Social Icons

Pages

Saturday, September 28, 2013

သင့်ဖုန်းကို ပေါ့ပါးပြီး ဘက်ထရီကြာရှည်ခံချင်ရင်

မိတ်ဆွေများခင်ဗျား..
မိတ်ဆွေတို့ကိုင်တဲ့ ဖုန်းလေးကိုပေါ့ပါးပြီး ကြာရှည်ခံချင်ရင်  DX toolbox လေးကိုသုံးကြည့်ပါလား?
ကျွန်တော်တင်ပေးထားတဲ့ App ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်တင်ပေးတာပဲဖြစ်ဖြစ်/ သူများဆီကCopy ယူတာပဲဖြစ်ဖြစ် ကိုယ်ကိုတိုင်စမ်းကြည့်ပြီးမှ တင်ပေးတာပါ..ပုံလေးကိုကြည့်ပါ..



လိုချင်ရင်အောက်က Dropbox မှာတင်ပေးထားပါတယ်/
 Dropbox

တော့တီးတော့တ အရွယ် လေ့ကျင်းပေးခြင်း (ကလေးငယ်များ)

နှစ်နှစ်နှင့် သုံးနှစ်ကြား မိတ်ဆက်ပေးနိုင်သော တခြား မိမိကိုယ်မိမိ ဂရုတစိုက် စောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများမှာ-

→စားသောက်ပြီးချိန်၌ လက်နှင့်မျက်နှာကို ဆေးကြော၍ စင်အောင်သုတ်ခြင်း
→ချောင်းဆိုးသည့်အခါ (သို့မဟုတ်) နှာချေသည့်အခါ နှပ်ညှစ်ခြင်းနှင့် ပါးစပ်ပိတ်ထားခြင်း
→သွားတိုက်ခြင်း (ခြောက်နှစ်၊ ခုနှစ်နှစ်ရွယ်ရောက်သည်အထိ ကူညီဖို့လိုနေဆဲပင် ဖြစ်သော်လည်း)
→ဖိနပ်သဲကြိုးချည်ခြင်း
→ခေါင်းဖြီးခြင်း သို့မဟုတ် ဆံပင်သပ်ခြင်း
→အရုပ်များသိမ်းဆည်းခြင်း
ဤစွမ်းရည်များသည် ကျယ်ပြောသော ကမ္ဘာလောကကြီးအထဲသို့ ၀င်ရောက်ရေးတွင် အသေးအဖွဲဖြစ်ပုံရသော်လည်း ယင်းတို့မှာ တစ်ခုအပေါ်တစ်ခု မှီခိုတည်ဆောက် ဖွံ့ဖြိုးလာသော လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများပင် ဖြစ်သည်။ကလေးတို့ကြီးပြင်းလာသည်နှင့်အမျှ ပိုမိုသိမ်မွေ့သော လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် သူတို့ငယ်စဉ် အစောပိုင်းအရွယ်ကတည်းက သည်လိုအခြေခံများတည်ဆောက်ရေးအတွက် မိဘတို့က စစ်ကူပေးရန်လိုအပ်လှပါသည်။

Friday, September 27, 2013

Window XP ကိုမြန်ဆန်စေသောနည်းလမ်း

Window XP ရဲ့ လျှို့ဝှက်ချက် (40)  ချက်ထဲမှ Start menu ကိုမြန်ဆန်စေသောနည်းလမ်းလေးကိုပြောပြပါ့မယ်.
အရင်ဆုံး Start- Run Box ဖွင့်ပြီး Regedit ရိုက်/ ဘယ်ဘက်panel မှာ “HEYCURRENTUSER” ကို ကလစ်နှိပ်/ -အဲဒီအထဲက “control panel” ထပ်ရွေး-အဲဒီအထဲမှ Desktop ကိုရွေး/ ညာအကွက်မှာ
”Menushowdelay”ကိုညာကလစ်နှိပ်/ Modify ကိုရွေး----Value မှာ “0” လို့ထား- Restart လုပ်...ကဲရှင်းပြီလား?
လိုင်းကလဲမကောင်း...ကိုယ်ကလဲသိပ်မတတ်နဲ့  ကြာကလဲကြာ..ပိုက်ဆံတေါလဲကုန်လှပြီ/ ပိုက်ဆံများများရတဲ့နေ့ကြမှ ကျန်တဲ့အချက်တွေထပ်ရေးတော့မယ်...

