြစ်ရပ်တွေဟာ သီးခြား ဖြစ်စဉ် တွေလို ဖြစ်နေပေမယ့် မကြာသေးခင် ကာလတွေ အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေ အနေ တွေကြောင့် နောက်ထပ် ပြဿနာတွေ မကြီးထွား လာအောင် အာဏာပိုင်တွေက လုံခြုံရေးကို ဂရုစိုက်ပြီး ဆောင်ရွက် နေတာ တွေ့ရပါတယ်။
ဒါပေမယ့် ပြဿနာရဲ့ အရင်းအမြစ် ဖြစ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြား စိတ်ဝမ်းကွဲမှု တွေကို ဖြေရှင်းဖို့ ကတော့ အစိုးရအဖို့ ကြီးမားတဲ့ အခက်အခဲ အဖြစ်ရှိနေ ပါတယ်။
အခုလို ပြဿနာတွေ၊ ပဋိပက္ခတွေ ကြိုကြား ကြိုကြား ဖြစ်လာနေတဲ့ အချိန်မှာပဲ မန္တလေးမြို့ မှာတော့ ဒါတွေ မကြုံရစေဖို့ ပဋိပက္ခ များ ဖန်တီးမှုကို ကြိုတင် တားဆီး ကာကွယ်ရေး အဖွဲ့ကနေ သီတဂူ ဆရာတော်ကြီး ဦးဉာဏိဿရရဲ့ ငြိမ်းချမ်းရေး ဓမ္မသဘင် တရားပွဲကြီးကို ကျင်းပကြပါတယ်။
အဲဒီအဖွဲ့ဟာ မန္တလေး မြို့ပေါ်မှာ အဲဒီလို ပဋိပက္ခတွေ မဖြစ်ရအောင် ၄ ကြိမ်လောက် တားဆီး ကာကွယ် နိုင်ခဲ့ပြီး ဖြစ်သလို ပြဿနာ ဖြစ်တဲ့ ဒေသတွေကိုလည်း သွားရောက် ပြီး ပဋိပက္ခများ မဖြစ်အောင် တားဆီးရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ အတွက်ကိုလည်း အကြံပြု နေတာ ဖြစ်ပါတယ်။
အခုလည်း ထန်းကုန်း ရွာအထိ လည်း သွားရောက် ခဲ့ပြီး ပဋိပက္ခ ကြိုတင် တားဆီးရေး အဖွဲ့တွေတောင် ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါ်ဝင်းမြမြက ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ယနေ့ ၂ ကျော့ပြန်ဖမ်းဆီး နေ
ယနေ့ ၂၇.၈.၂၀၁၃ ညနေ ၃ နာရီတွင် ယခင်ဖမ်းဆီးနေကျဖြစ်သော
ကားဖြင့် တစ်စီးအပြည့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးသည့်ရဲများမှာ ဒမ်ဝမ်ဂီ မှရဲများပင်ဖြစ်ကြောင်း ..။
ထပ်မံပြီး ညနေ ၄ နာရီခွဲတွင် ကားအမှတ် ၅၇၂၄ ( ဘန်ကားအဖြူရောင် ) ဖြင့် ကားအပြည့် ဖမ်းဆီးသွားကြောင်းသိရသည် ။
ဖမ်းဆီးသူများကိုသတိထားရန်မှာ ယခင်ဖမ်းသကဲ့သို့ ရဲဝတ်စုံ ၊ ရေးလားဝတ်စုံတို့ဖြင့် မဟုတ်ပဲ အရပ်ဝတ်များဖြင့်သာ ဆက်တိုက်ဖမ်းဆီးနေ တာကြောင့် ကွာလာလမ်ပူ လမ်းသွားလမ်း လာ မြန်မာများ သတိထားသင့်ပါသည် ။
ယခင်အဆိုပါ ဖမ်းဆီးမှုကို ကိုတာရာယာရှေ့တွင်သာ ဖမ်းဆီသော်လည်း ယခုမြန်မာဆိုင်တန်းသို့ဝင်ရောက်ဖမ်းဆီးမှုမှာ ၂ ကြိမ်ရှိပြီဖြစ်သည် ။
ဖမ်းဆီးသည်ဆိုသော်လည်း ယခင်း Operacy များကဲ့သို့ မှန်မှန် မမှန်မှန် ဖမ်းဆီးသည်မဟုတ်ပဲ အထောက်အထားမရှိသူများကိုသာ ဖမ်းဆီးပြီး အထောက်အထားပြနိုင်သူများကိုမူ စစ်ဆေးပြီးသည်နှင့် ပြန်လည် သွားခွင့်ပြုကြောင်းတွေ့ရသည် ။
