Social Icons

Pages

Saturday, September 21, 2013

မြစ်ရေကြီးခြင်းကြောင့် လူနေအိမ်များနစ်မြုပ်

21.9.13
ရွှေခဲရွာ၏ ရေလွှမ်းမိုးနေပုံ


ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲရွာတွင် လူနေအိမ်များ နစ်မြုပ်လျှက်ရှိပြီး သွားလာမှုများ အခက်အခဲများကြုံတွေ့နေရပါသည်။

မြစ်ရေကြီးခြင်းကြောင့် လူနေအိမ်များနစ်မြုပ်

21.9.13
ရွှေခဲရွာ၏ ရေလွှမ်းမိုးနေပုံ

Thursday, September 19, 2013

မြစ်ရေကြီးခြင်းကြောင့် လူနေအိမ်များနစ်မြုပ်

သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲရွာ၏ ရေလွှမ်းမိုးနေပုံ

Monday, September 16, 2013

ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံကို ၂၀၁၅ မတိုင်မီ ဆောင်ရွက်မည်

ပည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ကျန်းမာရေး အာမခံ ပေါ်ပေါက်ရန်အတွက် ယခုအခါ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ကျန်းမာရေး အာမခံနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။


ယင်းအာမခံ အမျိုးအစားသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်း မရှိသေးသည့် အာမခံ အမျိုးအစားဖြစ်ကာ လက်ရှိတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်သည့် မြွေအန္တရာယ် အာမခံ အမျိုးအစားသာ ရှိသေးကြောင်း ၎င်းကဆိုသည်။
"ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို  သုတေသန ပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ်။ ဒီအာမခံ ပေါ်ပေါက်လာဖို့အတွက် စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက် နေပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
ကျန်းမာရေး အာမခံ အမျိုးအစားကို လုပ်တဲ့အခါမှာ အမျိုးအစား အချက်အလက်တွေကို  သုတေသန ပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲ အနည်းငယ် ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ လူမှုစီးပွားရေး ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ ပမာဏမျိုးဖြစ်အောင် စဉ်းစားရမယ် . . . .
ကျန်းမာရေး အာမခံ ပေါ်ပေါက်လာရန်အတွက် ကျန်းမာရေး ၀န်ကြီးဌာန၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ၊ ဆေးရုံ၊ ဆေးခန်း စသည်တို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကာ ၂၀၁၅ အမီ ပေါ်ပေါက်လာစေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"လူလတ်တန်းစားတွေအတွက် ကျန်းမာရေးနဲ့ အသက်အာမခံက ဈေးကွက်ဖွံ့ဖြိုးဖို့ အဓိကကျတဲ့ အာမခံနှစ်ခုပါ။ အဲဒါက အရင်ဖွံ့ဖြိုးလာရင် ကျန်တဲ့အာမခံ ဈေးကွက်ကပါ ပိုရင့်ကျက်လာမှာ ဖြစ်ပါတယ်" ဟု ဟောင်ကောင်အခြေစိုက် Manulife အသက်အာမခံ ကုမ္ပဏီ၏ senior vice president & regional executive Mr. Indren Naidoo က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံနှင့် ပတ်သက်၍ မြွေအန္တရာယ် အာမခံ အမျိုးအစားကိုသာ ရောင်းချပေးလျက်ရှိပြီး မြွေကိုက်၍ သေဆုံးပါက လျော်ကြေးငါးသိန်းကျပ် ပေးလျော်ကြောင်း သိရသည်။
မြွေအန္တရာယ် အာမခံထားရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ထားရှိသူဦးရေ ၂၂၀၀၀၀ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂၃၀၀၀၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်း၏ နှစ်ချုပ်စာရင်းမှ သိရသည်။

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားနေစဉ်
တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါဝင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း
   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။
စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင်
သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးက "တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီဆိုတာ မပါဘူး။ တရုတ်ဆိုတာ မပါဘူး။ ပါကစ္စတန်ဆိုတာ မပါဘူး။ မပါတဲ့ လူတွေအားလုံးကို အခြားဆိုတဲ့ နေရာမှာ ထည့်သွင်းကောက်ယူသွားမယ်။ ၁၃၅ မျိုးထဲမှာ မပါရင် တိုင်းရင်းသား မဟုတ်ဘူး" ဟု ပြောကြားသည်။
ဆက်လက်၍ ၀န်ကြီးက လက်ရှိတွင် နိုင်ငံသားကတ် ကိုင်ဆောင်ထားသော တရုတ်၊ ဘင်္ဂါလီများနှင့် ပက်သက်၍ "နိုင်ငံသားဆိုတာ နိုင်ငံသားဖြစ်နေတာကို အသိအမှတ်ပြုတာ။ နိုင်ငံသားက နှစ်မျိုးရှိတယ်။ မွေးရာပါ နိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားဆိုပြီး ရှိတယ်။ မွေးရာပါ နိုင်ငံသားကို ဘယ်သူမှ ချေဖျက်လို့ မရဘူး။ တချို့က မွေးရာပါနိုင်ငံသား မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ အချက်နဲ့ ညီတယ်။ သူလည်း နိုင်ငံသားဖြစ်ခွင့် ရှိတယ်။ အဲဒါသည် ဥပဒေအရ နိုင်ငံသားပါ။ တရုတ်၊ ကုလားလည်း ဖြစ်နိုင်တာပေါ့" ဟု ပြောကြားသည်။
ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံသားကတ် ကိုင်ဆောင်ထားခြင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားသည်။
"သန်းခေါင်စာရင်း ကောက်ယူရေးဟာ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး ဘာနဲ့မှမဆိုင်ဘူး။ တိုင်းရင်းသားလူမျိုး ၁၃၅ လူမျိုးထဲ မပါရင် တခြားထဲမှာ ပါမယ်။ လူမျိုးပျောက် မသွားဘူး" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရေးအတွက် Third Party အဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများက ကြားခံပြီး ပြောဆိုမှုများ ပြုလုပ်နေကြောင်းနှင့် UNFPA ၏ အကူအညီဖြင့်လည်း ဆောင်ရွက်နေကြောင်း ၀န်ကြီးက ထပ်မံပြောကြားသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက် ညသန်းခေါင်အချိန်မှစ၍ ဧပြီ ၁၄ ရက်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပွဲ သတင်းဆိုဒ်များ