မြန်မာ APK များ ရှိတဲ့နေရာလေးတစ်ခု

မိတ်ဆွေများခင်ဗျား ..မြန်မာAPK များရှိတဲ့နေရာလေးကိုညွှန်ပေးချင်ပါတယ်..
အဲဒီမှာ APK လေးတွေကိုမြန်မာလိုရေးပေးထားတော့ မသိသေးတဲ့သူတွေဆိုရင် အဆင်ပြေပါတယ်ဗျာ။
ကျန်းမာရေးနဲ့ပတ်သက်တာ၊ ပရိတ်၊ ဖုန်းနဲ့ပတ်သက်တာ..စသည်ဖြင့်ပေါ့ဗျာ...တော်ပြီ/မပြောတော့ဘူး...
ကိုယ်ဘာသာသွားကြည့်တော့။ဒီနေရာကနေ...သွားပေတော့ဗျာ..

Thursday, September 26, 2013

မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စုနေ ဆင်းရဲနွမ်းပါးသော ရွာသူ/ရွာသားများအား ဆန်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် မြစ်ရေကြီးမှုကြောင့် လူအများ စားဝတ်နေရေးများ ကျပ်တည်းခဲ့ရပါသည်။ မြစ်ရေကြီးမှုကြောင့် လူအများဒုက္ခရောက်နေချိန်တွင် ပဲခူးတိုင်းဒေသကြီး၊
မင်းလှမြို့မှ ပရဟိတလူငယ်များအသင်း မှ ဆန် အိတ်(50)၊ မားမားခေါက်ဆွဲထုပ်များ၊ ကြက်သွန်များ၊ ဆီများ၊ လက်ဘက်ခြောက်များ (25.9.2013) ရက်နှင့် (26.9.2013) ရက်နေ့များတွင် လှူဒါန်းခဲ့ကြပါသည်။ထိုသို့လှူဒါန်းခဲ့ရာတွင် မဟာရွှေခဲကျောင်းတိုက်ဆရာတော်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဆယ်အိမ်မှူး၊ ယာယီမှူးများ မှလိုက်ပါကူညီဆောင်ရွက်ခဲ့ကြပါသည်။

Wednesday, September 25, 2013

မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် ရေးလွှမ်းမိုးနေချိန် မရှိဆင်းရဲသားများအား ဆန်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် မြစ်ရေကြီးမှုကြောင့် ဆင်းရဲနွမ်းပါးသောရွာသူ/ရွာသားများအား ရွှေခဲကျေးရွာမှ ပြည်သူတစ်ဦးနှင့်မိုးညိုမြို့နယ်၊  ပြည်ခိုင်ဖြိုးပါတီမှ
(23.9.2013)နှင့်(24.9.2013)ရက်နေ့များတွင်   ဆန်များ လှူဒါန်းခဲ့ကြပါသည်။
ကောင်းသူရ

မိုးညိုမြို့နယ် ကျေးရွာပေါင်း ၁၅၀ ရေနစ်မြုပ်၊ အကူညီလိုအပ်

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅၀ လောက် ရေနစ်မြုပ်နေပြီး အကူညီတွေ လိုအပ်နေပါတယ်။

ပဲခူးတိုင်း ဒေသကြီးမိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅ အုပ်စု ကျေးရွာပေါင်း ၁၅၀ လောက် ရေးဘေးကြုံတွေ့နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မိုးညိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာယာဝတီခရိုင် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက
“တချို့တွေက ခေါင်တွေမြုပ်ပြီးတော့ နွားတွေကိုလည်း တာပေါ်တွေမှာ တင်ထားရတယ်။ မိုးညိုမြို့နယ် ဧရာဝတီမြစ်ကမ်းတလျှောက် ရွာတွေမှာ အခုချိန်ထိကြီးနေတုန်းပဲ။ မြစ်ရေကတော့ နည်းနည်း ပြန်ကျသွားပြီ။ တောင်ပေါ်ရေကခံနေတော့ ရေက ရှိနေတုန်းပဲ။ တပတ်လောက်ရှိပြီ။ စားဝတ်နေရေး အတော်အခက်ခဲဖြစ်တယ်။”