ပြီးခဲ့သည့် August လ ၂၂ ရက်နေ့တွင် တစ်ကြိမ် ။ ယနေ့ ၂၇.၈.၂၀၁၃ တွင် ကား ၂ စီးဖြင့် ၂ ကျော့်ပြန်တစ်ကြိမ် ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းကို ကွာလာလမ်ပူသို့ အကြောင်းအမျိုးမျိုးကြောင့်လာရောက် မည့်သူများသိအောင် ရေးသားပေးပါသည် ။
သို့ကြောင့် ကွာလာလမ်ပူသို့လာမည်ဆိုပါက ကျွန်တော်တို့စာမျက်နှာတွင် အဖမ်းအဆီးရှိမရှိကို Mesage ပို့ကာ မေးမြန်းနိုင်ပြီး ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ facebook စာမျက်နှာမှ ဖမ်းဆီးသည်နှင့် ချက်ချင်း ရေးသားတင်ဆက်ပေးမည် ။
www.facebook.com/mmrinmy
မလေးရှားရောက်မြန်မာများ
ပန်းတနော်တွင် မွတ်စလင်တစ်အိမ် ဖျက်ပေး
ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ သီချင်းဖွင့်ရာကနေ
စကားများပြီး မွတ်စလင်အိမ်တအိမ်ကို မွတ်စလင် ဘာသာရေးခေါင်းဆောင်ပိုင်းက ကိုယ့်ဘာသာကိုယ် ဖျက်ပေးလိုက်တယ်လို့ မြို့ခံတွေ ပြောပါတယ်။
ဩဂုတ် ၂၆ ရက် မနက်ပိုင်းက ပန်းတနော်မြို့ ကွက်သစ်ရပ် ရေလဲလမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင် ဦးကာစင်ရဲ့ နေအိမ်မှာ ကုလားသီချင်းဖွင့်သလို အနားက ဗုဒ္ဓဘာသာအလှူက ဗမာသီချင်း အပြိုင်ဖွင့်ကြရာက အချင်းများကြတာလို့ မြို့ခံတွေက ပြောပါတယ်။
ဒီနောက် ဒီအချင်းများမှုကနေ လူများလာပြီး တခြားနေရာတွေကိုပါ ကူးစက်မှာစိုးတဲ့အတွက် မြို့ခံမွတ်စလင်ဘာသာရေးခေါင်းဆောင်တွေက ဦးကာစင်ရဲ့အိမ်ကို ဖျက်ပေးလိုက်တယ်လို့ ပန်းတနော်မြို့ခံတွေက ပြောပြပါတယ်။
ပန်းတနော်မြို့က အမတ်ဟောင်း ဦးမန်းညွန့်သိန်းက “အနောက်ပိုင်း ကွက်သစ်မှာဖြစ်တာ။ အဲဒီလမ်းထဲမှာ စတုဒီသာကျွေးတယ်ဆိုလား။ မွတ်စလင် အိမ်တအိမ်ကလည်း ကုလားသီချင်းတွေ ဖွင့်တယ်ပေါ့။ အဲဒီကနေ ချိတ်ပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်လို့တော့ ကြားတာပဲ။ နောက်တော့ အဲဒီ မွတ်စလင်အိမ်ကို ဖျက်ပြီးတော့ ရွှေ့လိုက်တယ်ပေါ့။ ဗုဒ္ဓဘာသာဘက်က ဖျက်တာတော့ မဟုတ်ဘူး ထင်ပါတယ်။ သူတို့ဟာ သူတို့ပဲ ပြဿနာ မဖြစ်ရအောင်ပေါ့လေ။ နောက်ကွယ်မှာ မသင်္ကာစရာတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။
ဦးကာစင်ရဲ့နေအိမ်ကို ဖျက်ပြီးတဲ့နောက် ဦးကာစင်လည်း ပန်းတနော်မှာ မနေတော့ပဲ ရန်ကုန်ဘက်ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သလဲလို့ မေးမြန်းဖို့ မြို့နယ်ရဲစခန်းနဲ့ အုပ်ချုပ်ရေးပိုင်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် မရသေးပါဘူး။
ပန်းတနော်မြို့မှာ ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၁ လလောက်က ပျံ့လွင့်နေတဲ့ ကောလာဟလကို တဆင့်တိုးဖြစ်ပွားခဲ့တာပါ။