မိုးညိုမြို့နယ် ဆင်မနိုင်ဇုန် ဆင်ကောင်းကျေးရွာအုပ်စုမှာနေထိုင်တဲ့ လယ်သမားတဦးကတော့ ဒီနှစ်ရေကြီးတာဟာ ၁၀ နှစ်အတွင်း အဆိုးဆုံးဖြစ်ပြီး ရွာတွေ၊ လယ်နဲ့ တခြားစိုက်ပျိုးမြေတွေ ရေနစ်မြုပ်မှု အခြအနေနဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“ရေဘေးသင့် ဒုက္ခသည်တွေဆို တောင်ပေါ်တွေမှာ တင်ထားတယ်။ တော်တော်လေးတော့ အတိဒုက္ခရောက်နေကြတယ်။ တချို့ရွာတွေဆိုရင် ရေကလူတရပ် နက်တယ်။ အိမ်တွေဆိုရင် ရေမြုပ်တယ်။ တချို့အိမ်သေးသေးလေးတွေဆိုရင် ၀ါးအိမ်လေးတွေဆိုရင် အိမ်ခေါင်ထိမြုပ်တဲ့ အိမ်လေးတွေရှိတယ်။ လယ်ကတော့ စိုက်ဧက ၇၀၀ လောက်ပျက်စီးတယ်။ ဆောင်းသီးနှံ ပဲက ဧက ၂၀၀ လောက် မြုပ်တယ်ပေါ့။ ရေဘေးသင့် အိမ်ထောင်စုပေါင်း ကျနော်တို့ ဆင်မ အုပ်စုဆိုရင် ၃၅၀ လောက် အတိဒုက္ခရောက်ခဲ့တယ်။”

စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းက မြစ်ရေပြန်ကျသွားပေမယ့် ကျေးရွာတွေမှာ တင်နေတဲ့ရေက တော့ မကျနိုင်သေးဘဲဖြစ်နေပြီး ရေကြီးမှုကြောင့် ပျက်စီး သွားတဲ့ စိုက်ဧကတွေ ပြန်စိုက်ဖို့ အချိန်မမှီတော့တဲ့ အတွက် လာမယ့်စိုက်ပျိုးရာသီမှာ အခက်အခဲဖြစ်နိုင် တယ်လို့ လယ်သမားတွေက ပြောပါတယ်။
ဒီလို မိုးညိုမြို့နယ်အတွင်းကြုံတွေ့နေရတဲ့ ရေဘေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ကနေပြီး ကျပ်ငွေ ၂၅ သိန်း လှူဒါန်းထားပါတယ်။

ဒီအလှူငွေဟာ ဒေသခံတွေအတွက် စားသောက်ရေးအတွက်သာ ကူညီနိုင်မှာဖြစ်ပြီး ကျန်နေတဲ့ တခြားလိုပါချက်တွေကို ဖြည့်စွက်ပေးနိုင်မှာ မဟုတ်ဘူးလို့ မိုးညိုမြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာယာဝတီခရိုင် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

“စားဝတ်နေရေး တော်တော်လေးကို ကျပ်တည်းတာဗျာ။ ကျနော်လည်း တော်တော်လေး စိတ်မကောင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် အနည်းဆုံး မိသားစု တအိမ်ထောင်ကို ဆန်တစိပ်၊ ရှစ်ပြည်လောက်တော့ ပေးသင့်တာပေါ့လေ။ ကျနော်တို့ အနည်းဆုံးပေါ့။ အခုဟာက ကျနော်တို့ နှစ်ပြည်နှုန်းတောင်မှ ကျနော်တို့က ဘယ်လိုမှ လုံလုံလောက်လောက်မပေးနိုင်ဘူး ဖြစ်နေတော့ စိတ်မကောင်းစရာပေါ့လေ။ စိတ်မကောင်းတာကလွဲလို့ အခြားဘာမှ ကျနော်တို့ လုပ်ပေးလို့ မရတော့ဘူး ဖြစ်သွားတာပေါ့။”

အခုလဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်တော်တော်များများမှာ ရေကြီးရေ လျှံမှုတွေ ဖြစ်ပွားနေတာပါ။

by နော်နိုရင်း (ဒီဗွီဘီ)

မိမိဘလော့ မြန်မြန်လေးပွင့်သွားအောင်လုပ်ချင်ရင်

ကျွန်တော်လျှောက်လည်ရင်း “ဘလော့ခရီးသည်” မှာတွေ့လို့ပြန်လည်မျှဝေလိုက်ရပါတယ်



အခုဟာကတော့ဘာ Codeမှ မဟုတ်ပါဘူး၊ဒါပေမဲ့ဘလော့မိတ်ဆွေအားလုံးအတွက်
အရမ်းကိုအသုံးဝင်ပါတယ်၊မိမိရဲ့ဘလော့ကဖွင့်ရတာအရမ်းကြာရင်၊ လာဖတ်တဲ့
ဘလော့သူငယ်ချင်းတွေကိုအားနားစရာကောင်းပါတယ်။ဒါကြောင့်မိမိရဲ့ဘလော့
ကိုလာလည်ကြတဲ့မိတ်ဆွေတွေအတွက်မြန်မြန်လေးပွင့်သွားအောင်ပေါ့နော်
အောက်မှာသွားရမယ့် ဝက်ဘ်ဆိုက် လင့်ခ် ၃ ခုပေးထားပါတယ်
မိမိကြိုက်တဲ့လင့်ခ်ထဲဝင်လို့ရပါတယ်။
URL-နေရာတွေမှာမိမိရဲ့ဘလော့လင့်ခ်ေ၇းထည့်လိုက်ရုံပါဘဲ၊၊၊၊၊၊
ဘာမှ Sign up လုပ်စရာမလိုပါဘူး,,,



(၁)



(၂)


(၃)



မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေခြင်ပါတယ်၊

Tuesday, September 24, 2013

အသည်းရောင် အသားဝါ B ပိုး ကာကွယ်ရေး

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ B ပိုး ကူးစက်ခံထားရပြီး၊ နောက်ဆက်တွဲ ပြင်းထန်တဲ့ နာတာရှည်ရောဂါတွေဖြစ်သော အသည်းကင်ဆာ၊ အသည်းခြောက်သည့်ရောဂါနှင့်

အသည်းရောင်၊ အသားဝါ B ပိုးဟာ ဖြစ်နှုန်းများလွန်းနေပါသည်။အသည်းရောင်၊ အသားဝါ B ပိုးရောဂါအား အလွယ်တကူ ကာကွယ်ဆေးထိုးပြီး ကာကွယ်ကုသနိုင်ပါသည်။ထို့ပြင် B ပိုးရှိနေပြီးရင်လည်း
 ငွေကုန်ကြေးကျ မများဘဲ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ သို့သော် B ပိုးရှိနေစဉ်
 ရောဂါလက္ခဏာမပြဘဲ၊ ရောဂါပြင်းထန်လွန်းသည့် အဆင့်ရောက်မှ အသိနောက်ကျလျှင် ကုသရမလွယ်ကူပါ။ ထို့ကြောင့် ရောဂါရှိမရှိ ကြိုသိရှိဖို့ ဖြစ်နှုန်းများလွန်းတဲ့ မြန်မာနိုင်ငံတွင် လူတိုင်း B ပိုး ရှိမရှိကို ဆေးစစ်ကြည့်ကြဖို့ အလွန်အရေးကြီးပါကြောင်း..တိုက်တွန်းလိုက်ရပါသည်။

ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာနှင့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင် သေဆုံးနေမှုကို မဂင်္လာတောင်ညွှန့် ရဲက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိသည်။
ဖြစ်စဉ်တွင် ကန်တော်ကြီးပတ်လမ်း ရှန်ဂရီလာ ဆောက်လုပ်ရေးဝန်းရှေ့တွင် အမျိုးသားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြသည်။