လွန်ခဲတဲ့ ၁ လလောက်က ပန်းတနော်မြို့နယ် ဇယားလားကြီးအုပ်စု အပိုင်မှာ ဗုဒ္ဓဘာသာ အမျိုးသမီးငယ်တဦး သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှု မတိုင်ခင်မှာ အဲဒီအမျိုးသမီးငယ်ဟာ မွတ်စလင်တဦး နေအိမ်မှာ အလုပ်လုပ်နေသူဖြစ်ပြီး သူ့နေအိမ်မှာပဲ သေဆုံးခဲ့တာပါ။
မသဂြုင်္ိဟ်ခင်မှာ ကိုယ်ဝန်နဲ့ သေဆုံးတာဖြစ်နိုင်တယ်လို့ စွပ်စွဲမှု ထွက်ပေါ်လာပြီး ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ချက်ရယူခဲ့တယ်လို့ ဦးမန်းညွန့်သိန်းက ပြောပါတယ်။ ဆေးရုံဆေးစစ်ချက်က ဘယ်လိုမှန်းမသိပေမယ့် အပြင်မှာ ကိုယ်ဝန်နဲ့ သေဆုံးတယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတယ်လို့ သူက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးငယ်ဟာ ဇလားယားကြီးအုပ်စု စံကျကျေးရွာကဖြစ်ပြီး ရုံးတင်တရားစွဲဆို ခံရသူကတော့ သဲဂူကျေးရွာက ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပန်းတနော်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နေမင်းမျိုးထွန်းကို မေးမြန်းတဲ့အခါ သူတို့ကျန်းမာရေးဌာနက ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ ကိစ္စ အပြင်ကို ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ပြောပါတယ်။
“ကျနော်တို့ အဲဒါနဲ့ပတ်သက်ပြီး ဆေးစစ်ချက်အကုန်လုံး လုပ်ရမယ့် လုပ်ငန်းစဉ်အကုန်လုံး လုပ်ပြီးခဲ့တော့ ဆက်လက်လုပ်ရမယ့် ဟာလေးတွေကို သူ့ဌာနသူ အကုန်လုံး ပေးပို့ပြီးပါပြီ။ ဆက်လုပ်ရမယ့် လုပ်ငန်းစဉ် တရားရုံးကို ဆက်ပြီးတင်ရမယ့်ဟာမျိုးတွေတို့၊ ကျန်တဲ့လုပ်ငန်းစဉ်တွေ အကုန်လုံးကတော့ ဆက်ပြီးသွားနေပါတယ်။ ကျနော့်တို့ ဌာနအနေနဲ့ အပြင်ကို ထုတ်ပြောတာမျိုး မရှိပါဘူးခင်ဗျ။
“ကျန်းမာရေးဌာနနဲ့ ဆေးရုံးကတော့ ရောက်လာတဲ့လူနာ (သို့) အလောင်းကို ဆေးရုံကလုပ်ရမယ့် လုပ်ငန်းစဉ်အတိုင်းပဲ လုပ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ သတင်းတွေအရတော့ ကျနော်တို့ ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းအနေနဲ့တော့ တိုက်ရိုက်ဖြေရှင်းလို့ မရပါဘူ။ ဒါက သက်ဆိုင်ရာ ဌာနတွေက ဖြေရှင်းရမှာပါ။ အပြင်သတင်းတွေနဲ့ ပတ်သက်လို့ ဘာမှ မှတ်ချက်ပေးလို့ မရပါဘူး” လို့ ပြောပါတယ်။
လူသေမှုနဲ့ စွပ်စွဲဖမ်းဆီးထားသူ မွတ်စလင်အမျိုးသားကို လာမယ့် ဩဂုတ် ၂၉ ရက်နေ့ ပန်းတနော်တရားရုံးမှာ ရုံးထုတ်ဖို့ ရှိပြီး အဲဒီနေ့မှာ ကျေးရွာတွေက လယ်သမားတွေရဲ့ အမှုရုံးချိန်းတွေလည်း ရှိပြီး ပန်းတနော်မြို့မှာ လူစုံမယ့်သဘောရှိနေတာကြောင့် အေးအေးချမ်းချမ်းဖြစ်အောင် တတ်နိုင်သလောက် ထိန်းသိမ်းပြောဆိုနေတယ်လို့ ဦးမန်းညွန့်သိန်းက ပြောပါတယ်။