အသေးစိတ် စစ်ဆေးရာတွင် သေဆုံး သူသည် အမည်မသိ၊ နေရပ်လိပ်စာ မသိ (စုံစမ်းဆဲ) အသက် (၄၀)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး အဝတ်ဗလာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

သေဆုံးသူသည် ဦးခေါင်း ဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ၊ ယနားထင်ညိုမဲ၊ လည်ပင်းဝဲဘက်နှင့် ရင်ဘက်ပွင့်ထွက် ဒဏ်ရာ၊ ယာဒူးခေါင်း ပေါက်ပြဲ၊ ဝှေးစေ့ စုတ်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မော်တော်ယာဉ်တစ်စီးစီးက တိုက်မိ၍ ဒဏ်ရာရရှိကာ သေဆုံးခြင်းဖြစ်သည်ဟု ယူဆသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စု ၂၈ မှ ရဲအုပ် မျိုးဆွေဦးက စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ) ၄၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့သည်။

ယာဉ်မောင်းဖြစ်သူအား ပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် တရားစွဲတင်နိုင်ရန် စုံစမ်းရှာဖွေ လျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

စပ်ဆေးများသတိပြုစရာ

ကျွန်တော်တို့ နိုင်ငံမှာရှိကြသော ကျန်းမာရေးအသိပညာ သိပ်မရှိသေးသူများစပ်ဆေးများ သတိထားသောက်ကြစေချင်ပါတယ်ခင်ဗျာ..။ဆေးဝါးများကို ဆေးအရောင်းဆိုင်များတွင် လွယ်ကူစွာ
ဝယ်ယူ၍ ရသည်မှာ ကောင်းမွန်သော်လည်း မကောင်းသောအချက်များလည်းကြုံတွေ့နေကြရပါသည်။
 ဆေးဆိုင်များတွင် မိမိရောဂါဖြစ်သည်ကို ပြောပြီး ၀ယ်ယူသောက်သုံးသူများအနေဖြင့် မိမိကိုယ်တိုင် ၀ယ်ယူသောက်သုံးမှုများ မပြုကြပါရန် တိုက်တွန်းချင်ပါသည်။အဘယ်ကြောင့်ဆိုသော် ဆေးဆိုင်မှဆေး ရောင်းသူများသည် ဆေးဝါးများအား အတော်အတန် နားလည်မှုရှိကြသော်လည်း တစ်ချို့မှာ ဆေးဝါးများအကြောင်းနားမလည် မကျွမ်းကျင်ကြပါ။
ဆေးဆိုင်များတွင် စပ်ဆေး ဟုခေါ်သောအကိုက်အခဲပျောက်ဆေးများအားလုံးဝမသောက်ကြ
ပါရန်တိုက်တွန်းအပ်ပါသည်။ စပ်ဆေးများတွင် Dexa (ဒက်ဆာ)+Diclofenace50mg(ဒိုင်ကလိုဖင်းန်)+
Paracetamol(ပါရာစီတမောလ်)+Pheny(ဖီနိုင်း=အ၀ါလုံး)စသောဆေးများပေါင်းစပ်၍ ရောင်းချနေကြပါသည်။
ထိုဆေးများ အားလုံးသည် ပါရာစီတမောလ်မှ လွဲ၍ အစာအိမ်အား ထိခိုက်စေသောဆေးများဖြစ်ကြသည်။
အချို့ဆိုလျှင် အစာအိမ်သွေးကြောပေါက်ခြင်း၊ အစာအိမ်ပေါက်ခြင်းများအထိဖြစ်ကြရသည်။
ဆေးဆိုင်များအနေဖြင့်လည်း မရောင်းချကြပါရန် တိုက်တွန်းချင်ပါသည်။ပြည်သူများအနေဖြင့်လည်း ကိုယ် လက် ကိုက်ခဲလျှင် ဒီကိုဂျင်၊ ပါရာစီတမော့လ်များကိုသာ သောက်သုံကြပြီး မသက်သာလျှင် နီးစပ်ရာဆရာဝန်နှင့် ပြသကြပါရန် တိုက်တွန်းလိုက်ရပါသည် ခင်ဗျာ....။
Kaungthura