“ကျနော်တို့ကတော့ လူထုကိုထိန်းတာပေါ့လေ။ ဒီလိုဟာတွေ မဖြစ်ဖို့။ နောက်ကွယ်က လက်မည်းကြီးတွေ ရှိတယ်ဆိုတာ အရပ်စကားနဲ့တော့ ပြောရတာပေါ့ဗျာ။ ဒါ ထိုက်သလောက် နားလည်တဲ့သူလည်းရှိပါတယ်။ နားမလည်တဲ့ အစွန်းရောက်တွေလည်းရှိတာပဲ” လို့ ပြောပါတယ်။
by အေးနိုင် (ဒီဗွီဘီ)

Sunday, August 25, 2013
မိုဘိုင်းလ် ဆင်းမ်ကတ်များကို အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချသွားမည်
နေပြည်တော်၊ သြဂုတ် ၂၃
အခြေခံအဆောက်အဦးများ တည်ဆောက်ပြီးစီးပါက
လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထားပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။
သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး ယင်းအတိုင်းသာ ဆက်လက် ဖြန့်ချိမည် ဖြစ်ကြောင်း ဦးသောင်းတင်က ထပ်လောင်းပြောကြားသည်။
“ဒီလိုရောင်းတာ ဘယ်အချိန်အထိ ရောင်းမှာလဲဆို မလိုချင်တော့တဲ့ အချိန်အထိ ရောင်းသွားမှာပါ” ဟု ဦးသောင်းတင်က ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့်သာ ဖြန့်ချိနေခြင်းကြောင့် သမ္မတဦးသိန်းစိန် သတ်မှတ်ပေးသည့် ၁၅၀၀ ကျပ် ဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အဆတစ်ရာနီးပါး ကွာဟနေကြောင်း ဖုန်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
မိုဘိုင်းလ် ဆင်းမ်ကတ်များ ပြင်ပဈေးနှုန်း မြင့်မားနေခြင်း၊ အရေအတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်ခြင်းတို့မှာ စနစ်သစ်တစ်ခုသို့ ကူးပြောင်းနေခြင်းကြောင့်ဖြစ်ပြီး အချိန်အနည်းငယ် သည်းခံစောင့်ဆိုင်းပေးရန် ဦးသောင်းတင်က တိုက်တွန်း ပြောကြားသည်။
ကျပ် ၁၅၀၀ တန် CDMA ဆင်းမ်ကတ်များမှာ ပြင်ပပေါက်ဈေး ကျပ်ရှစ်သောင်း ဝန်းကျင်ရှိပြီး ၁၅၀၀ တန် GSM ဆင်းမ်ကတ်များမှာမူ တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ဖုန်းဆင်းမ်ကတ် အရောင်းအဝယ် ပြုလုပ်နေသူများက ဆိုသည်။
လစဉ် မိုဘိုင်းလ် ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မဲစနစ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ပြီး လိုအပ်သည့် ဆက်သွယ်ရေးစခန်းများ တည်ဆောက်တပ်ဆင်ပြီးပါက အကန့်အသတ်မရှိ ရောင်းချပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကြေညာထားသည်။
The Voice Weekly

အခြေခံအဆောက်အဦးများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထားပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

Subscribe to:
Posts (Atom)